13 - I feel so good

872 103 3
                                    

ခံစားချက်တွေတအားကောင်း

တစ်ယောက်ကို Add မှတော့ သေချာပေါက်နောက်တစ်ယောက်ကိုလည်း ချန်ထားရစ်၍ မဖြစ်ချေ။ထို့ကြောင့် ကောင်းကျွင်းဖေသည် ချီဖုန်းကိုပါခေါ်လိုက်ပြီး - " လာ လာ လူချောလေး ငါတို့လည်း Add ရအောင် "

လင်းခယ်၏ ခွဲခြား ခွဲခြား လုပ်ခြင်းခံလိုက်ရသည့်ချီဖုန်းကတော့ တစ်ဖက်သူ၏ ဖိတ်ခေါ်မှုအားငြင်းပစ်လိုက်ချင်စိတ်ပင်ဖြစ်ပေါ်သွားရတော့သည်။

သို့သော်လည်း အခြေအနေကဘယ်လိုပဲဖြစ်ပါစေ၊ အဆင့်အတန်းရှိရှိကောင်းကောင်းမွန်မွန် ထိန်းသိမ်းနေထိုင်တတ်အောင် နှစ်ပေါင်းများစွာအလေ့အကျင့်လုပ်ခဲ့သောကြောင့် ချီဖုန်းတစ်ယောက် သူ့အမူအရာအားထိန်းချုပ်လိုက်နိုင်ပေသည်။ သို့သော်ငြား သူသည် သူ့ဒေါသများအားဖွင့်ထုတ်သည့်အနေဖြင့် ဖုန်းအား အကြမ်းပတမ်း ယူထုတ်လိုက်မိသည်။

ချီဖုန်းသည် WeChat Scan ဖွင့် ပြီးသည်နှင့် သူ့ ဖုန်းအား ကောင်းကျွင်းဖေ အရှေ့၌ ထားပေးလိုက်ရင်း လင်းခယ်ဘက်စောင်းငဲ့ကြည့်လိုက်ပေသည်။

သူက လင်းခယ် သိအောင် ရည်ရွယ်ချက်ရှိရှိကြည့်လိုက်ခြင်းဖြစ်ပြီး ဆိုလိုရင်း အဓိပ္ပါယ်က အသိသာကြီးပင်။

ထိုကဲ့သို့ ကြည့်လိုက်တာတောင် တစ်ဖက်သူက မ Add ဘူးဆိုရင်တော့ ချီဖုန်းသည် ယခုချက်ချင်းတော့ ဒေါသပေါက်ကွဲမည် မဟုတ်သော်ငြား အနာဂတ်ကျ သူတို့ရဲ့ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်သွားလိမ့်မည်သာ။

ဒါပေါ့လေ။ လင်းခယ်ကငတုံးမှမဟုတ်တာ။ ထို့ကြောင့် သူလည်း သူ့ဖုန်းအားယူထုတ်၍ - " ဒါဆို ငါလည်း Add လိုက်မယ်လေ "

ချီဖုန်း - " ...! "

လင်းခယ်သည် ချီဖုန်းရှေ့ ကောင်းကျွင်းဖေအား ရဲရဲတင်းတင်း Add ရခြင်း အကြောင်းမှာ သူ ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်၍ပင်။

ခုခေတ်၌ လူတိုင်း လိုလိုက WeChat သုံးနေကြသည်ဖြစ်ပြီး သူတို့အခန်းဖော်နှင့် အတန်းဖော်များအား အနှေးနဲ့အမြန်ဆိုသလို Add ရလိမ့်မည်ဖြစ်၍ ချီဖုန်းအား သူ တစ်သက်လုံးရှောင်နေနိုင်မည်မဟုတ်ပေ။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Onde histórias criam vida. Descubra agora