Part-3

2.1K 126 2
                                    

🌿မောင့် ရင်ထဲက နွယ်🌿
Part-3
"ညီမလေး လာ... ဒီမှာခဏထိုင်ပါအုံး"

"ကိုကိုကြီး နွယ့်ကို ပြောစရာရှိလို့လား"

နွယ်က ရဲနောင်ခေါ်တာကို ချက်ချင်းမသွားဘဲ ရပ်နေသည်။

"ဟုတ်တယ် လာပါအုံး ဒီကို... ကြည့်ပါအုံး ကိုကိုကြီးမျက်စိရှေ့တင်ကို ညီမလေးက တော်တော်တောင်အရွယ်ရောက်လာပြီနော်..."

"ဟွင်းနော်... နွယ့်ကို ဒါပြောမလို့ခေါ်တာလား"ဟုမျက်စောင်းလေးထိုးကာ
မေးလိုက်သည်။

"ကိုကိုကြီး ပြောချင်တာက ညီမလေးမှာချစ်သူတွေဘာတွေရှိနေပြီလားလို့"

"ပေါက်ကရ... နွယ့်မှာ မရှိပါဘူး ကိုကိုကြီးရဲ့"

"ညီမလေး ညက မာမီဖုန်းဆက်တယ် "

"ကိုကိုကြီးက နွယ့်ကိုတောင် မပြောဘူးနော် မာမီကဘာပြောသေးလဲ"

"ညီမလေးအိပ်နေပြီထင်လို့...ညီမလေး"

"ဟုတ်"

"ဘာမှ မဟုတ်တော့ပါဘူး အော်...မာမီက ရှေ့တစ်ပတ်လောက် ပြန်လာဖြစ်မယ်တဲ့"

"ဟာ... တကယ်၊ ဒါဆိုကောင်းတာပေါ့"

"အင်း...ညီမလေး သွားနားတော့လေ"

"ဟုတ်" မာမီတို့ ပြန်လာတော့မည်ဟု​ပြောလိုက်သောကြောင့်ဝမ်းသာ
ပျော်ရွှင်သွားသော နွယ့် မျက်နှာလေးကို ရဲနောင်ကြည့်နေမိသည်။ ပါးစပ်ကလည်း ရေရွတ်ရင်း...

"ကိုကိုကြီး ညီမလေးကို ဒီကိစ္စ ဘယ်လိုပြောရပါ့မလဲ

ကိုကိုကြီး တောင်းပန်ပါတယ် ညီမလေးရယ်...။ ။"

"အမေ အမေရေ.....အမေ" အော်ခေါ်ရင်းအိမ်ပေါ်တက်လာသော မောင်....။

"ဟဲ့ သမီး...အမေကဒီမှာ" ဟုမီးဖိုထဲတွင် ထမင်းချက်ရင်းအသံပေးလိုက်သော ဒေါ်နွဲ့မူ။ ။

"ဘာလုပ်မလို့ ဒီလောက်အော်ခေါ်နေရတာလဲ"

"အမေကလည်း သမီးသူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်သွားမလို့ ပိုက်ဆံပေးအုံး"

"သမီး အမေဆီကနေ ဒီလိုပဲ အမြဲလက်ဖြန့်တောင်းနေတော့မှာလား"

🌿မောင့် ရင်ထဲက နွယ်🌿Where stories live. Discover now