5 - Reborn

1.5K 194 0
                                    

ပြန်လည်မွေးဖွားခြင်း

အဝေး၌ ရပ်နေခဲ့သည့် ကျောင်းသားများက လင်းခယ်ပြောသည့်စကားအားမကြားလိုက်ကြသော်လည်း ချီဖုန်းနှင့် ကျန်းယင်ကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်သည်သာ။

ကျန်းယင်လည်း အလွန်တရာအံ့ဩသွားခဲ့ရပေသည်။ ထိုကောင်လေးအပေါ် ပေးခဲ့သည့် အခွင့်အရေးမျိုး အခြားသူတစ်ယောက်အား သူမ မပေးခဲ့ဖူးပေ။ အခြား ကောင်လေးတစ်ယောက်သာဆို အလွန် ပျော်ရွှင်သွားမည်မှာသေချာပေါက်ပင်။ သို့သော်လည်းထိုကောင်လေးကတော့ အခွင့်အရေးအား လက်လွှတ်ချင်နေပေသည် ... အရေးကြီးဆုံးအချက်မှာ သူ့ဖျော်ဖြေမှုက လုံးဝ အခြေအနေမဆိုးပေ။ ဘာကြောင့်များ ထွက်ချင်နေရပါလိမ့်!

သူမလည်း သိချင်စိတ်ဖြင့် - " ဒီလို ဆုံးဖြတ်ရတဲ့ အကြောင်းရင်းက? "

လင်းခယ်လည်း အောက်ငုံ့ကြည့်လိုက်မိပေသည်။ သူ့ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုက မပျောက်ကွယ် သွားသေးသော်လည်း သူ၏ ဆင်ခြင်တုံတရားများကိုတော့ ပြန်ရလာခဲ့ပြီဖြစ်သည်။

အကြောင်းမှာ သူ ကောင်း‌ကောင်း ဖျော်ဖြေနိုင်ခဲ့ခြင်းမရှိသလို ဖျော်ဖြေနေစဉ်တချိန်လုံးလည်း ချီဖုန်းကသာ သူ့အား ထောက်ပံ့ပေးခဲ့ခြင်း‌ကြောင့်ပင်။

ချီဖုန်းကြောင့်သာမဟုတ်လျှင် သူ့ဖျော်ဖြေမှုက တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများနှင့် ရှုပ်ထွေးသည့် ခံစားချက်များအား ဖွင့်ထုတ်ပြသလိုဖြစ်နေသည့်တစ်ကိုယ်တော်ရှိုးလိုပင်ဖြစ်နေလိမ့်မည်ဖြစ်ပြီး လုံးဝရှုံးနိမ့်မည်သာ။

အစောပိုင်းတုန်းကထုတ်ပါယ်ခံလိုက်ရသည့် ကျောင်းသားနှင့် သူကဘယ်လိုလုပ်ကွာခြားတော့မည်နည်း။

မိုးခြိမ်းသံတမျှ ကျယ်လောင်လွန်းသည့် ပရိ သတ်များ၏လက်ခုပ်တီးအားပေးသံများကလည်း ချီဖုန်း၏အရည်အချင်း ပို၍ ပေါ်လွင်အောင် မီးမောင်းထိုးပြနေသလိုမျိုးပင်။

သူ ထိုစင်ပေါ်ဆက်လက်ရပ်နိုင်ဖို့အတွက် ချီဖုန်း အကူအညီ အပေါ် မှီခိုရမည် ဆိုတာမျိုးကကျ သူ့မာနက ခွင့်မပြုပေ။

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now