1 year ago...💔

1.5K 59 0
                                    

မမနွယ်ရေ... ဒီနေ့ဆို မမနွယ်နဲ့မောင် ဝေးခဲ့တာ တစ်နှစ်တောင်ရှိခဲ့ပြီနော်...
ဘာကြောင့်ဝေးရလဲလို့ သူငယ်ချင်းတွေမေးကြတဲ့အခါ
မမနွယ် မိဘတွေကြောင့်လို့ တကယ်ပြောမထွက်ခဲ့ပါဘူး...။
သဘောမတူရင် မောင်ကရအောင်ယူမှာပေါ့လို့
မောင် ပြောဖူးခဲ့တယ်မလား ။
ဒါပေမဲ့ အခုတော့ မမနွယ် မောင့်ဘဝထဲက ထွက်သွားလိုက်တာ တစ်နှစ်တောင်ပြည့်ခဲ့ပြီ။
ဘ၀မှာ မမနွယ်မရှိတော့ရင်လို့ တစ်ခါမှ‌ မောင်မတွေးဖူးဘူး။မတွေးခဲ့တဲ့အရာက စိုက်စိုက်မြိုက်မြိုက်ကို မောင့်ဆီရောက်လာခဲ့တာ... ကံကြမ္မာက ရက်စက်လွန်းလှပါတယ်မမနွယ်...။

ဝေးရတဲ့အကြောင်းတွေမပြောခင်
မမနွယ်နဲ့ ကြည်နူးခဲ့ရတာ‌ကို
ပြောပြမယ် မမနွယ်။
ဇာတ်လမ်းအစ ကတည်းက ‌ဆွေးနေရင်
ဘယ်သူကစာကိုဆက်ဖတ်ချင်ပါတော့မလဲ မမနွယ်ရဲ့။

အဖြေရတဲ့နေ့ မိုးတွေသည်းတဲ့နေ့က ​မမနွယ်ကိုမောင် ချစ်တယ်ဆိုတော့
မမနွယ်လည်း မောင့်ကိုချစ်ပါတယ်တဲ့ ။
မမနွယ်က အဖြေသာပေးပြီးသွားတာ နောက်တော့...
​မောင့် ရင်ခွင်မှာ မမနွယ်ငိုနေခဲ့တာ...
ဘာလို့ဆို မမနွယ်ဟာ အငယ်ဆုံးသမီးလေး
ဖြစ်ပြီး သူမရဲ့ စံအိမ်မှာတော့ မင်းသမီးတစ်ပါး... မောင့်နဲ့ဝေးရမှာကို မမနွယ်က ကြိုသိနေလို့ ထင်ပါရဲ့။
မမနွယ် မိဘတွေက မောင့်တို့အကြောင်းသိသွားတဲ့အချိန် ကံကြမ္မာဆိုးဝင်တော့တာပဲ။
မောင်သာ မမနွယ်ပြောသလို သတ္တိရှိခဲ့ရင်၊စွန့်စားရဲခဲ့ရင် မမနွယ်မောင့်ဘဝကြီးကနေ ထွက်သွားခဲ့ရမှာမဟုတ်ဘူး။

အခုတော့ မောင့်ကိုလည်း ထားခဲ့ပါပြီ။
မောင်တို့ အတူရှိခဲ့တဲ့
နယ်မြို့လေးကိုလည်း ပစ်သွားပါပြီ။

မမနွယ် ပြန်လာမယ်မို့လား...
မောင်တို့တွေ့နေကျ နေရာလေးမှာ မောင် မမနွယ်ကို စောင့်နေအုံးမယ်ထင်ပါရဲ့။

မှာခဲ့သမျှ မောင်နားထောင်ပါ့မယ်...
ဒါပေမဲ့ မမနွယ်မရှိတဲ့ နယ်မြို့ရယ်...
မမနွယ်မပါဘဲ မသွားချင်တော့တဲ့ လက်ဖက်ရည်ဆိုင်ရယ်...
အတူတူ​ လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်းတွေရယ်...
မမနွယ်မရှိတော့တဲ့ မောင့် ဘ၀ကြီးရယ်...

