🌿မောင့် ရင်ထဲက နွယ်🌿
Part-4"နွယ်...နင်ဘာတွေဖြစ်နေတာလဲ၊ တစ်ခုခုပဲ အဲ့ဘက်မှာဘာရှိလို့ နင်စိတ်ဝင်စားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး" နွယ့် မျက်လုံးတွေကို ထိုနေရာမှခွာလိုက်သည်။
နွယ်တို့အဖွဲ့ တနေကုန်သွားကြ စားကြနဲ့ပျော်ပါးနေကြသည်။နွယ်က အိမ်ပြန်နောက်ကျမှာစိုး၍ စောစောပြန်ခဲ့ခြင်းပင်။ ။
"တီ....တီ" ကားဟွန်းသံကြောင့် မောင်နောက်လှည့်ကြည့်လိုက်သည်။
"ဟေ့... နွယ့်ကိုမှတ်မိလား၊မင်းနဲ့တွေ့တာ ဒီအကြိမ်ဆို သုံးခါမြောက်နော်"
ဟုပြောရင်း နွယ် ကားပေါ်က ဆင်းလာသည်။"မှတ်မိပါတယ်၊ ဒါနဲ့ မမနွယ် ဘယ်ကပြန်လာတာလဲ"
"နွယ်က သူငယ်ချင်းတွေနဲ့ ဘုရားသွားတာ အခုအိမ်ပြန်မို့ မင်းရော..."
"မောင်က အလုပ်ကပြန်လာတာ "
"ဟွင်း...ဒါကပိတ်ရက်လေ"
"အိမ်မှာမနေချင်လို့ ပိတ်ရက်မရှိအလုပ်လုပ်တာ"
"မင်းကတော့လေ...လမ်းကြုံတာပဲ မင်းလည်း ပြန်မှာဆိုတော့ နွယ့် ကားနဲ့လိုက်ခဲ့ပါလား"
"ရပါတယ် YBS ပဲတိုးစီးသွားနေကြလေ"
"မဟုတ်တာ လာပါ...နွယ့်ကို အားမနာနဲ့" နွယ် အတင်းခေါ်တာကြောင့်
မောင် နွယ့် ကားပေါ်ပါသွားသည်။"မင်းအလုပ်က အဆင်ပြေရဲ့လား"
"မပြေလည်းလုပ်ရတာပေါ့"
"အခုဆို မင်းနဲ့နွယ် သူငယ်ချင်းတွေဖြစ်သွားပြီနော်၊နွယ့်ကို လမ်းမှာတွေ့ရင် ခေါ်နော်"
"ခေါ်ပါ့မယ် မမနွယ်က မာနမကြီးဘူးနော်၊ တချို့ချမ်းသာတဲ့သူတွေဆို သိပ်မာနကြီးတာ၊မောင်က အဲ့လိုမျိုးဆို အရမ်းမုန်းတာ"
"မင်းက ပွင့်လင်းတယ်နော်၊ပြီးတော့ ပြောရဲဆိုရဲတယ်"
"မောင့် အကျင့်ပါ"
"မင်းကောင်မလေးက လာမကြိုဘူးလား"
"ကောင်မလေး..ဟား...ဟား "
မောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...