🌿မောင့် ရင်ထဲက နွယ်🌿
Part-1"မိနွယ်သာကီ... အခုချက်ခြင်းအိမ်ပေါ်ပြန်တတ်စမ်း..."
"ဟင့်အင်း... နွယ် တောင်းပန်ပါတယ်၊ နွယ့်ကို မောင်နဲ့တွေ့ခွင့်ပေးပါ...
နွယ် တောင်းပန်ပါတယ် ကိုကိုကြီးရယ်၊
မာမီ နွယ်လေ မောင်နဲ့ခဏလေးပဲတွေ့မှာပါနော် နွယ့်ကိုတွေ့ခွင့်ပေးပါ"
"မောင့်(မောင် ဆိုသောအမျိုးသမီး)ကိုချစ်မိတာ အပြစ်လား မာမီရယ်"
"မြိုင်စံပါယ်" စံအိမ်ကြီးထဲမှာတော့ နွယ်တစ်ယောက် မောင်ဆိုတဲ့
အညတရပန်းလေးကိုတွေ့ရဖို့ မျက်ရည်တွေသွန်းချပြီး ဒူးထောက်တောင်းပန်နေပေမဲ့ နွယ့် မျက်ရည်တွေကို
တစ်ဦးတစ်ယောက်ကမှ သနားစိတ်ဝင်ပုံလဲ မပေါ်။••••••••• လွန်ခဲသောခြောက်လ •••••••••
"တီ......တီ" ....ကျွီး...
"တောက်စ်ကွာ... အိမ်ကထွက်လာကတည်းက ကံကိုမကောင်းတာ"
"ဟို...မင်းဘာဖြစ်သွားသေးလဲ၊မင်းကို တို့ကားနဲ့ တိုက်မိသလိုဖြစ်သွားလို့
တို့မှာတာဝန်ရှိတယ် ရော့..." ဟုပြောရင်း အိတ်ထဲက ထုတ်ပေးလိုက်သော ၁သိန်းတန်တစ်အုပ် ။
"ခင်ဗျား အရာရာကိုငွေနဲ့ဖြေရှင်းလို့ရတယ်လို့ထင်နေတာလား...
ဒီမှာ ကျွန်တော့်ဒဏ်ရာကလည်းသေလောက်တဲ့အထိမဟုတ်ဘူး၊
ခင်ဗျားပိုက်ဆံလည်းမလိုဘူး"
ဟုခပ်မာမာပြန်ဖြေနေသော အမျိုးသမီးငယ် အသက်၂၀မျှသာ ရှိသည်။"အလကားနေ မာန်တတ်ပြနေတယ်၊ ပေးရင်ယူလိုက်တာမဟုတ်ဘူး"
မောင်တစ်ယောက် ခြေထောက်တစ်ချောင်းထော်နဲ့ ထော်နဲ့နဲ့ သွားနေတာကို
နွယ်သာကီ အနောက်ကနေ ကျောပြင်တစ်ဆုံးငေးကြည့်ရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ။"တီ.....တီ" ကားဟွန်းတီးအသံကြောင့်အိမ်ထဲမှအသက်၅၀ ဝန်းကျင်ခြံစောင့်ဦးလေးကြီးတစ်ယောက် ပြေးလာပြီးတံခါးလာဖွင့်ပေးသည်။
"နွယ် ဒီနေ့ပြန်လာတာ စောတယ်နော်၊ နေမကောင်းလို့လား"
"မဟုတ်ပါဘူး ဦးစော၊ နွယ် စောစောဆိုင်သိမ်းပြီးပြန်လာတာပါ"
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...