56 - Be Honest With Each Other

2K 261 10
                                    

Unicode

အချင်းချင်းရိုးသားပွင့်လင်းစွာ

စာမေးပွဲပီးကာစဖြစ်သောကြောင့် ဦးနှောက်ဆဲလ်များ မောပမ်းနေခဲ့ချိန် ချီဖုန်းနှင့်အတူ မနက်ဖြန် အိပ်ရာဝင်ရမည့်အကြောင်း တွေးလိုက်မိပီး လင်းခယ်လည်း ခေါင်းကိုက်သွားရတော့သည်။

ထိုကိစ္စအား သူမမျှော်လင့်ထားသောကြောင့် မဟုတ်ဘဲ အလွန်အမင်း တန်ဖိုးထားနေမိသောကြောင့်ပင်။

ပြောရရင် ဘာလုပ်ရမှန်း သူမသိသဖြင့် ဟိုတွေးဒီတွေးဖြင့် အရာရာတိုင်းအား စိုးရိမ်နေခဲ့မိပေသည်။ သူ့ခန္ဓာကိုယ်က အလွန်အကျွံတုံ့ပြန်မိမှာကိုလည်း စိုးရိမ်နေရကာ "လိင်တူဆက်ဆံခြင်းကြောင့် ခံစားချက်ဖြစ်ပေါ်လာသည့် အဖြောင့်တစ်ယောက်" နှင့် မတူမှာကိုလည်း တွေးပူနေရသေးသည်။

သူ့အောက်ပိုင်းခန္ဓာကိုယ်က ဦးနှောက်အား ထိန်းချုပ်သွားမှာကို ကာကွယ်ရန်အတွက် သူသည် ထိုညက အဆောင်ပြန်ရောက်သည့်အချိန် ရေချိုးခန်းထဲ၌ ပုန်းကွယ်ရင်း အချိန်အတော်ကြာအောင် ရေချိုးနေခဲ့မိသည်။ ထိုမှသာ မနက်ဖြန်ကျ သူ "ဆန္ဒများထုတ်လွှတ်ခြင်း" နှင့် တူလေမည် မဟုတ်ပါလား။

သူထွက်လာပီးနောက် ချီဖုန်းလည်း ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ကာ အတော်ကြာသည့်အချိန်မှ ပြန်ထွက်လာခဲ့ပေသည်။ သူတို့နှစ်ယောက်အား ကြည့်ရသည်မှာ ယခုည လုပ်ကြတော့မည့်အတိုင်းပင်။

နောက်တစ်နေ့ နေ့လည်ပိုင်း၌ အခန်း 412 မှ လေးယောက်သား နေ့လည်စာ အတူတူစားလိုက်ကြလေသည်။ ရှဲ့ချီပေါင်က ယ‌ခုနေ့လည်ကျ အမြန်ရထားဖြင့် သူ၏ဇာတိမြို့သို့ ပြန်တော့မည်ဖြစ်ပီး ကောင်းကျွင်းဖေကကျ သူ့အစ်ကိုက ဘွဲ့ရပီးနောက် မြို့ထဲ၌ အလုပ်လုပ်ရင်းနေထိုင်သူဖြစ်၍ အထုပ်သိမ်းပီး သူ့အစ်ကိုနှင့်အတူ သွားနေရန် စီစဉ်ထားခဲ့‌ပေသည်။

လေးယောက်သား နှုတ်ဆက်ခွဲခွာလိုက်ကြပီးနောက် ချီဖုန်းသည် လင်းခယ်အား အရှေ့ဘက်ဂိတ်ပေါက်ရှိရာသို့ ခေါ်လာခဲ့၍ လင်းခယ်လည်း စိတ်ရှုပ်ထွေးသွားရပီး

The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Où les histoires vivent. Découvrez maintenant