21

171 21 3
                                    

" လာဗင်ဒါပန်းတွေ သိပ်သဘောကျတာပဲလား..... "
ဂျောင်ဂု၏ ခြံထဲတွင် ပျိုးထားသော ပန်းခင်းအား တအံ့တဩငေးမောနေသော သူအား ဆိုမိ၏။
သူ့အသံကြားတော့ အပြုံးရိပ်လေးသန်းကာ လှည့်ကြည့်လာသောသူ.....
" သိပ်ကြိုက်တာပေါ့ ငါ့အကြိုက်ဆုံးပန်းပဲ..... သိပ်ကိုလှတယ်...... "
ပြောချင်ရာပြောအပီး တစ်ဘက်သို့ ပြန်လှည့်သွားသောသူအား ဂျောင်ဂု ဖမ်းဆွဲလိုက်၏။
သေးသွယ်သောကိုယ်လေးက သူ့လက်ထဲ အလိုက်သင့်လေးပါလာသည်.....
" ကို့ကို ကတိပေးထားတာ မေ့နေတယ်ထင်တယ် ဟမ်..... "
အနားနားကပ်ကာ တီးတိုးဆိုလာသော အသံပေမယ့် ထယ်ယောင်းနားထဲတွင်တော့ အကျယ်ကြီးကြားရသလို တုန်လှုပ်သွား၏။
" ဂျောင် ဂျောင်ဂု...... "
ထယ်ယောင်း ရှက်လွန်းသဖြင့် ပြေးထွက်ရန်ပြင်မိပါ၏။
သို့သော် သူနောက်ကျသွားခဲ့ချေပီ......
လွန်ခဲ့တဲ့နေ့တွေ့တည်းက ဂျောင်ဂုက ခွင့်တောင်းခဲ့သည်.....
တစ်ခါလောက် နမ်းချင်ပါသတဲ့....
အရင်နေ့က ဖြစ်ပျက်သွားခဲ့သည်အားကြည့်ရင်း ထယ်ယောင်းခွင့်မပေးခဲ့ချေ......
သို့သော် ယခုတော့......







" ကိုက ကတိတည်မှကြိုက်တာနော် ယောင်း...... "
နားရွက်ကလေးအား တစ်ချက်ဖိကိုက်ကာ ခပ်ဟဟဆိုလာသော စကားသံတို့က ထယ်ယောင်းအား ဒူးထောက်စေ၏။
ကိုကိုယ်တိုင်ပင် မသိလိုက်ဘဲ ခေါင်းသာငြိမ့်လျက်သား......
သူ့ဆီမှ ခွင့်ပြုမိန့်ရသည်နှင့် တရှိုက်မက်မက်နမ်းရှိုက်လာပါသော အနမ်းများ.......
" အွန်း.... ဂျောင်ဂု တော်...... "
အဆက်မပြတ်သော အနမ်းများရပ်တန့်စေခြင်းငှာမစွမ်းသာ......










" ချစ်တယ်..... ယောင်း...... "
နှုတ်ခမ်းလေးအား ခပ်‌ဖွဖွကိုက်ကာ အနမ်းတို့အား အဆုံးသတ်၏။
ထယ်ယောင်းမှာတော့ ယခုမှပင် ရေထဲမှတက်လာသူပမာ မောဟိုက်လို့နေသည်......
" မင်းသိပ်ဆိုးတာပဲ ဂျောင်ဂု..... "
" ကိုက ယောင်းကို သိပ်ချစ်လွန်းလို့ပါ ယောင်းရယ်...... "
ဒီလိုအပြောလေးတွေကြောင့်ပင် ထယ်ယောင်းနှလုံးသားက လှုပ်ရှားသွားပြန်၏။
နှုတ်ခမ်းပါးလေးအား တတိတိကိုက်ရင်း နေနေမိသည်......
ညနေခင်းအချိန် ပန်းခင်းရှေ့တွင် ရပ်နေကြသော သူနှစ်ဦး......
သူတို့နှစ်ဦး၏ မျက်နှာတွင်တော့ ချစ်ရိပ်များသန်းနေခဲ့ကြသည်.....













You've reached the end of published parts.

⏰ Last updated: May 28, 2023 ⏰

Add this story to your Library to get notified about new parts!

sᴛᴏʀʏ ᴏғ ʟᴀᴠᴇɴᴅᴇʀ ♡Where stories live. Discover now