60 - WeChat

1.5K 266 13
                                    

WeChat

ကျန်းယင်သည် အချို့သော အကြောင်းရင်းများကြောင့် လင်းခယ်အား အလွန်ရင်းနှီးနေသလို ခံစားနေရပေသည်။ သူတို့နှစ်ယောက်စန္ဒယားတီးနေကြသည်အား  သူမ ကြည့်နေမိရင်း လွန်ခဲ့သည့်နှစ်များစွာက‌ ဆုံခဲ့ဖူးသည့် ကလေးတစ်ယောက်အား မနေနိုင်ဘဲ တွေးမိသွားရသည်။

လင်းခယ်က တအားထူးခြားနေခြင်းကြောင့်တော့ မဟုတ်ပေ။ သို့သော်လည်း ယခင် နှစ်များအတွင်း ချီယွီ တရုတ်ပြည်ပြန်လာသည့်အခေါက်ရေက လက်ချိုးရေ၍ပင် ရကာ ထိုတစ်ခေါက်ကလည်း သူ တရုတ်ပြည်သို့ ပြန်ရောက်နေချိန်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူက သူမအားတွေ့ရန် ရုပ်သံလွှင့်ဌာနသို့ ရောက်လာတုန်း သူမက ဆွဲခေါ်၍ ထိုကလေးနှင့် တွဲဖက်ဖျော်ဖြေခိုင်းလိုက်ခြင်းဖြစ်ကာ၊ ထို့ကြောင့်လည်း ထိုကလေးအား သူမအာရုံစိုက်ခဲ့မိခြင်းပင်။

သူမဆီမှနေထိုမေးခွန်းအားကြားလိုက်ရချိန် လင်းခယ်နှလုံးသားက ရပ်တန့်တော့မလိုပင်ဖြစ်သွားရပေသည်။ အမှန်တရားကိုသာ သိသွားပါက ချီဖုန်း သဝန်တိုမည်အား စိုးရိမ်မိသောကြောင့် လင်းခယ်လည်း ရူးနှမ်းတုံးအသလိုသာ ပြုမူလိုက်တော့သည်။

" ဟင်! မပြိုင်ဖူးဘူးဗျ "

ကျန်းယင်က ခေါင်းညိမ့်ပြပီး ထပ်မမေးလာခဲ့တော့ပေ။ ဒီကမ္ဘာကြီးထဲ ရုပ်တူတဲ့ လူတွေ အများကြီးပဲဟာ။ သူမအမှတ်မှားတာလည်း ဖြစ်နိုင်တာပဲလေ။

သို့သော်လည်း ထိုအမေးအဖြေကဏ္ဍက ချီဖုန်း၏ အာရုံအား ဆွဲဆောင်သွားကာ သူက သိချင်စိတ်ဖြင့်

" ဘယ်လိုအရည်အချင်းစစ်ပြိုင်ပွဲမျိုးလဲ "

ကျန်းယင်ကလည်း ပြုံး၍ ရှင်းပြလာခဲ့ပေသည်။

" လွန်ခဲ့တဲ့ငါးနှစ်က မားတို့ရုပ်သံလွှင့်ဌာနကနေ တစ်နိုင်ငံလုံးက မူလတန်းနဲ့အလယ်တန်း ကလေးတွေဝင်ပြိုင်နိုင်တဲ့အရည်အချင်းစစ် ပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ် ပြိုင်ပွဲရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကလေးအစီအစဉ်အ တွက် အစီအစဉ်မှူးအဖြစ် ပျိုးထောင်ပေးဖို့ပဲ "

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Wo Geschichten leben. Entdecke jetzt