3 - Talent Show

1.6K 235 2
                                    

လင်းခယ်တစ်ယောက် ချီဖုန်းအားနောက်ထပ်ဘယ်တော့မှဆုံနိုင်လိမ့်မည်မဟုတ်ဟု ထင်ခဲ့မိသော်လည်း သူ မှားသွားခဲ့ပေသည်။

ချီဖုန်းအား QQ ၌ သူငယ်ချင်းအဖြစ် Add ခဲ့ပြီး လေးလအကြာတွင် ပြည်တွင်းရုပ်သံလွှင့်ကုမ္ပဏီတစ်ခုမှနေအလယ်တန်းကျောင်းသားများအတွက် အရည်အချင်းစစ် ပြိုင်ပွဲတစ်ခုကျင်းပမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

ရွေးချယ်ခံရသည့် ကျောင်းသူ၊ ကျောင်းသားများက TVမှတိုက်ရိုက်ထုတ်လွှင့်မည့်နှစ်သစ်ကူးပွဲတော်‌အစီီအစဥ်၌ ဖျော်ဖြေခွင့်ရမည်ပင်ဖြစ်သည်။ သို့သော် ထိုမျှသာ မဟုတ်သေးဘဲ တကယ်တမ်းကျ ထိုပြိုင်ပွဲက ထုတ်လွှင့်မည့်ကုမ္ပဏီက သူတို့၏ ဟောပြောပွဲများအတွက်အစီအစဥ်တင်ဆက်သူလူငယ်လေးများအားရှာဖွေပျိုးထောင်ပေးဖို့ အခွင့်အလမ်းရှာခြင်းပင်။

ထိုသတင်းအားကြားသည်နှင့်မိဘတော်တော်များများ စိတ်လှုပ်ရှားသွားကြကာ ဆရာများကလည်း သူတို့ ကျောင်းသားများသာ အရွေးခံရပါက သူတို့ရဲ့ကျောင်းဂုဏ်သတင်း အဆ မတန် မြင့်မားလာနိုင်သည် ဖြစ်သောကြောင့် သူတို့ကျောင်းသားများအားပြိုင်ပွဲသို့ပို့နိုင်ရန်အပြိုင်အဆိုင်အားထုတ်ကြတော့သည်။

လင်းခယ်သည် သူ့အတန်းထဲ၌ Grade 10 စန္ဒယားစာမေးပွဲအောင်လက်မှတ်ရရှိထားလေသည့် တစ်ယောက်တည်းသောသူ ဖြစ်သဖြင့် သူသည်လည်း ကျောင်းမှနေ ပြိုင်ပွဲသို့ ပို့ချင်သည့်ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်နေခဲ့သည်။

ရိုးရိုးသားသားပြောရပါမူ လင်းခယ်သည် ထိုပြိုင်ပွဲ၌ပါဝင်မယှဉ်ပြိုင်ချင်ခဲ့ပေ။သူစန္ဒယားသင်ယူခဲ့ခြင်းမှာပရိသတ်များအရှေ့ဖျော်ဖြေဖို့ရည်ရွယ်ချက်ကြောင့်မဟုတ်သလိုသူသည်စင်လည်းကြောက်လှပေသည်။

သို့သော်လည်း လင်းခယ်၏မိဘများကတော့ သူသည် ဝင်ရောက်ယှဥ်ပြိုင်ဖို့အရည်အချင်းပြည့်မှီသဖြင့် အနည်းဆုံးတော့ ကြိုးစားသင့်သည်ဟု ပြောလာခဲ့ကြသည်။ အဆုံး၌ သူက ရွေးချယ်မခံရရင်တောင် ထိုအရာကအတော် ကောင်းမွန်သည့် အတွေ့အကြုံတစ်ခုဖြစ်လာမည်သာ။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now