" ဟေး ထယ်ယောင်း..... "
မနက်စောစောကျောင်းသွားခါနီး အိမ်သို့ရောက်ချလာသော သူကြောင့် ထယ်ယောင်း အနည်းငယ်တော့ မျက်မှောင်ကြုံ့သွားရသည်.....
ထူးထူးခြားခြား....
" အော သားလေး ဂျောင်ဂု လာ၀င်လေ မင်းသူငယ်ချင်းကတော့ အခုမှပြင်တုန်းပဲရှိသေးတာ..... "
ဂျောင်ဂုအား လှမ်းပြောနေသော မေမေ့အား နက်ခ်တိုင်တပ်နေရင်းမှ ထယ်ယောင်း တစ်ချက်လှမ်းကြည့်မိသည်......
" ဟုလား ကျွန်တော်က ဒီနေ့စောစောထွက်လာဖြစ်လို့ သူမသွားလောက်သေးဘူးဆိုပီး၀င်လာတာ..... "
ဟွန့် ရှေ့လမ်းနဲ့နောက်လမ်းကွာတာကို လမ်းကဘယ်လိုကြုံမှာလဲ လာရင်လာတယ်ပေါ့.....
ယုတ်တိမတန်သော ထိုကိုယ်တော်ချော၏ စကားများအား မကြားဟန်ပြုရင်း ပေါင်မုန့်တစ်ချပ်ကိုသာ ပါးစပ်ထဲ မကျေမနပ်ပစ်သွင်းလိုက်သည်......
" ဟ သူငယ်ချင်းကိုခေါ်ဦးလေ အမေလုပ်သူက ဧည့်ခံနေရတာ..... "
" ဖေဖေကလည်း သူ့ဘာသာသူ လာတဲ့သူကို ဧည့်ခံနေစရာလား ပီးတော့ ထယ်လည်း သွားတော့မှာပဲဟာ..... "
" ကင်မ်ထယ်ယောင်း အဲ့အကျင့်ကြီးဖေဖေမကြိုက်ဘူးနော်.... "
ထမင်းဝိုင်းတွင် ငြိမ်သက်စွာ ထမင်းစားနေသော ဖေဖေက အနည်းငယ်တင်းမာသော စကားကိုဆိုလိုက်ပေမယ့် ထယ်ယောင်းနားထဲမ၀င်......
ပေါင်မုန့်အကြွင်းအကျန်ကိုသာ ပါးစပ်ထဲ အတင်းထိုးသွတ်ရင်းသာ ထွက်လာခဲ့သည်....." ဟော လာပါပီ ကိုယ်တော်ချောကလေး..... "
" မေမေ ဘာတွေပြောနေတာလဲ ဟိုကောင်ဂျောင်ဂု သွားမယ် လာ..... "
" ဒါဆို အန်တီသွားလိုက်ပါဦးမယ်ခင်ဗျ...... "
သူ့အားတစ်ချက်ပြုံးကာ မေမေ့အား ရိုသေကျိုးနွံစွာ နှုတ်ဆက်နေပါသော ကင်ပေတိုင်အား မကြည်ကြည့်ကြည့်ရင်း နှုတ်ခမ်းကိုသာ ရွဲ့မိလိုက်သည်.......
တကယ်ပဲ.....
" ကြည့်စမ်းပါဦး ကလေးကလားနဲ့ ပေါင်မုန့်စတွေကပ်နေတာ..... "
လမ်းထိပ်ရောက်ခါနီး သူ့ရှေ့သို့ လာရပ်ကာ နှုတ်ခမ်းအောက်ဖျားတွင်ပေနေသော ပေါင်မုန့်စများအား လက်နှင့် သပ်ချနေသောသူ......
ထူးဆန်းသောအပြုအမူမို့ ထယ်ယောင်းကိုယ်လေးကျုံ့ကာ တောင့်တောင့်ကြီး ရပ်နေမိသည်အထိ.....
ပို၍ ထူးဆန်းသည်က ဘယ်ဆီကမှန်းမသိသောအသံကိုကြားနေရခြင်းပင်.......
တဒုတ်ဒုတ်နှင့် စည်းချက်တို့က မြန်ဆန်လှ၏။
နီးကပ်နေသော မျက်နှာ၏ အစိတ်အပိုင်းများအား ထင်ရှားစွာတွေ့နေရသည်.....
နှုတ်ခမ်းအောက်က မှည့်လေးရယ်
ပါးပြင်ပေါ်က အမာရွတ်ပါးပါးလေးရယ်......
ဝိုင်းစက်တဲ့ မျက်၀န်းဝိုင်းလေးတွေရယ်......
" ဟေး မင်းလုပ်လို့ပီးဦးမှာလား..... "
" နေဦးလေ..... ကပ်နေတာအများကြီးဟာ..... "
" တော်တော့ ငါ့ဘာငါလုပ်နိုင်တယ်..... ကျောင်းနောက်ကျတော့မယ်..... "
ဂျောင်ဂုအား ဆူပုပ်ပုပ်ကြည့်ရင်း လှည့်ထွက်လာခဲ့သည်.....
ရင်ထဲမှာတော့ အော်ဟစ်နေခဲ့လျက်.....
" ရား ငါဘယ်လိုခံစားချက်ကြီးခံစားနေရတာလဲ.....အား..... "