52 - If you don't like it, Don't eat it

1.5K 257 10
                                    

Unicode

မင်းမကြိုက်ရင်မစားနဲ့

သို့သော်လည်း ချူရွှမ်ရွှမ်ကတော့ သူမ၏ မျက်ခုံးများအား တွန့်ကွေးလျက် စဉ်းစားနေခဲ့သည်။ ခရစ်စမတ်အကြိုနေ့က ချီဖုန်းနဲ့လင်းခယ်တို့ စဒိတ်တဲ့ Anniversary ဆိုရင် ချီဖုန်းရဲ့စရိုက်အရ ဒီအကြောင်းနဲ့ပတ်သက်ပီး WeChat Moment ၌ သူ တစ်ခုခုတော့ တင်လိမ့်မည်မှာ အသေအချာပင်။ သို့သော်လည်း တစ်ဖက်သူက "ရုတ်တရက်ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်း" ဆိုသည့် စာကြောင်းတစ်ကြောင်းတည်းသာ တင်ခဲ့ကြောင်း သူမ မှတ်မိနေခဲ့ပေသည်။ အဲ့ဒီ "ဝမ်းနည်းခြင်း" ဆိုတာက ရွှီကျွင်းကျူက သူတို့ဆက်ဆံရေးကို ဖော်ထုတ်လိုက်တဲ့အတွက်ကြောင့်တော့ မဟုတ်လောက်ဘူးမလား! ခု သူတို့ကို ကြည့်ရတာလည်း သူတို့ဆက်ဆံရေးကို ဖုံးကွယ်ထားချင်တဲ့ပုံ မပေါ်ပါဘူး။

သူမသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေခဲ့ရကာ အကယ်၍ သူမ၏ သံသယများအား အစောပိုင်းတုန်းကလို ထုတ်မေးလိုက်ရင်လည်း လေထုအား မသက်မသာ ဖြစ်စေမည်အား စိုးရိမ်မိသဖြင့် စဉ်းစားခြင်းမရှိ ထုတ်မမေးချင်ပေ။

ထို့ကြောင့် သူမလည်း လိမ္မာပါးနပ်စွာဖြင့် အကြောင်းအရာပြောင်းလိုက်ကာ - " ချီဖုန်း နင် လင်းခယ်ကို ဘယ်လိုလုပ် သဘောကျသွားခဲ့တာလဲ "လိင်တူကြိုက်တာ" ကို Come out လုပ်ဖို့က နိုင်ငံခြားမှာတောင် လွယ်ကူတဲ့အရာ မဟုတ်ဘူးလေ နင်တို့နှစ်ယောက်က တကယ်ပွင့်လင်းကြတာပဲ "

ဒီလိုလေးဆို သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအတွေ့အကြုံလေးကိုစပ်စုသလို‌ ထင်ရတာပေါ့။

ချီဖုန်းက ပြုံးရင်း - " ငါက လင်းခယ်ကို မြင်မြင်ချင်း ချစ်သွားခဲ့တယ်လို့ပြောရင် နင် ယုံမှာလား "

လင်းခယ် - " ... "

ချီဖုန်းအဖြေကြောင့် ချူရွှမ်ရွှမ်လည်း သီးမတတ်ဖြစ်သွားရတော့သည် ...

မြင်မြင်ချင်းအချစ်! ... ဘယ်လိုလုပ်ယုံဘဲ နေနိုင်မှာလဲ! သူမလည်း ချီဖုန်းကို "မြင်မြင်ချင်းချစ်ခဲ့တာပဲလေ"။ ဂျူနီယာအထက်တန်းကျောင်း၌ ပထမဆုံး စတင်တွေ့ဆုံကတည်းက ချီဖုန်းက သူမနှလုံးသားအား ဖမ်းစားနိုင်ခဲ့သည်ပင်။ သို့သော်လည်း သူမက ရွှီကျွင်းကျူ‌လောက် မပွင့်လင်းဘဲ ကိုယ်ပိုင်မာနတရားရှိသူတစ်ယောက် ဖြစ်သည်။ အတော်လေးကြိုးစားလိုက်မှသာ ချီဖုန်းနှင့် ရင်းနှီးဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဝမ်းနည်းစရာကောင်းသည့်အချက်မှာ တစ်ဖက်သူကတော့ သူမနှင့်ပတ်သက်ပီး အခြားရည်ရွယ်ချက်မရှိခဲ့ပေ ... ။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now