🌿မောင့် ရင်ထဲက နွယ်🌿
Part-10🎶သူသာကျွန်မအတွက် အမြဲတမ်းရှေ့မှ ကာကွယ်ပေးနိုင်သူ
နောင်တ တရားများနဲ့ အမှားများမတွေ့ဖို့ သွန်သင်ပေးနိုင်သူ🎶🎶လုံခြုံနွေးထွေးသော အချစ်စစ်များကို အမြဲပေးနိုင်သူ
ကျွန်မအတွက်လိုအပ်သော ကျွန်မအနှိုင်းမဲ့ယုံကြည်သော ကျွန်မအတွက်အတုမရှိသော ကျွန်မရဲ့ချစ်သူ...🎶
သီချင်းတအေးအေးနှင့် ဆံပင်ကို ကျကျနန သနေသော သမီးဖြစ်သူအား ဒေါ်နွဲ့မူ ကြည့်ကာ..."သမီး ဒီနေ့ မျက်နှာလေး ရွှင်လန်းနေပါလား၊ ပြီးတော့ ဒီလို ပြင်ဆင်ပြီးဘယ်သွားမလို့လဲ"
"ဟုတ်တယ် ဒီကနေ့သမီးအတွက်အပျော်ဆုံးနေ့ပဲ အမေ၊
သမီးညနေနောက်ကျမယ်နော် သွားပြီ အမေရေ"
တက်ကြွနေသော ခြေလှမ်းတွေနဲ့ မောင် ခုန်ပေါက်ထွက်သွားသည်။နွယ် အိမ်ပေါ်က ဆင်းလာတော့ ဦးတင်မောင်က..
"သမီး"
ဟုခေါ်ကာ တစ်နေရာကို မေးငေါ့ပြလိုက်သည်။
ဧည့်ခန်းမှ လူ လေး ငါးယောက် မျက်လုံးတွေက နွယ့်ဆီရောက်လာသည်။"နွယ်... သမီးလေး ဒီကိုလာပါအုံး ၊ဒီမှာဘယ်သူတွေရောက်နေလဲ
လာကြည့်စမ်း" နွယ် စိတ်ပျက်သော မျက်နှာနှင့် ဦးတင်မောင်ဘေး ဝင်ထိုင်လိုက်သည်။"သမီးလေးက ချစ်စရာလေးကွယ် ကြည့်ပါအုံး ထွားလာလိုက်တာ"
"ဟုတ်တယ် နွယ်က ဟိုးကလေးတုန်းကလို ပေစုပ်စုပ်လေး
မဟုတ်တော့ဘူး ကိုယ့်ကိုရောမှတ်မိရဲ့လား""ရှင့်ကို မှတ်မိပါတယ် ၊အော် မာမီ နွယ်ဆိုင်ကိုသွားတော့မယ်နော်"
နွယ် ထွက်သွားမည်အပြု ..."နေပါအုံး သမီးရယ် ၊သား ဒေးဗစ် သမီးလေးကို လိုက်ပို့ပေးပါလားကွယ် ဦးစောကိုခိုင်းစရာလေးရှိလို့"
နွယ် ပထမတော့ ငြင်းမလို့ပါ ၊ဒါပေမယ့် မငြင်းခဲ့ပါ။
ဦးစောဆိုရင် သူမကိုထိုင်စောင့်မှာ ဒေးဗစ်ကတော့ လိုက်ပို့ပြီး ပြန်မယ်ဆိုတာ သူမ သိနေခြင်းပင်။"ဒါဆိုလည်း သွားရအောင်လေ နွယ်နောက်ကျနေပြီ"
နွယ် တစ်လမ်းလုံး ဘာစကားမှ မပြောပါ ဒေးဗစ်ကတော့
သူ့စကားတွေကြီးပဲ တစ်လမ်းလုံး ပြောလွန်းတော့ နွယ် နားညည်းလာ၍ အော်မှ တိတ်ဆိတ်သွားသည်။
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...