နောင်ဘဝဆိုတာသာ ရှိခဲ့ရင် မမနွယ်ကို နာကျင်စေခဲ့တဲ့ မောင့်ကို အပြစ်တွေပေးစမ်းပါအုံး မမနွယ်ရယ်...။

မမႏြယ္ေရ... ဒီေန႕ဆို မမႏြယ္နဲ႕ေမာင္ ေဝးခဲ့တာ တစ္ႏွစ္ေတာင္ရွိခဲ့ၿပီေနာ္...
ဘာေၾကာင့္ေဝးရလဲလို႔ သူငယ္ခ်င္းေတြေမးၾကတဲ့အခါ
မမႏြယ္ မိဘေတြေၾကာင့္လို႔ တကယ္ေျပာမထြက္ခဲ့ပါဘူး...။
သေဘာမတူရင္ ေမာင္ကရေအာင္ယူမွာေပါ့လို႔
ေမာင္ ေျပာဖူးခဲ့တယ္မလား ။
ဒါေပမဲ့ အခုေတာ့ မမႏြယ္ ေမာင့္ဘဝထဲက ထြက္သြားလိုက္တာ တစ္ႏွစ္ေတာင္ျပည့္ခဲ့ၿပီ။
ဘ၀မွာ မမႏြယ္မရွိေတာ့ရင္လို႔ တစ္ခါမွ ေမာင္မေတြးဖူးဘူး။မေတြးခဲ့တဲ့အရာက စိုက္စိုက္ၿမိဳက္ၿမိဳက္ကို ေမာင့္ဆီေရာက္လာခဲ့တာ... ကံၾကမၼာက ရက္စက္လြန္းလွပါတယ္မမႏြယ္...။

ေဝးရတဲ့အေၾကာင္းေတြမေျပာခင္
မမႏြယ္နဲ႕ ၾကည္ႏူးခဲ့ရတာကို
ေျပာျပမယ္ မမႏြယ္။
ဇာတ္လမ္းအစ ကတည္းက ေဆြးေနရင္
ဘယ္သူကစာကိုဆက္ဖတ္ခ်င္ပါေတာ့မလဲ မမႏြယ္ရဲ႕။

အေျဖရတဲ့ေန႕ မိုးေတြသည္းတဲ့ေန႕က မမႏြယ္ကိုေမာင္ ခ်စ္တယ္ဆိုေတာ့
မမႏြယ္လည္း ေမာင့္ကိုခ်စ္ပါတယ္တဲ့ ။
မမႏြယ္က အေျဖသာေပးၿပီးသြားတာ ေနာက္ေတာ့...
ေမာင့္ ရင္ခြင္မွာ မမႏြယ္ငိုေနခဲ့တာ...
ဘာလို႔ဆို မမႏြယ္ဟာ အငယ္ဆုံးသမီးေလး
ျဖစ္ၿပီး သူမရဲ႕ စံအိမ္မွာေတာ့ မင္းသမီးတစ္ပါး... ေမာင့္နဲ႕ေဝးရမွာကို မမႏြယ္က ႀကိဳသိေနလို႔ ထင္ပါရဲ႕။
မမႏြယ္ မိဘေတြက ေမာင့္တို႔အေၾကာင္းသိသြားတဲ့အခ်ိန္ ကံၾကမၼာဆိုးဝင္ေတာ့တာပဲ။
ေမာင္သာ မမႏြယ္ေျပာသလို သတၱိရွိခဲ့ရင္၊စြန႔္စားရဲခဲ့ရင္ မမႏြယ္ေမာင့္ဘဝႀကီးကေန ထြက္သြားခဲ့ရမွာမဟုတ္ဘူး။

အခုေတာ့ ေမာင့္ကိုလည္း ထားခဲ့ပါၿပီ။
ေမာင္တို႔ အတူရွိခဲ့တဲ့
နယ္ၿမိဳ႕ေလးကိုလည္း ပစ္သြားပါၿပီ။

မမႏြယ္ ျပန္လာမယ္မို႔လား...
ေမာင္တို႔ေတြ႕ေနက် ေနရာေလးမွာ ေမာင္ မမႏြယ္ကို ေစာင့္ေနအုံးမယ္ထင္ပါရဲ႕။

မွာခဲ့သမွ် ေမာင္နားေထာင္ပါ့မယ္...
ဒါေပမဲ့ မမႏြယ္မရွိတဲ့ နယ္ၿမိဳ႕ရယ္...
မမႏြယ္မပါဘဲ မသြားခ်င္ေတာ့တဲ့ လက္ဖက္ရည္ဆိုင္ရယ္...
အတူတူ ေလွ်ာက္ခဲ့ဖူးတဲ့ ေျမနီလမ္းေတြရယ္...
မမႏြယ္မရွိေတာ့တဲ့ ေမာင့္ ဘ၀ႀကီးရယ္...

ေနာင္ဘဝဆိုတာသာ ရွိခဲ့ရင္ မမႏြယ္ကို နာက်င္ေစခဲ့တဲ့ ေမာင့္ကို အျပစ္ေတြေပးစမ္းပါအုံး မမႏြယ္ရယ္...။



You've reached the end of published parts.

⏰ Last updated: Jan 17 ⏰

Add this story to your Library to get notified about new parts!

🌿မောင့် ရင်ထဲက နွယ်🌿Where stories live. Discover now