ဒါ ကျနော့်ကောင်လေး
" မင်း တကယ်ကြီး ... "
လင်းခယ်တစ်ယောက် အံ့ဩ ဆွံ့အသွားခဲ့ရတော့သည်။
မိသားစုထံ Come Out လုပ်တယ်ဆိုတာမျိုးက သေသေချာချာစဉ်းစားဆုံးဖြတ်ပီးမှလုပ်သင့်တာမျိုးမလား။ ဘယ်လိုလုပ် ဒီလောက်လွယ်ကူနေရတာလဲ!
ချီဖုန်းက သူကြောက်အောင် ခြောက်လှန့်နေခြင်းများလားဟုပင် သူသံသယဝင်လာရပေသည်။ သို့သော်ငြား ချီဖုန်း ကြည့်ရသည်မှာ နောက်နေသည့်ပုံလည်း မပေါ်ချေ။
သူက အကူအညီမဲ့ဟန်ဖြင့် ပြုံးပြလာခဲ့ကာ
" ငါလည်း မတတ်နိုင်ဘူးလေ၊ အားလပ်ရက်ရ ကတည်းကစ ငါ မင်းကို နေ့တိုင်း လွမ်းလို့ မကြာမကြာ ဖုန်းခေါ်နေတာကို ငါ့မားလည်းတွေ့မှာပေါ့၊ သူ(မ)က ငတုံးမှ မဟုတ်တာ၊ ငါ့နဲ့ပတ်သက်ပီး တစ်ခုခုမှားနေမှန်း သတိပြုမိသွားတာက ပုံမှန်ပါပဲ ငါ့ကို နှစ်ခါတောင်မေးတာ၊ ပထမ တစ်ကြိမ်တော့ သူ(မ) လက်မခံနိုင်မှာ စိုးရိမ်လို့ ငါ မပြောပြခဲ့ဘူး ဒါပေမယ့် ငါ မပြောပြဘဲ နေလေလေ သူ(မ)ကပိုပီးသိချင်လေလေဖြစ်နေတာ "
လင်းခယ် - " အဲ့တာနဲ့ မင်းပြောပြလိုက်တယ်ပေါ့ "
ချီဖုန်းက သူ့နှင့်သူ့မားတို့ပြောခဲ့သည့်စကားဝိုင်းအကြောင်း ပြန်၍ပြောပြလာခဲ့ပီးနောက်
" တကယ်တော့ ငါ့နဲ့ ငါ့မားကြားက ဆက်ဆံရေးကတော်တော်ရင်းနှီးတယ်ပြောရမယ် ငါငယ်ငယ်ကတည်းကစ သူ့ကို သူငယ်ချင်းလိုဆက်ဆံဖို့ပဲသင်ပေးထားတော့ တစ်ခုခုပြောစရာရှိရင် ဖုံးကွယ်ထားစရာ မလိုဘူး "
သူ့သည် လင်းခယ်အပေါ်လေးလေးနက်နက်ချစ်ကြိုက်ခြင်းဖြစ်ပီး သူ့မားရှေ့ဖုံးကွယ်နေခြင်းက ခိုးကြောင်ခိုးဝှက်ပြုမူနေသလိုခံစားရလေသည် ...
" နောက်တော့ငါတွေးမိတာ မင်းကဒီလောက်အံ့ဩဖို့ကောင်းတဲ့ဟာ၊ ယောက်ျားလေးတစ်ယောက် ဖြစ်နေတာကလွှဲ၊ အခြားဘာမှ ပြောစရာမရှိဘူးလေ အဲ့တော့ ငါ ဘာလို့မပြောဘဲနေရမှာလဲ စောစောစီးစီး ပြောထားလိုက်တာ ပိုကောင်းတာပေါ့ "
VOCÊ ESTÁ LENDO
The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)
RomanceTitle - The Daily Life Of Being The Campus Idol's Fake Boyfriend (给校草当假男友的日子) Arthor - 羲和清零(Xi He Qing Ling) Status in COO - 65 Chapters + 9 Side Chapters Genre - Romance, School Life, Yaoi Tags - Music, Modern Days, Pretend Lovers, First Time Inter...