1

844 57 13
                                    

နွေးထွေးကာ အေးချမ်းသော နံနက်ခင်းတစ်ခု.........
စက်ဘီးသေးသေးလေးအား တွန်းကာ လမ်းမတစ်လျှောက် ပြေးလွှားနေသော ကောင်လေးတစ်ယောက်......
နံပြားအဝိုင်းဦးထုပ်လေးဆောင်းကာ ဆွယ်တာပွပွနှင့် ဒူးအတိဘောင်းဘီတို၀တ်ဆင်ထား၏။
ကင်းဗတ်ရှူး အဖြူရောင်လေးအား ပနံသင့်စွာ ၀တ်ဆင်ထားပြန်သည်....
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် အပြုအမူများက ကလေးတစ်ဦးပမာ ပြောင်းလဲခြင်းမရှိ.......
ပြုံးလိုက်လျှင် ပေါ်ပေါ်လာသော လေးထောင့်ဆန်ဆန်အပြုံးလေးနှင့် လမ်းပေါ်ရှိ တွေ့သမျှလူအား နှုတ်ခွန်းဆက်နေသည်.......








" ဟေး ထယ်ယောင်း မနက်အစောကြီး စက်ဘီးစီးကျင့်မလို့လားကွ...... "
" ဟုကဲ့ ဦးလေး...... ဘွားဘွားမနိုးသေးတာနဲ့ ခိုးထွက်လာတာ ဟီး...... "
" အေးပါကွာ သေချာလည်းသင်ဦးနော့..... "
" သိပါတယ် ဦးလေးရဲ့..... "






အိမ်နားရှိ အသိဦးလေးကြီးအား ခွန်းတုံ့ပြန်လျက် ဦးတည်ရာကား ရပ်ကွက်ရှိ ပန်းခြံလေးဆီ......
ထိုနေရာက နံနက်ခင်း လူရှင်းကာ စက်ဘီးစီးလို့ကောင်းသည်မို့ ထယ်ယောင်း လာခဲ့ခြင်းဖြစ်၏။
ဆယ့်ငါးနှစ်အရွယ်သာ ရောက်လာသည် ခုထက်ထိ စက်ဘီးအား ကျွမ်းကျင်စွာ မစီးနိုင်သေးသည်မှာ ထယ်ယောင်းတစ်ယောက်သာ ရှိလိမ့်မည်.......
အိမ်ရှိ မေမေနှင့် ဖွားဖွားမှာလည်း သူ့အား ထိခိုက်မည်စိုးသဖြင့် စက်ဘီးစီးသင်ရန် ခွင့်မပြုခဲ့......
အစစအရာရာတွင် အလိုလိုက်ပါသော်လည်း စက်ဘီးစီးသင်ရန်တောင်းဆိုလျှင် အငြင်းဝါကျကိုသာ ပြန်ရတတ်၏။
ပီးလျှင် မရိုးနိုင်သော ဆင်ခြေက
သားထယ် ထိခိုက်မှာစိုးလို့တဲ့.....
အိမ်က လူတွေအကြောင်းတွေးရင်းမှ ထယ်ယောင်း ယူလာသော စက်ဘီးလေးအား ပြန်ကြည့်မိသည်.....
စက်ဘီးက ကလေးစီးအရွယ်သာသာ.....
သူများစက်ဘီးလည်းမဟုတ်.....
အိမ်က လေးနှစ်အရွယ် ညီငယ်၏ စက်ဘီးလေး......
အကြီးဖြစ်သော သူ့အား စက်ဘီးစီးသင်ရန် တားမြစ်ထားပေမယ့် အငယ်အား အလိုလိုက်ကာ အချစ်ပိုလွန်းသော ဖေဖေကြောင့် ကလေးစီးစက်ဘီးလေး ၀ယ်ပေးထား၏။
အင်းမ် သူ့ကိုသာ သူ့ကိုသာ......
အကြီးဖြစ်ရတာ ကောင်းကို မကောင်းဘူး......











sᴛᴏʀʏ ᴏғ ʟᴀᴠᴇɴᴅᴇʀ ♡Where stories live. Discover now