Part-11

1.5K 85 0
                                    

🌿မောင့် ရင်ထဲက နွယ်🌿
Part-11

"သမီး နွယ် လာ.... ဒီမှာထိုင်အုံး"

"ဟုတ်... မာမီ ဘာပြောစရာရှိလို့လဲ နွယ် ဆိုင်သွားရအုန်းမှာလေ"

"လာပါအုံး သမီးလေးရယ်၊ မာမီ့သမီးလေးက မျက်စိရှေ့မှာတင်
တော်တော်လေး အရွယ်ရောက်လာပြီပဲ သမီးလေးကို မာမီတို့ အိမ်ထောင်ချပေးထားချင်တယ်၊ မာမီတို့ကလည်း အသက်တွေကကြီးလာပြီလေ သမီးလေးဘေးမှာ အကြာကြီး နေလို့မရဘူးလေ ပြီးတော့ သားကြီးကလည်း သမီးကို တသတ်လုံး စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး"

မိခင်ဖြစ်သူ ဒေါ်ထိပ်ထားပြောနေသည်ကို နွယ် မျက်လုံးလေးပြူးပြီး
နားထောင်ပြီး အဆုံးတွင် နွယ် နားမလည်စွာ ခေါင်းရမ်းလိုက်သည်။

"နွယ် တစ်ယောက်ထဲပဲနေချင်သေးတယ် ပြီးတော့ မာမီတို့တွေ နွယ့်
ဆန္ဒမပါဘဲ ဘာမှမလုပ်ပါနဲ့နော်"

"တော်စမ်း နွယ်" ဒေါ်ထိပ်ထားအသံ ပိုကျယ်လောင်လာသည်။
မောင်ဒေးဗစ်မှာဘာတွေများ ငြင်းစရာရှိလို့လဲ။ ကမ္ဘာလှည့်နေတဲ့သူဌေးသား
ဒီလိုလူမျိူးကို လက်မခံရအောင် ဘာတွေများချိူ့ယွင်းနေလို့လဲ"

"နွယ် ကိုဒေးဗစ်ကို နည်းနည်းလေးမှ သဘောမကျဘူး ၊ယူလဲမယူနိုင်ဘူး မာမီ "

"နွယ် မိန်းမချင်းပဲကိုပဲစိတ်ဝင်စားတယ် ပြီးတော့ မောင့်တစ်ယောက်ထဲကိုပဲ မောင် တစ်ယောက်ကလွဲပြီးဘယ်သူကိုမှလည်းထပ်ပြီးသဘောကျလာနိုင်မှာလည်းမဟုတ်ဘူး"

"ခေါင်းမမာစမ်းနဲ့ မိနွယ်၊ မိဘတွေက ကောင်းလို့စီစဥ်တာကို မာမီတို့
တုန်းကလည်း ချစ်လို့လက်ထပ်ခဲ့တာ မဟုတ်ဘူး မိဘတွေ သဘောတူလို့
နောက်ပိုင်းမှ တဖြေးဖြေးနဲ့ အဆင်ပြေကြတာပဲလေ"

"နွယ့်ကိုစဥ်းစားဖို့အချိန်ပေးပါအုံး နွယ်သွားတော့မယ်"
နွယ် ထိုနေရာမှ ထွက်လာခဲ့သည်။

"ခေတ်ကာလ သားသမီးတွေများ မလွယ်ပါလား မိဘကဒါဆို
သူတို့ကဟိုဟာ ပြောရတာ ဘယ်လောက်တောင်ခက်လိုက်သလဲ"
ဟူး....ဒေါ်ထိပ်ထား နွယ့်ကို စိတ်ဆိုးနေသည်။

"နွယ်... ဆိုင်ကို မောင် လာသွားသေးတယ် နွယ်နဲ့တွေ့ချင်လို့တဲ့
ခိုင် သူ့ကိုတစ်နေရာမှာ သွားစောင့်ခိုင်းထားတယ်"

🌿မောင့် ရင်ထဲက နွယ်🌿Where stories live. Discover now