Part-7

1.6K 101 4
                                    

🌿မောင့် ရင်ထဲက နွယ်🌿
Part-7

"ကိုကိုကြီး မာမီတို့ကလည်း ကြာလိုက်တာ၊ နွယ် ဗိုက်တောင်ဆာလာပြီ နွယ်တစ်ခုခုသွားစား....."

"ဟာ... ဟိုမှာ ဒယ်ဒီနဲ့ မာမီ၊လာ လာညီမလေး သွားရအောင်"

"မာမီ....ဒီမှာ"

"အို...ဒယ်ဒီသားကြီးက မမြင်တာကြာတော့ ပိုခန့်လာတယ်နော်၊ သမီးလေးက အရင်ကထက် ပိုရုပ်ဆိုးလာတယ်"

နွယ်က နှုတ်ခမ်းလေးဆူပြီး မျက်စောင်းလေးထိုးကာ
"ဒယ်ဒီနော် နွယ်က ဒယ်ဒီနဲ့ တူအောင် ရုပ်ဆိုးထားတာ"

"ဟား..ဟား...ကိုယ့်စကားနဲ့ကိုယ့်ပြန်ပတ်တာပဲဟေ့"

"နွယ်က ဒယ်ဒီနဲ့ မာမီကိုတွေ့ချင်နေတာ လွမ်းလဲလွမ်းနေတာ"

"ခုမှ ချွဲနေတာ လေဆိပ်လိုက်ဖို့တောင် တော်တော်ခေါ်လာရတာကို"

"ဟွန့် ကိုကိုကြီးနော်..."

"ကဲပါ ဒီမောင်နှမနှစ်ယောက် တော်တော့ လာသွားကြရအောင်"

နွယ် ကားပေါ်မှာသာ ပါလာသည်။ စိတ်ကတော့ မောင့်ဆီ ရောက်နေသည်။

"သမီးလေး တိတ်ဆိတ်လှချည်လား နေမကောင်းလို့လား"ဟုပြောကာ
နှဖူးလေးကို စမ်းလိုက်သည်။

"ဟွင်း ကိုယ်လဲ မပူနေပါဘူး"

"မဟုတ်ဘူး မာမီရေ မာမီ သမီးက ဗိုက်ဆာလို့ဖြစ်နေတာ ကြည့်ပါလား ရုပ်ကို.."

"မာမီ နွယ်တို့စားနေကြ စားသောက်ဆိုင် အရမ်းစားကောင်းတယ်သိလား နွယ်တို့ ဝင်စားကြမလားဟင်"

"အင်း...ကောင်းတာပေါ့ သမီးရဲ့"

"မာမီနဲ့ ညီမလေးကလည်း အိမ်ကိုပဲရောက်တော့မယ် ဟိုရောက်မှစား
ကြတာပေါ့ " နွယ် ရဲနောင်ကိုမျက်စောင်းထိုးလိုက်ကာ...

"ဟွန့် ကိုကိုကြီးက စိတ်ပုပ်"

"ဟား...ဟား သမီးလေးကတော့ ငယ်ငယ်ကလိုပဲသိလား"

တီ......တီ.....

"ဟေ့ သူဌေးတို့တွေ ပြန်လာကြပြီ လာကြဟေ့ လာကြ..."

"ကိုစောတို့နေကောင်းရဲ့လား"

"ကောင်းပါတယ် သူဌေးကြီး"

🌿မောင့် ရင်ထဲက နွယ်🌿Where stories live. Discover now