42 - Red Sandalwood Wooden Sign

1.6K 259 4
                                    

Unicode

နံ့သာနီသစ်သားတံဆိပ်ပြားလေး

မနေ့ညကအနမ်းကလွန်ခဲ့သည့်စက္ကန့်အနည်းငယ်လောက်ကမှဖြစ်ပျက်ထားသလိုမျိုးလင်းခယ်၏နှလုံးသားအားအရိုင်းဆန်စွာခုန််ပေါက်လာစေပီးအချိန်အတော်ကြာအောင်စိတ်အေးအေးထားဖို့ခက်ခဲနေစေသည်။

သူသည်အိပ်ရာထက်၌တိတ်တဆိတ်သာလှဲနေခဲ့ရင်းယမန်နေ့ညအိပ်ရာမဝင်ခင်ချီဖုန်းပြောခဲ့သည့်စကားများအားပြန်တွေးနေခဲ့မိသည်။သူသည် "ငါမင်းကိုအတော်လေးကြိုက်တယ်" ဆိုသည့်စကားလေးအားထပ်ဖန်တလဲလဲပြန်တွေးနေခဲ့ရင်းပထမဆုံးအကြိမ်အနေဖြင့်ချီဖုန်းကသူထင်ထားသလိုအဖြောင့်မဟုတ်တာများလားဟုတွေးနေခဲ့မိသည်။နောက်တစ်မျိုးပြောရရင်ချီဖုန်းကသူ့အပေါ်နည်းနည်းလေးသဘောကျနေဖို့ဖြစ်နိုင်လောက်လား __ သူသဘောကျသလိုပုံစံမျိုးနဲ့လေ။

ချီဖုန်းသာလိင်တူအချင်းချင်းချစ်သူများအဖြစ်ဟန်ဆောင်တာကိုလက်ခံနိုင်ရင်၊လိင်တူအချင်းချင်းထိတွေ့တာကိုလက်ခံနိုင်ရင်၊လိင်တူအချင်းချင်းလျှာဖြင့်နမ်းတာကိုတောင်လက်ခံနိုင်တယ်ဆိုရင် ... ထိုလက္ခဏာများကချီဖုန်းလည်း ယောက်ကျား‌တစ်ယောက်ကိုလက်ခံနိုင်တယ်ဆိုတာညွှန်ပြနေခြင်းပင်မဟုတ်ပါလား။

ချီဖုန်းကသူ့ကိုယ်သူအဖြောင့်တစ်ယောက်ပါဟုအခိုင်အမာဆက်ပြောနေဦးမည်ဆိုရင်လည်းလင်းခယ််ကတော့ဘာမှပြောစရာမရှိပါချေ။ပြောရရင်ယနေ့ခေတ်အဖြောင့်ကောင်လေးများတွေးနေသည့်ကိစ္စများအားသူနားမလည်နိုင်သောကြောင့်ပင်။

သူ၏အယူအဆမှန်ကန်ခဲ့မည်ဆိုရင်လည်းလင်းခယ််နားမလည်နိုင်သည့်အရာတစ်ခုရှိနေသေးပေသည် __ ဘာကြောင့်များချီဖုန်းကသူ့အားချစ်သူကောင်လေးအဖြစ်ဟန်ဆောင်ခိုင်းရပါသနည်း?

တစ်ဖက်သူက 'ငါမင်းကိုအတော်လေးကြိုက်တယ်' ဟုပြောခဲ့သည်ပင်။ဒါကဝန်ခံဖို့လုံလောက်နေခဲ့ပီမဟုတ်ဘူးလား ? အတိုင်းအတာတစ်ခုထိချီဖုန်းကသူနှင့်အတည်တွဲရန်လက်မခံနိုင်သေးသဖြင့် "ဟန်ဆောင်ကြဖို့" သာခွင့်တောင်းခဲ့ခြင်းဖြစ်ပေလိမ့်မည်။ဟုတ်တယ်ဟုတ်?

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now