48 - Not Straight At All

1.5K 236 16
                                    

Unicode

ဖြောင့်မဟုတ်လောက်ဘူး

မနေ့ညက စိတ်ခံစားချက်အတက်အကျများ ဖြစ်ခဲ့ရသည့်အပြင် ထိုမနက် ရွှီကျွင်းကျူ ဖန်တီးထားသည့် စိတ်ရှုပ်စရာကိစ္စများအား တွေ့ရသည့်အချိန် ချီဖုန်းလည်း သူ့ကိုယ်သူ နှိပ်စက်ညှင်းပမ်းခံနေရသည့် တရားခံတစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရပေသည်။

ထိုအချိန် လင်းခယ််ဆီမှ ရိုးရိုးရှင်းရှင်းစကားလေးတစ်ခွန်း ကြားလိုက်ရခြင်းက ဒဏ်ရာဒဏ်ချက်များပြည့်နှက်နေသည့် ချီဖုန်းအတွက် ချိုမြိန်မှုများ ရရှိလိုက်ရသလိုပင်။

လင်းခယ်က သူ့အား လျစ်လျူမရှုသည့်အပြင် အတန်းတူတူသွားဖို့ပင် စောင့်နေသေးသည်။

ချီဖုန်းလည်း အလျင်အမြန်ပင် ရှန်းယွဲ့ကျယ်အား "နောက်မှပြောမယ်" ဟုစာပို့လိုက်ကာ အိပ်ရာ‌ထက်မှ အလျင်စလိုဆင်းလာခဲ့တော့သည်။

သူသည်ဆေးကြောရင်း သူ့မျက်နှာအား ရေအေးများဖြင့် တဖျတ်ဖျတ် ရိုက်လိုက်မှသာ သူ့ဦးနှောက်ကအနည်းငယ် ကြည်လင်လာခဲ့သလို ခံစားလိုက်ရပေသည်။

တကယ်တော့ မနေ့ညကစင်ပေါ်မှ မရှင်းမလင်းဝန်ခံခြင်းမှနေတဆင့် သူ့ခံစားချက်များအား လင်းခယ်နားလည်အောင်လုပ်မည်ဟူသည့် ရည်ရွယ်ချက်မျိုး ချီဖုန်းထံ၌ တကယ်ကြီးမရှိခဲ့ပေ။ "ဝန်ခံဖွင့်ပြောခြင်းဆိုသည်မှာ အောင်ပွဲရ ဟွန်းသံလိုမျိုး ဖြစ်သင့်ပီး တိုက်ပွဲခေါ်သံလိုမျိုး မဖြစ်သင့်" ဟူသည့် ဆိုရိုးစကားပင် ရှိသေးသည်မဟုတ်ပါလား။ ဤအရာအား သူကောင်းကောင်းနားလည်ပေသည်။

လင်းခယ်က အဖြောင့်တစ်ယောက်ဖြစ်သည့်အတွက် ဝန်ခံခြင်းက အတော်လေးစွန့်စားလွန်းရာကျသည်ပင်။

စင်ပေါ်မှပြောခဲ့သည့်စကားများကစမ်းသပ်မှုတစ်ခုသာ ...

အကယ်၍ ထိုအချိန်တုန်းက သူ၏ဖျော်ဖြေမှုအား လင်းခယ်မတွေ့လိုက်ရဘူးဆိုလျှင်တောင် နောက်ပိုင်းကျ အခြားသူများဆီမှ ပြန်ကြားပီး ဒါမှမဟုတ် သူ့အတန်းဖော်များတင်ထားသည့် Video များကြည့်မိပီးလည်း ပြန်သိသွားနိုင်တာပဲလေ။ ထိုအချိန်ရောက်လျှင် သူကအခွင့်အရေးအရယူပီး ထိုစကားများက လင်းခယ်အားရည်ရွယ်ပါသည်ဟု စနောက်ပီးပြောလိုက်လျှင် တစ်ဖက်သူ မည်သို့တုံ့ပြန်မည်နည်းဟု အကဲခတ်နိုင်မည်ပင်။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now