ခြံ၀သို့ရောက်ခါနီးလေ သူ့ခြေလှမ်းများက အရှိန်မြှင့်လာလေလေ......
အသာဟထားသော ခြံတံခါးအားတွန်းကာ အထဲသို့ပြေး၀င်ခဲ့၏။
အိမ်မကြီးရှေ့တွင်တော့ မတ်တပ်ရပ်ကာ ဖုန်းပြောနေသော ဂျောင်ဂုနှင့် ခပ်ဆင်ဆင်အမျိုးသမီးကြီးတစ်ဦးအား တွေ့လိုက်ရသည်......
သူ့အားမြင်တော့ အေးချမ်းစွာ ပြုံးပြလာ၏။" သားလေးက ထယ်ယောင်းဆိုတာလား...... "
" အာ ဟုကဲ့ ဂျောင်ဂုနေမကောင်းဘူးဆိုလို့ လာကြည့်တာပါခင်ဗျ..... "
" ဂျွန်ကလည်း မျှော်နေတာရယ်.... သွား သွား သားလေး သူအပေါ်ထပ်မှာရှိတယ်...... "
" အာ ဟုကဲ့...... "
ထိုအန်တီ ပြောသည့်အတိုင်း အပေါ်ထပ်သို့ တတ်လာခဲ့သည်.....
ရင်ထဲတွင်တော့ တစ်မျိုးတစ်ဖုံပင်.....
ခြေလှမ်းတို့ပြန်လှည့်မည်ပြင်ပါသော်လည်း သူအခု အထဲထိပင်ရောက်နေပီမဟုပါလား......
ပီးတော့ ထိုအန်တီပြောသွားသော
စကားကိုလည်း မတင်မကျနှင့်.....
သူကမျှော်နေခဲ့တယ်တဲ့လား.....အသာဟထားသော အခန်းတံခါး၀တွင် ရပ်နေသော်လည်း သူ့စိတ်တို့က တုံ့နှေးနေမိသည်.....
ဘာမှမဖြစ်ပါဘူးဟုအားတင်းရင်း ဆွဲဖွင့်မည်အပြု လှစ်ဟသွားသော တံခါးနှင့်အတူ ပေါ်လာသော သူ......
" ဂျောင် ဂျောင်ဂု..... "
ဖြူလျော့နေသော မျက်နှာနှင့်ဂျောင်ဂုက သူ့အားတွေ့တော့ အနည်းငယ်ပြုံးပြလာပါ၏။
ပီးသည်နှင့် လက်မှဆွဲကာ အခန်းထဲခေါ်သွင်းလိုက်သော သူ......
" မင်း ဆေးရုံမသွားဘူးဆို..... "
စိုးရိမ်တကြီးမေးနေသော သူ့အပြောအား ဂရုမစိုက်ဘဲ ကုလားထိုင်ပေါ်တွင် မှီထိုင်နေ၏။
" အဟွန်း သွားလည်းဘာထူးမှာလဲ..... ယောင်းမှမချစ်ရင် ကိုအသက်မရှင်ချင်ဘူးလို့ ပြောထားတယ်လေ...... "
" မင်းဟာ...... "
တရစပ်ထိုးနှက်လာသော စကားများက ထယ်ယောင်းအား ပြေးထွက်လို့မရအောင် ချောင်ပိတ်စေသည်.....
" ဘာလဲ ယောင်းက ကိုယ့်ကို မယုံတာလား..... "
ကုလားထိုင်ပေါ်တွင် လျော့တိလျော့ရဲထိုင်နေပုံက တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းလို့နေ၏။
ပီးတော့ ထယ်ယောင်းကြောက်သည်က အရမ်းအတင့်ရဲပါသော အကြည့်စူးစူးများ......
" ........ "
ဒီတစ်ခါတော့ ထယ်ယောင်း ငြိမ်သက်လျက်သာ နေနေမိသည်......
အေးစက်လာသော လက်ဖျားများနှင့်အတူ ပြန်ချင်စိတ်တို့က စိုးမိုးလာ၏။
ထထွက်ရန်အပြု ပုခုံးမှဆွဲချကာ ကုတင်ပေါ်ထိုင်စေသောသူ.....
နေမကောင်းသည့်သူပင်ဖြစ်သော်လည်း ထယ်ယောင်းအား အလွယ်တကူပင် ထိန်းချုပ်နိုင်
သေး၏။
ကုတင်ပေါ်တွင်ထိုင်နေသော သူ့ရှေ့သို့ ဒူးထောက်ချလာကာ လက်များအား ဆုပ်ကိုင်လာသည်......
ထယ်ယောင်းမှာတော့ ဘာကိုမျှမသိချင်သည်မို့ မျက်လုံးကိုသာစုံမှိတ်လို့ထား၏။
" ဟေး ယောင်း ကို့ကိုကြည့်..... "
" ဟင့်အင်း...... "
" ဒီလိုဆိုတော့ ယောင်းက ကိုသေသွားတာမြင်ချင်တယ်ပေါ့လေ..... ဟုသလား...... "
သူ့စကားသံအဆုံး မျက်ရည်များဝိုင်းနေသော မျက်၀န်းညိုကြီးများက ဖျတ်ခနဲ ပွင့်ဟလာသည်
ရွှန်းရွှန်းစားစားကြည့်ပေးလိုက်တော့ အသာအကြည့်လွှဲသွား၏။.....
ဆစ်ခနဲအောင့်နေသော ဗိုက်အား မသိဟန်ပြုရင်း ဂျောင်ဂု အားတင်းထားရသည်.....
" ဂျောင်ဂု ငါ..... "
" အွန်း ငါ ဘာဖြစ်သလဲ...... "
သေမည်ဟူသော စကားလုံးများက ထယ်ယောင်းအား စိတ်ဒုက္ခပေးလွန်းပါ၏။
သူချစ်သောသူများကို မသေစေချင်သည်က ထယ်ယောင်းဖြစ်ချင်သော ဆုတောင်းတစ်ခုသာ.....
ပီးတော့ ခင်တွယ်ရသည့် ဂျောင်ဂု တစ်ခုခုဖြစ်သွားမည်ကိုလည်း သူမလိုလား......
သို့သော်လည်း သူ့နှလုံးသားထဲက ထဲထဲ၀င်၀င်ချစ်နေမိသည်ကိုတော့ ရိုးသားလှသော ထယ်ယောင်းခမျာ သတိမပြုမိ......