🌿မောင့် ရင်ထဲက နွယ်🌿
Part 13
____________________________"နွယ်သာကီ...အခုချက်ခြင်းအိမ်ပေါ်ပြန်တက်စမ်း"
"ဟင့်အင်း နွယ်တောင်းပန်ပါတယ် နွယ့်ကို မောင်နဲ့တွေ့ခွင့်ပေးပါ
နွယ်တောင်းပန်ပါတယ် ကိုကိုကြီးရယ်"
"မာမီ နွယ်လေ မောင်နဲ့ခဏလေးပဲတွေ့မှာပါနော် နွယ့်ကိုတွေ့ခွင့်ပေးပါ"
နွယ် ဒူးထောက်တောင်းပန်နေပေမဲ့ဒေါ်ထိပ်ထားခွင့်မပြုချေ။
"နွယ်အခု ဟိုကလေးမလေးထားသွားပြီမလား ဆင်ဆင်ခြင်ခြင်ချစ်လို့မာမီပြောခဲ့သားပဲ "
နွယ် ခေါင်းလေးအားဖွဖွလေးဖွရင်းပြောလိုက်သည်။
"ဟင့် အင်း...နွယ် မောင့်ကိုတွေ့
ချင်တာပဲသိတယ်""သားကြီး နွယ်ကို အခန်းထဲကအပြင်မထွက်စေနဲ့"
"နွယ် တောင်းပန်ပါတယ် ကိုကိုကြီးရယ် နွယ့်ကိုမောင်နဲ့တွေ့ခွင့်ပေးပါ"
ရဲနောင်လည်းဒေါ်ထိပ်ထားရဲ့စကားကိုမလွန်ဆန်နိုင်ခဲ့ပါ။ ။
ညိုလေး အခန်းအပြင်တံခါးဝနားအရောက် မောင်နဲ့ တွေ့လေသည်။
"ညိုလေး ကျေးဇူးပါဟာ... ငါ့ကြောင့်နဲ့နင်ပင်ပန်းနေပြီ"
"ရပါတယ် မောင်ရဲ့ နင်ပြောခဲ့သလို ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေမလား" ညိုလေးထိုစကားအားရင်နာနာနဲ့ပြောလိုက်ခြင်းဖြစ်သည်။
"နင်ပြန်နားရင်နားတော့လေ ညိုလေး"
" အင်း ငါ နောက်နေ့ဆို အိမ်ပြောင်းရတော့မှာ နင့်နဲ့ဒေါ်လေးကိုလည်းလာတွေ့နိုင်မှာမဟုတ်တော့ဘူး ၊နင်ကောင်းကောင်းမွန်မွန်နေနော် ဒေါ်လေးကိုလည်းဂရုစိုက်"
"ဟုတ်ပါပြီ လာ...ဖက်ပါအုံး ငါ့သူငယ်ချင်းလေးကိုဖက်ပြီးနှုတ်ဆက်ပါရစေ"
"ရပါတယ် မောင်... ငါသွားတော့မယ်"
ညိုလေး မောင့် ရှေ့မျက်ရည်ကျမိမှာစိုး၍ပြောလိုက်ခြင်းပင်။ ။"အမေ သက်သာလား အမေလိုတာရှိရင်ပြောလေ သမီးဘာလုပ်ပေးရမလဲ"
"အမေ့သမီးလေးရယ် အမေ့ကြောင့်စိတ်ဆင်းရဲနေရပြီ၊ ညိုလေးပြောပြတယ် နွယ်သာကီဆိုတဲ့ ကောင်မလေးကို သမီးက လက်လွှတ်လိုက်ပြီဆို"
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...