10

118 18 3
                                    

" မေ..... "
မနက်စာထမင်းဝိုင်းတွင် တီးတိုးလှမ်းပြောသော သားဖြစ်သူကြောင့် ဆာရာ မျက်ခုံးပင့်၍ လှမ်းကြည့်မိသည်.......
" ပြောလေ ဂျွန်..... "
" ဟို မေ့ အသိတွေထဲမှာ စိတ်ရောဂါကုဆရာ၀န်တွေ ဘာတွေများ ရှိသလား...... "
" ဟိုး နေပါဦး ငါ့သားက ဘာဖြစ်လို့ စိတ်ရောဂါကုဆရာ၀န်ကို ရှာနေရသလဲ မေ့ကို အရင်ရှင်းပြစမ်းပါဦး...... "
လှီးနေသော ပေါင်မုန့်အား ခေတ္တရပ်ကာ ရှေ့မှ သားဖြစ်သူအား လှမ်းအကဲခတ်မိသည်......
သို့သော် သားဖြစ်သူ၏ အသွင်က မတုန်မလှုပ်ရယ်......
" ဟိုလေ ထယ်ယောင်း ထယ်‌ယောင်းက..... စိတ်ဒဏ်ရာရနေတယ်ထင်လို့ သူ့ကို ဆရာ၀န်‌နဲ့ပြကြည့်စေချင်လို့ပါ...... "
ခေါင်းအသာငုံ့ကာ ဆိုလာသော စကားတို့အား ဆာရာ ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေမိသည်......
ထယ်ယောင်းဆိုသော ကလေးကိုလည်း သူမသိပါ၏။
သူ့အဘွားဆုံးသွားသည်မှာ သိပ်မကြာသေး......
ခုမှ သိသော ကလေးကိုပင် စိတ်ပူပေးနေသော သားဖြစ်သူအား အံ့ဩမိပါသေး၏။
" အဲ့တာဆို ဂျွန်က စိတ်ပူပေးတာပေါ့ ဟုသလား...... "
" ဟာ အဲ့လိုလည်းမဟုရပါဘူး မေရ သားက သူငယ်ချင်း‌အနေနဲ့ ကူညီပေးချင်ရုံပါ ပီးတော့ သူက စာတော်တယ်လေ...... "
" ဟုပါပီ ဟုပါပီ...... "
သူမ၏ မေးခွန်းအား အဓိပ္ပာယ်ပါပါ ပြန်ဖြေရှင်းနေသော သားကြောင့် ဆာရာ ပြုံး၍ သာ‌ကြည့်နေလိုက်သည်.......
သားပျော်လျှင်ပဲ သူမ ကျေနပ်ပါသည်.......













" ‌နမ်ဂျွန်း ဒီနေ့ ကျူရှင်မတတ်နဲ့ ငါတို့ ထယ်ယောင်းဆီ သွားကြမယ်..... "
" ဟမ် ဘာလို့လဲ.... "
" ငါ့အမေအသိ ဆရာ၀န်နဲ့ ထယ်ယောင်းကို ပြပေးမလို့..... အဲ့တာ မင်းပါလိုက်ခဲ့ချေ..... "
" ရား ထယ်ယောင်းကို ဆရာ၀န်နဲ့ပြရအောင် သူကဘာဖြစ်နေတာမို့လို့လဲ မင်းကလည်းလေ လုပ်လိုက်ရင် အဆန်းချည်းပဲ...... "
မျက်လုံးပြူးမျက်ဆံပြူးနှင့်အော်ပြောနေသော နမ်ဂျွန်းအား ဂျောင်ဂု နားနှစ်ဖက်ပိတ်ထားသည့် ပုံစံလုပ်ပြလိုက်သည်......
အကြောင်းက‌တော့ သူပြောတာ နားမထောင်သည့်သဘော......
" ပြော ပြော လိုက်မှာလား မလိုက်ဘူးလား...... "
" လိုက်မယ်ကွာ လိုက်မယ် မင်းက မလိုက်မချင်းရစ်နေမယ့်ဟာကို...... "
မျက်စိပျက်မျက်နှာပျက်နှင့် လုပ်ပြနေသော နမ်ဂျွန်းကြောင့် ဂျောင်ဂုမျက်နှာတွင် ခပ်ရေးရေးအပြုံးတို့ ဖြစ်တည်သွား၏။











sᴛᴏʀʏ ᴏғ ʟᴀᴠᴇɴᴅᴇʀ ♡Where stories live. Discover now