" မင်းက လေးစားမှုမရှိတာပဲ..... အဖြေလေးပြရတာ ဘာဖြစ်တာမှတ်လို့....... "
သူ့အား မကြည်ကြည့်နှင့် ကြည့်နေပါသော ထိုကောင်လေးအား ယွန်းဂီ ခပ်ပေါက်ပေါက်ဆိုမိသည်......
" အောင်မာ ခင်ဗျားကရော လေးစားမှုရှိလို့လား ကြောင်ဖြူကြီးရဲ့..... လာပီးတော့ ကိုယ့်ဉာဏ်နဲ့ကိုယ်မတွက်ဘူး သူများတွက်ပီးသားဟာကိုပဲ လိုက်ကူးချင်နေတာ...... "
" ရား မင်း မင်း ဘယ်လိုပြောလိုက်တယ်..... ကြောင်ဖြူကြီး ကြောင်ဖြူကြီး ဟုသလား...... !!!! "
ထိုနေ့ကတော့ ကျူရှင်တွင် သူတို့နှစ်ဦးသား အသံများဖြင့် ဆူညံနေခဲ့၏။" ဟော သားတို့ရောက်လာကြပီလား....... "
" ဟုကဲ့ အန်တီ ဒါက ကျွန်တော့်မေမေရဲ့ မိတ်ဆွေ စိတ်ရောဂါကုဌာနက ဦးလေး ချွဲမင်ဝူးပါ..... ဦးလေးချွဲ ဒါက ကင်မ်ထယ်ယောင်းရဲ့ အမေ..... "
" ဟု တွေ့ရတာ၀မ်းသာပါတယ်ခင်ဗျ..... "
" ဒီကလည်း တွေ့ရတာ၀မ်းသာပါတယ်ရှင် ဆရာ့ကိုလည်းအပ်ပါတယ်နော် ကလေးကို အရင်ပုံစံလေးအတိုင်းနေအောင် လုပ်ပေးပါနော်..... "
အနည်းငယ် အားကိုးဟန်ရှိသော မျက်၀န်းများကြောင့် မင်ဝူး အားပေးစကားဆိုမိသည်.....
" စိတ်ချပါ ကျွန်တော်အကောင်းဆုံး ကုသပေးပါ့မယ်...... "
ဘာပဲဖြစ်ဖြစ် သူတတ်နိုင်သလောက် ကြိုးစားပေးသွားမည်......
ဆရာ၀န်သည် လူနာများ၏ အားကိုးရာ မဟုပေလား......
သူလည်း အတတ်နိုင်ဆုံး ကုသပေးရပေမည်......
" ဒါဆို သားတို့ အပေါ်တတ်သွားလိုက်နော်..... အန်တီ မုန့်ပြင်လိုက်ဦးမယ်..... "
" အာ ဟုကဲ့.... "
ပြောပြောဆိုဆို မီးဖိုခန်းထဲ၀င်သွားသော အန်တီကြောင့် ဂျောင်ကု ဦးလေးချွဲကိုသာ ဧည့်၀တ်ပြုလျက် အပေါ်ထပ်သို့ ဦးဆောင်ခေါ်ခဲ့ရသည်......." ဦးလေးချွဲ သူကလေ နည်းနည်းတော့ အပြောကြမ်းတယ်သိလား အဲ့ဒီအခါကြရင် ဦးလေးချွဲကပဲ သဘောထားကြီးကြီးနဲ့ လက်ခံပေးပါနော်..... "
" အမလေး အဖြစ်သည်းလိုက်တာ ဂျောင်ဂုရယ် မင်းဦးလေးကလေ သူ့ထက်ဆိုးတဲ့သူတွေနဲ့နေခဲ့ရတာပါ တစ်ခါတစ်လေကျ အဆဲအပြင် အရိုက်ပါခံခဲ့ရတာ သိလား..... အကဲပိုမနေစမ်းနဲ့...... "
" ကျွန်တော်က စိုးရိမ်လို့ပါ ဦးလေးရဲ့...... "
သူ့ထက် ထိုကောင်လေးအား စိုးရိမ်နေဟန်ရှိသော သူကြောင့် မင်ဝူး ပြုံးမိလျက်သား.....
အမ ဆာရာနှင့်တွေ့လျှင် ဒီကိစ္စပြောဖြစ်အောင် ပြောရဦးမည်......