19

94 18 5
                                    

" ယောင်း ကို့ရဲ့ယောင်း.... "
ကြားလိုက်ရသော အသံကြောင့် ထယ်ယောင်း လက်ကလေးများတုန်လျက် အကြောင်သားရပ်နေမိသည်......
ဖုန်းခွက်ထဲမှ အသံကတော့ အသက်ရှုသံခပ်ပြင်းပြင်းနှင့်အတူ သူ့အထူးအား စောင့်နေဟန်ရှိ၏။
" ယောင်း..... ထူးပါဦး ယောင်းရဲ့...... "
" ဟာ မင်း ဘယ်လိုတွေဖြစ်နေတာလဲ...... ညဘက်ကြီးဘာလို့ဖုန်းခေါ်တာလဲ..... မေမေတို့သိသွားရင်...... "
သူ့အမေသိသွားမည်စိုးနေသော ကောင်လေးက တကယ်အူယားဖွယ်တးအတိ......
အသံအားကြိတ်ပြောနေသည်မို့ ဩရှရှအသံလေးက တစ်မျိုးနားထောင်ကောင်းလို့နေသည်......
ဂျောင်ဂုမှာတော့ ဖုန်းကိုင်ထားရင်းမှအပြုံးတို့မရပ်တန့်နိုင်......









" ကိုကလွမ်းလို့ဆက်တာလေ ယောင်းရဲ့..... "
" ဒါ့ထက် မင်းသက်သာပီလား..... ဆေးရုံကရော..... "
သူ့အပြောအား လမ်းကြောင်းလွှဲကာ မေးတတ်ပြန်ပါသေးတော့......
" သက်သာလို့ ကိုအခုပဲဖုန်းဆက်နေတာပေါ့ ယောင်းရဲ့.... ယောင်းရော ကို့ကိုမလွမ်းဘူးလားဟင်...... "
" အို ပေါက်ပေါက်ရှာရှာ ဘာလို့...... "
မဟုဘူးဟုဆိုလိုက်ပါသော်လည်း ကကြီးပုံနှုတ်ခမ်းလေးက ပြုံးယောင်သမ်းနေသည်ကိုတော့ သူကိုယ်တိုင်ပင် သတိထားမိပုံမရ.....
" ယောင်းက ရက်စက်တာပဲ ကို့ကို ကို့မှာတော့ လွမ်းလိုက်ရတာဆိုတာ...... "
" ဟေး မင်းအဲ့လိုစကားတွေပြောမယ်ဆို တော်လိုက်တော့ ညရောက်နေပီ မေမေအနားရောက်လာလို့ရှိရင်မကောင်းဘူး..... ဒါပဲ..... "
" ‌ယောင်း နေပါဦး ယောင်းရဲ့ ကိုပြောစရာလေးကျန်သေးတယ်လေ ခဏလေး ခဏလေးနားထောင်ပေးနော်...... "
အသဲအသန်တောင်းဆိုနေပါသော သူကြောင့် ထယ်ယောင်း ဖုန်းခွက်ကိုသာကိုင်ထားမိသည်......
ဘေးဘီကိုလည်းကြည့်ရပါသေး၏။
တော်ကြာ မေမေရောက်လာမှဖြင့်.....
" ယောင်း ယောင်းကို့ကို လက်ခံခဲ့တဲ့နေ့လေးက ဘယ်နေ့လဲသိလား.... "
" ငါကဘယ်လိုလုပ်သိမှာလဲ အဲ့တာက လွန်ခဲ့တဲ့နှစ်ရက်ကမဟုလား လွန်ခဲ့တဲ့နှစ်ရက်ကဆို...... "
" နေပါယောင်းရဲ့ ကိုပဲပြောတော့မယ်..... မှတ်မှတ်ရရ အောက်တိုဘာ 17 ည‌နေခင်းအချိန်လေးမှာ ယောင်းကကို့ကို ချစ်တယ်လို့ခေါင်းငြိမ့်ခဲ့တယ်လေ..... "
" အွန်း အဲ့တာဘာဖြစ်သလဲ..... "
ပြောသာပြောနေရသော်လည်း ထယ်ယောင်းမှာ ရှက်သဖြင့် မျက်နှာပူနေချေပီ......
ထိုမောင်‌မင်းကြီးသားသာမြင်လျှင်.....











sᴛᴏʀʏ ᴏғ ʟᴀᴠᴇɴᴅᴇʀ ♡Where stories live. Discover now