Extra 9

1.3K 224 4
                                    

Extra 9 - ကွာရှင်းပီးဆယ်နှစ်အကြာ

ကျန်းယင်လည်း ရုတ်တရက်အံ့သြသွားရပြီး သူမ၏မျက်နှာအား အမှတ်တမဲ့ထိကိုင်လိုက်မိကာ အပြုံးတစ်ပွင့်ဖြင့် - " အရူး၊ မိန်းမတွေက သူတို့ကိုယ်သူတို့ဂရုစိုက်ရမယ်လေ၊ ဒီလိုပုံစံမျိုးဖြစ်ဖို့ နည်းပညာမြင့်မားတဲ့အလှအပကုသမှုတွေအတွက်  ကျမ  ဘယ်လောက်ထိ အကုန်ခံထားရတယ်ဆိုတာ ရှင်သိမှာမဟုတ်ဘူး၊ ရှင်လည်း မအိုချင်ရင် အဲ့လို လုပ်ကြည့်လေ "

ချီယွမ်ချန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းခါယမ်းလိုက်ကာ  - " ကိုယ်က  ယောက်ျားတစ်ယောက်ပဲဟာ၊ ကိုယ်အသက်မငယ်တော့ဘူးဆိုတဲ့အချက်ကိုလက်ခံရမှာပေါ့၊ ယောက်ျားတစ်ယေက်မျက်နှာပေါ်ကအရေးအကြောင်းတွေဆိုတာကလည်း အရည်အချင်းတစ်မျိုး ပဲလေ၊ ပီးတော့ အသက်ငါးဆယ်နားနီးနေတဲ့ယောက်ျားတစ်ယောက်ကအသက်သုံးဆယ်အရွယ်လေးနဲ့တူအောင်လုပ်တာက ဘယ်လိုရည်ရွယ်ချက်နဲ့တဲ့လဲ မိန်းမငယ်လေးတွေကိုလှည့်စားဖို့လား "

ကျန်းယင်က သူ့အား ရီချင်ဟန်ဖြင့်ကြည့်၍ - " ဆိုတော့ကျမကကျမရုပ်ရည်ကိုအသုံးပြုပီး လူတွေကိုလှည့်စားနေတာလို့ ရှင်က ပြောချင်တာလား "

ချီယွမ်ချန်း -  "  ဘယ်ကသာ၊  မဟုတ်ပါဘူး၊ မင်းက အမျိုးသမီးတစ်ယောက်ပဲဟာ၊ အမြဲ တမ်း လှနေဖို့က  အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးပဲလေ "

ကျန်းယင် - " ရှင်က ဘယ်လို ပြန်ပြောရမလဲ သိတာပဲ "

သူမက သူမ၏ခန္ဓာကိုယ်အားရှေ့သို့တိုးမှီ၍ အသံတိုးတိုးဖြင့် - " ဟေး! ဒီနှစ်တွေအတွင်းမှာ ရှင် တကယ်ပဲ နောက်တစ်ယောက်ရှာဖို့မစဉ်းစားခဲ့ဘူးလား "

ချီယွမ်ချန်းလည်း အေးခဲသွားရတော့သည်။ ဒါပေါ့၊ သူစဉ်းစားခဲ့ဖူးတာပေါ့၊ သို့သော်ငြား သူ မည်မျှပင် ကြိုးစား၍ ရှာဖွေပါစေ၊ ကျန်းယင်လိုသူ့နှလုံးသားအားလှုတ်ခတ်နိုင်သည့်၊ နက်ရှိုင်းစွာ ချစ်မိစေပီး မဖမ်းဆုပ်ထားနိုင်ခဲ့သည့်အမျိုးသမီးမျိုး နောက်တစ်ယောက် မရှိနိုင်တော့ချေ။

သူ ထိုနှစ်များအတွင်း ကျန်းယင်အလုပ်များအား အမြဲလိုလို၊ တိတ်တဆိတ် စောင့်ကြည့်နေခဲ့မိကာ တစ်ဖက်သူက တိုးတက်သထက် တိုးတက်လာရင်း သူမအိပ်မက်အား သတ္တိရှိရှိဖြင့်ဖြစ်မြောက်အောင်လုပ်နိုင်စွမ်းရှိပုံအား တွေ့မြင်ခဲ့ရသည်။ တကူးတကရှာစရာပင်မလိုဘဲ သူမ၏ သတင်းဗီဒီယိုများက အင်တာနက်ပေါ်တွင် အများအပြားတွေ့မြင်နိုင်သည်သာ __ ရင့်ကျက်သည့်အမျိုးသမီးတစ်‌ဦး၏ ဆွဲဆောင်နိုင်မှုမျိုးဖြင့် သူမက ယခင်ထက်ပိုပီး ကျက်သရေရှိရှိလှပထက်မြက်နေဆဲပင်။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now