Part-6

2K 118 6
                                    

🌿မောင့် ရင်ထဲက နွယ်🌿
Part- 6

"ညီမလေး ညီမလေး ထတော့လေ"

"နွယ် ခဏလောက်မှေးချင်သေးတယ် ညကအိပ်မရလို့"

"အင်း...ဒါဆိုခဏမှေးလိုက် ကိုကိုကြီးရုံးသွားတော့မယ်"ပြောရင်း
ဘေးကိုပြန်ကြည့်တော့ တုပ်တုပ်တောင်မလှုပ်ဘဲ အိပ်ပျော်သွားသောနွယ်။

ရဲနောင် နွယ့် နှဖူးလေးနမ်းကာ အောက်ထပ် ပြန်ဆင်းလာခဲ့သည်။

"မောင်ရဲနောင် တစ်ခုခုစားသွားအုံးလေ"

"ကျွန်တော်မစားတော့ဘူး အစည်းအဝေးရှိလို့ ခဏနေရင် ညီမလေးကို သွားနှိုးလိုက်အုံးနော်"

"အင်း အင်း"

"ဒါဆို.... ကျွန်တော်သွားပြီ"
ခဏနေတော့ နွယ် ကမန်းကတန်းပြေးဆင်းလာကာ...

"နွယ် သွားတော့မယ်"

"ဟဲ့ ဟဲ့ အော်...ဒီကလေးတွေနဲ့ ဘာမှလည်းမစားသွားဘူး ခက်ပါလားနော်"

"တီ....တီ" မောင် ကားဟွန်းသံကြောင့် ပျော်သွားသည်။
နွယ် ဆိုတာ သူကြိမ်းသေ သိနေလို့လေ။

"မောင်... လာလေ ကားပေါ်တက် နွယ်လိုက်ပို့မယ်"

"ဟုတ်"
မောင် ကားပေါ်တက်သည်နှင့် နွယ့်ကိုကြည့်ကာ...

"ကြည့်ပါအုံး မောင့်ရဲ့ နွယ်လေးက ချစ်ဖို့ကောင်းလိုက်တာ"
ပြောကာ နွယ့် လက်ကလေးတစ်ဖက်ကိုသူဆုပ်ကိုင်ထားလိုက်သည်။

"မမနွယ် မနေ့က မမနွယ် မလာဘူးနော် မောင် စောင့်နေသေးတယ်"

"ဟုတ်တယ် မောင်ရဲ့၊ နွယ် ကိုကိုကြီးနဲ့ လိုက်သွားနေရလို့လေ"

"မောင်ကတော့ မမနွယ်လာမယ်ဆိုပြီး စောင့်နေရတာ ဟွန့်"

"မောင်ကတော့လေ ကလေးလေးကျနေတာပဲ သိလား"ဟုပြောကာ
မောင့် ကို မျက်စောင်းထိုးလိုက်သည်။

"မမနွယ် မနေ့ကမတွေ့ရတာ မမနွယ်ကို မောင် အရမ်းလွမ်းနေတာသိလား
ညကလည်း အိပ်မရဘူး"

"သွားပါ အပိုတွေ...အခုမှ လာပြောနေတယ်"

"မမနွယ်..."

"ပြောလေ မောင်ရဲ့"

"အရမ်းချစ်တယ်သိလား..."

🌿မောင့် ရင်ထဲက နွယ်🌿Donde viven las historias. Descúbrelo ahora