Part-9

1.5K 97 8
                                    

🌿မောင့် ရင်ထဲက နွယ်🌿
Part-9

"မောင်... ဟဲ့ မောင် ငါခေါ်နေတာကြားလား"

မောင် စိတ်ပျက်လက်ပျက် လမ်းလျှောက်နေရာကနေ နောက်ကခေါ်သံကြောင့် ရပ်လိုက်သည်။

"နင်ကလည်းလေ တစ်လမ်းလုံးကို နင်တစ်ယောက်ထဲ လမ်းလျှောက်နေရတာကြနေတာပဲ ပြည့်နေတာပဲ မျက်နှာကြီးကလဲ ညှိုးနေလိုက်တာ နင်နေမကောင်းဘူးလား"

"ဘာလုပ်မလို့လဲ ညိုလေးရာ ဖယ်...ငါ့ရှေ့ကနေ" သူ့ရှေ့ကနေ ပိတ်ရပ်
နေသော ညိုလေးကို လက်ဖြင့် ဖယ်လိုက်သည်။

"မောင် ခဏနေအုံး"

ညိုလေး မောင့်လက်ကို ဆွဲကာ တားလိုက်ခြင်းပင်။

"ငါတို့စကားခဏပြောရအောင်ဟာ"

ဟုပြောကာ ညိုလေး မောင့်ကို ဆွဲခေါ်လာသည်။

"ညိုလေး နင်ငါ့ကိုဘာပြောစရာရှိလို့လဲဟာ ငါစိတ်ညစ်နေတာနော်"

"ဘာလဲ ဟိုနွယ်သာကီဆိုတဲ့ မိန်းမကြောင့်လား သွားစမ်းပါ...
ဟိုကနင့်ကို သတိတောင်ရပါ့မလား မသိဘူး၊ နင်ကတော့ဖြစ်ပျက်နေလိုက်တာ နင့်ကိုအသုံးချသွားတာ အဲ့တာနင်သိရဲ့လား"

"တောက်စ်... ညိုလေး နင်..." မောင်ပြောပြောဆိုဆိုနှင့် လက်ရွယ်လိုက်သည်။

"နင်....ဘာလဲနင်က အဲ့မိန်းမကိုထိတော့ ငါ့ကိုရိုက်မယ်ပေါ့လေ"

"တော်တော့ ညိုလေးရာ နင်တော်လိုက်တော့"

"မတော်နိုင်ဘူး ငါ၁၀နှစ်လုံးလုံး ကိန်းအောင်းလာတာတွေကို
ဒိီနေ့ပြောရမှ ဖြစ်မှာ ငါနင့်ကိုအရမ်းချစ်တယ် မောင် အခုမှမဟုတ်ဘူး
ဟိုးအရင်ကတည်းက ငါချစ်ခဲ့ရတာ ငါကနင့်ကိုအရမ်းချစ်ခဲ့ရတာ"

"ဘာ... ညိုလေး အဓိပ္ပါယ်မရှိလိုက်တာဟာ ၊နင်ကငါ့အတွက်တော့
ညီမလေးတစ်ယောက်ထပ်မပိုဘူး ငါသွားတော့မယ်"

"ဟင့်အင်း မောင်... နင်မသွားရဘူး" ဟုပြောကာ လှည့်ထွက်သွားသော
မောင့်ကို အနောက်ကနေ ဖက်ထားလိုက်သည်။

"ငါတောင်းပန်ပါတယ် နင်မသွားပါနဲ့ နင်အခုလိုမျိုးခံစားနေရတာကို
ငါမမြင်ချင်ဘူး နင်ကနင့်ကို အရမ်းချစ်တဲ့ငါ့အချစ်တွေကို ဘာလို့ မမြင်ရတာလဲ ငါနင့်ကိုချစ်တယ်ဟ"

🌿မောင့် ရင်ထဲက နွယ်🌿Where stories live. Discover now