🌿မောင့် ရင်ထဲက နွယ်🌿
Part-12"မောင် ဘယ်လို... ဒီအခန်းထဲ"
"မမနွယ် အဆင်မှပြေပါ့မလားစိတ်ပူလွန်းလို့ မောင် ခြံစည်းရိုးကနေကျော်ခွပြီးတတ်လာတာ"
ထိုအချိန် နွယ် မောင့်လက်များကိုကြည့်လိုက်စဥ်ပွန်းရှရာများတွေလိုက်ရသည်။
"အို...မောင်ရယ် နာနေမှာပေါ့ နွယ် ဆေးထည့်ပေးမယ်"
"ရှူး တိုးတိုး...မမနွယ်အိမ်ကလူတွေနိုးကုန်အုံးမယ် နေပါစေ မောင် အိမ်ရောက်မှထည့်လိုက်မယ်"
မောင် ထိုသို့ပြောတော့ နွယ် အတော်စိတ်မကောင်းဖြစ်သွားရှာသည်။
"ဟင်... မမနွယ် အရက်တွေသောက်ထားတာလား"
"နဲနဲပါ မောင်ရယ်"
နွယ်ပြောရင်း ဘေးနားရှိအရက်ခွက်အားလှမ်းယူလိုက်ပြီးမော့သောက်လိုက်သည်။နွယ်ကသာနဲနဲသောက်ထားသည် ဟုသာဆိုသည် နွယ် မျက်ဝန်းများမူးဝေလာသည်။
နွယ် မောင်ရဲ့ ပါးလေးကိုကိုင်ပြီး မောင့်နှုတ်ခမ်းလေးကို သူမလက်မလေးနဲ့ဖိရင်း ဖွဖွလုပ်ရင်း နွယ် အနည်းငယ်ဟနေသော မောင့်ရင်ဘက်လေးထဲလက်လေးဝင်ပြီး မောင်ရဲ့ပခုံးလေးကိုကိုင်ကာ မောင်ရဲ့နှုတ်ခမ်းလေးကိုငုံနမ်းလိုက်သည်။
ခဏအကြာ မောင်က အနမ်းတို့ခွာလိုက်သည်။
"မမနွယ် မူးနေပြီထင်တယ်""ဟင့်အင်း...နွယ် မမူးဘူး"
ဟုပြောရင်း နွယ် မောင့်ကိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။
"နွယ် ကြောက်တယ်မောင်ရယ်..."
"မောင်နဲ့ဝေးရင် နွယ် သေမှာသိလား"
"မမနွယ် ဘာတွေပြောနေတာလဲ...
မမနွယ် အဲ့လိုပြောတိုင်း မောင့်ရင်ဘက်တစ်ခုလုံးနာကျင်ရတယ် သိလား"မောင် နွယ့် လက်လေးအား ဆုပ်ကိုင်ရင်း...
"ဒီလက်လေးကို မောင် ဘယ်တော့မှမလွှတ်ဘူး တစ်သက်လုံး ဆွဲထားမှာ"
မောင်အဲ့လိုပြောလိုက်တော့ နွယ်မျက်ရည်လေးကျကာပြုံးရင်း...
"နွယ် မောင့်ကို ချစ်တယ်..."
"မောင်လည်း ချစ်ပါတယ် မမနွယ်ရယ်"
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...