🌿မောင့် ရင်ထဲက နွယ်🌿
Part- 8"မမနွယ် မောင် မမနွယ်ကို အရမ်းလွမ်းနေတာ မနေ့ကလည်း မမနွယ်ကိုတွေ့ချင်လိုက်တာ ဒီချစ်သူမျက်နှာလေးကို မောင်က လွမ်းနေတာ"
"နွယ်လဲ တွေ့ချင်တာပေါ့ မောင်ရယ် ဒါပေမယ့် မနေ့ကမာမီတို့ကလည်း
ရောက်နေတာနဲ့ ပြီးတော့ ကိုကိုကြီးက နွယ်တို့ အကြောင်းကိုသိနေလား
မသိဘူး နွယ့်ကို ဘယ်မှမသွားခိုင်းဘူး၊ အခုတောင် နွယ်က မောင့်ကိုတွေ့ချင်လွန်းလို့ ဆိုင်ကနေထွက်လာရတာ နွယ့်ကိုလည်း အပိုအကြို့နဲ့ပဲထားတယ်""ဖြစ်မှဖြစ်ရလေ မမနွယ်ရယ် မောင့်ကြောင့် မမနွယ်ပင်ပန်းနေရပြီ"
"မဟုတ်တာ မောင်ရယ်၊ နွယ် မောင့်ကိုအရမ်းချစ်တာပါ ပြီးတော့
မောင့်ကို နွယ် မစွန့်လွှတ်နိုင်ဘူးကွယ်၊နွယ် အသက်ရှင်နေသ၍မောင့်ကိုချစ်သွားမှာ" နွယ် ပြောရင်း သူမ ဒယ်ဒီပေးထားသော လည်ပင်းမှဆွဲကြိုးလေးချွတ်ကာ..."ရော့...မောင့်အတွက်"
"ဟာ...မမနွယ်ရယ် စျေးအရမ်းကြီးမှာပဲ မောင် မလိုချင်ပါဘူး"
"ဒီဆွဲကြိုးက တန်ဖိုးကြီးတယ်ဆိုပေမဲ့ နွယ် မြတ်နိုးရတဲ့ မောင်နဲ့ ယှဥ်လိုက်ရင် အသေးအဖွဲ့လေးပါ မောင်ရယ်"
မောင် ငြင်းနေပေမဲ့ နွယ် မောင့်ကို ဆွဲကြိုးလေး အတင်းဆွဲပေးလိုက်သည်။
"ဂတိ၁ခုပဲပေး...မောင် နွယ့်ကို ခွဲမသွားပါဘူးလို့"
"မမနွယ်ရယ်..." ပြောကာ ချစ်သူ့မျက်နှာလေးကြည့်ကာ မောင် စိတ်
မကောင်းဖြစ်နေသည်။"မမနွယ် မောင် မမနွယ်နဲ့မခွဲနိုင်တာ မှန်ပေမယ့် မမနွယ်ကို စိတ်မဆင်းရဲစေချင်ဘူး သိလား"
"သမီးလေး ဘယ်မှာလဲ "
"ညီမလေး ညီမလေးဘယ်မှာလဲလို့ မေးနေတယ်လေ"
"ဟို....ဟို ခိုင်လည်း မသိဘူး ဆိုင်ကိုသွားတာ ထင်တယ်" ခိုင်တစ်ယောက်
ကြောက်ကြောက်နှင့် အမှန်အတိုင်း ပြောလိုက်မိသည်။ပြီးတော့မှ သူ့ပါးစပ်ကိုလက်နှင့်ချကာ..."မိခိုင်ရယ် နင်တော်တော် ဆိုးတာပဲ"
"ဘာလို့ပြောလိုက်ရတာလဲ
နွယ် သနားပါတယ်"
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...