🌿မောင့် ရင်ထဲက နွယ်🌿
Part-5မောင် ကားဘီးလဲပြီးချိန်တွင် မိုးကပိုသည်းလာသည်။
မောင် ကားပေါ်အပြေးတက်ကာ မိုးရေစိုနေသော မျက်နှာတွေကိုလက်ဖြင့် အမြန်သုတ်လိုက်သည်။"လာ... နွယ် သုတ်ပေးမယ်" နွယ်က သူမအိတ်ထဲက ပုဝါလေးထုတ်ကာ မောင်ရဲ့ခေါင်းကို ညင်သာစွာသုတ်ပေးနေသည်။
"ခြောက်အောင်သုတ်မှ နောက်မို့ဆို မင်းအအေးမိပြီး ဖျားလိမ့်မယ်"
ဟုစိုးရိမ်တကြီးပြောလိုက်သော နွယ် ကို မောင်က..."ဘာလဲ မမနွယ်က မောင့်ကို စိုးရိမ်လို့လား" ဟုမေးလိုက်သည်။
"နွယ်က မင်းကိုဘာလို့စိုးရိမ်ရမှာလဲ၊ နွယ့်ကြောင့် မင်းဖျားပြီး အလုပ်ပျက်ရင်မကောင်းဘူးလေ" ရှက်ပြုံးလေးပြုံးကာပြောလိုက်သည်။
မောင် နွယ်ရဲ့ ရှက်နေတဲ့မျက်နှာလေးကို အသည်းတွေယားလာသဖြင့်သူ့ခေါင်းကို ရေသုတ်ပေးနေသော နွယ့် လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"အို...မင်းဘာလုပ်တာလဲ၊ နွယ့်လက်ကိုလွှတ်ပါ" နွယ် အတင်းရုန်းသော်လည်း မောင်က ပို၍ပင် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"မမနွယ်...မောင် မမနွယ်ကိုအရမ်းချစ်တယ်၊မောင့်ကို အခွင့်အရေး
သမားလို့ မထင်ပါနဲ့နော်...မောင် မမနွယ်ကို တကယ်ချစ်တာပါ၊
မမနွယ်ယုံပေးပါ၊မောင်က ဆင်းရဲပေမယ့် မမနွယ်အပေါ်ကိုတော့
မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တာပါ""....."
"မောင်က မမနွယ် ပိုင်ဆိုင်မှုကိုချစ်တာ မဟုတ်ဘူး...မမနွယ်ရဲ့ ဖြစ်တည်မှုတိုင်းကို ချစ်တာ မမနွယ်က အပြစ်ကင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး၊ တခုခုဆိုပွင့်ပွင့်လင်းလင်းပြောတတ်တယ်၊မမနွယ် ကို မောင်ချစ်တယ် မမနွယ်... စိတ်ဆိုးသွားပြီလား ဟင်..."
နွယ် တစ်လုံးမှပြန်မပြောပေ ။ ခေါင်းလေးကိုသာ ငုံ့ထားသည်။
မောင်က အားမလိုအားမရဖြစ်ကာ နွယ့်ခေါင်းလေးကို သူ့မျက်နှာတည့်တည့်သို့ထားကာ နွယ့် မျက်လုံးတွေကိုစိုက်ကြည့်ကာ...
"မမနွယ် အရမ်းချစ်တယ်" မောင်ကပြောပြောဆိုဆိုနှင့် နွယ့်ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
KAMU SEDANG MEMBACA
🌿မောင့် ရင်ထဲက နွယ်🌿
Fiksi Umumကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...