56 - Part 2

1.8K 261 16
                                    

Unicode

ထိုကိစ္စ လုပ်လိုက်ပီးနောက်တွင်တော့ သူတို့ နှစ်ယောက်လုံး၏နှလုံးသားထဲ အလွန်တရာ ရှင်းလင်းသွားခဲ့ပီး မည်သည့်အရာမှ ရှင်းပြဖို့ မလိုအပ်တော့ပေ။

ဘယ်သူ့ကြောင့် ဘယ်သူက "ကွေး" ခဲ့သည်ဖြစ်စေ၊ နှစ်ယောက်လုံးက ပြန်၍ မ "ဖြောင့်" နိုင်တော့ပီပင်။

ပီးဆုံးသွားချိန်၌ နှစ်ယောက်လုံးအနည်းငယ် ရှက်ရွံ့နေခဲ့ကြပီး မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေခဲ့မိပေသည်။

ဟိုတယ်၌ပင် သူတို့ ညအိပ်ခဲ့ကြကာ ချီဖုန်းက အွန်လိုင်းပေါ်မှ ကိတ်မုန့်တစ်လုံးနှင့် ပန်းများမှာယူခဲ့သလို ဟိုတယ်၏အဆင့်အတန်းမြင့် စားဖွယ်ရာများကိုလည်း မှာယူ၍ ရိုးရိုးရှင်းရှင်း အရိုင်းဆန်လွန်းသည့် တစ်ညအိပ်ခြင်းအား မင်္ဂလာဦးညနှင့်တူအောင် ပြုလုပ်နေခဲ့ပေသည်။

လင်းခယ်တစ်ယောက် တစ်ဖက်သူ၏ချစ်ပြနေမှုအား အနည်းငယ် သည်းမခံနိုင် ဖြစ်နေမိသော်လည်း သူ လွှတ်ထားလိုက်မိသည်။

ညစာစားပီးနောက် သူ ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ပီး ရေချိုးခန်းထဲမှ သူသဘက်တစ်ထည်ပတ်၍ ထွက်လာသည့် အချိန် ချီဖုန်းတစ်ယောက် သူ့အား ပူလောင်ပြင်းထန်လွန်းသည့် အကြည့်များဖြင့် လိုက်ကြည့်နေကြောင်း ခံစားလိုက်မိလေသည်။

တစ်ဖက်သူလိုချင်နေမှန်း သူ သိသည်ပင်ဖြစ်ပီး သူကလည်း ငြင်းပယ်မည် မဟုတ်ပေ။

လင်းခယ် အိပ်ရာပေါ်  လှဲလျောင်းချလိုက်သည်နှင့် ချက်ချင်းဆိုသလို ချီဖုန်းသည် သူ့အား ပွေ့ဖက်လာခဲ့လေသည်။

ကြီးမားသည့်ခွေးပေါက်လေးက သခင်အား ကပ်ချွဲနေသလိုမျိုး တစ်ဖက်သူသည် လင်းခယ်၏ မျက်ခွံများ၊ ပါးများနှင့် နှုတ်ခမ်းတို့အား ရေခဲမုန့် လျက်သလို စုပ်လိုက်၊ လျက်လိုက်လုပ်နေခဲ့ပီး လင်းခယ်၏လည်ပင်းနှင့် ပုခုံးကြား သူ့ခေါင်းအား တိုးဝှေ့နစ်မြုပ်ထားရင်း လင်းခယ်၏ရနံ့အား မက်မက်မောမော ရှူရှိုက်နေခဲ့လေသည် ... လင်းခယ်ခန္ဓာကိုယ်က ပျားရည်နှင့် ပန်းရနံ့တို့ဖြင့် ပြုလုပ်ထားသည့်အတိုင်းပင်။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now