7

138 24 2
                                    

" ဟ မင်း ဘယ်လိုလုပ်လိုက်တာလဲကွ...... "
" ဘာဆိုင်လို့လဲ မင်းဘာသာမင်း ကြောင်တောင်တောင်နဲ့ လွှတ်ချပီးတော့...... "
အောက်သို့ကျသွားသော စီးကရက်တိုလေးအား ထယ်ယောင်းနှမြောတသစွာကြည့်နေမိသည်.....
သို့သော်လည်း မျက်နှာထားတော့ မပြင်မိ.....
စူးစူးရဲရဲကြည့်မိပြန်တော့ မထိတထိအကြည့်များအား ရင်ဆ်ိုင်ရပြန်သည်......
" တော်ပီ ငါမသောက်တော့ဘူး..... "
" ဟေ့ ထယ်ယောင်း ဘာဖြစ်သွားပြန်သလဲ..... "
ကိုယ့်အမှားနှင့်ကိုယ်မို့ ထယ်ယောင်း ဘာစကားမျှမပြောဘဲ ထွက်လာခဲ့သည်......
သို့သော် အနောက်မှနေ၍ တကူးတကလှမ်းခေါ်ခဲ့သော သူ့အသံကို ကြားခဲ့ရပါ၏။












" ဂျောင်ဂု မင်းကွာ ဘယ်လိုပြောလိုက်တာလဲ ထယ်ယောင်း စိတ်ဆိုးသွားပီနဲ့တူတယ်...... "
" ဟ ငါဘာပြောလို့လဲကွ စီးကရက်အောက်ကျသွားတာ ငါ့ကြောင့်ဖြစ်တာမှမဟုတ်တာ.....သူ့ဘာသာသူ ငေးရင်းတွေးရင်းဖြစ်ပီးတော့..... "
" အဲ့တာတော့အဲ့တာပေါ့..... မင်း လူမှုရေးနားမလည်ပါဘူးကွာ..... "
ကလေးတစ်ယောက်အား စာနာသည့်ပုံစံနှင့် ပြောလာသော နမ်ဂျွန်းကြောင့် ဂျောင်ဂု မကျေနပ်သော်လည်း ငြိမ်နေလိုက်ရသည်.....
မငြိမ်၍လည်းမရ တော်ကြာ ဆက်ပြောနေလျှင် ထသတ်ဖို့ပင်ရှိတော့သည်.....
ဪ နမ်ဂျွန်း နမ်ဂျွန်း ငယ်ငယ်တည်းက ခင်လာတဲ့သူဘက်ကျတော့ မလိုက်ဘဲ ကိုယ့်အပြစ်ကို သူများလွှဲချတဲ့ သောက်ကြီးသောက်ကျယ်လေးဘက်က ပါသတဲ့......
အရမ်းတော်တာပဲ အရမ်းတော်တာ.....
အိမ်သို့ပြန်ရောက်သည်အထိ ထယ်ယောင်း မည်သူ့ကိုမျှ စကားမဆိုမိသေး......
ဟိုမှာဖြစ်ကတည်းက မှုန်ကုပ်ကုပ်မျက်နှာက အိမ်ရောက်သည်အထိ ပြင်လို့မရ.....
ဧည့်ခန်းတွင် ထိုင်နေသော ဘွား ရိပ်မိမည်စိုးသဖြင့် နှုတ်ပင်မဆက်ဘဲ အပေါ်ထပ်သို့သာ အလျင်အမြန်ပြေးတတ်လာခဲ့သည်.....
" ဟော သားထယ် ပြန်လာပီလား..... "
" အာ ဟု မေမေ..... "
အပေါ်သို့တတ်မည်ကြံကာမှ လှေကားအောက်ထပ်မှ လှမ်းအော်သော မေမေကြောင့် ထယ်ယောင်း ကျောလေးပင်တွန့်သွားရသည်.....
မေမေက အရိုးခံအတိုင်းမေးလိုက်ပေမယ့် ဆေးလိပ်ခိုးသောက်လာသော သူကတော့ ယောင်ယမ်းကာ နှုတ်ခမ်းအား လက်ဖြင့်ပိတ်ထားမိသည်......
" ဟော ဘာဖြစ်လို့လဲ သားထယ်.... "
" ဘာ ဘာမှမဟုတ်ပါဘူး မေမေ.... ထယ် အိပ်ချင်လာလို့ သမ်းတာ သွားနားတော့မယ်နော် ထယ်ကျောင်းမှာ ပင်ပန်းလာလို့..... "
" အေး အေး သွား သွား..... "
" နေမကောင်းရင် မေမေ့ကိုပြောနော်....... ဆေးလာယူကြားလား...... "
" ဟု ဟု.... "
စိုးရိမ်တကြီးမှာနေသော မေမေ့အား ထယ်ယောင်း စကားစဖြတ်ကာ အပြေးတတ်လာခဲ့သည်.....
တော်သေးသည်..... အနားကပ်မလာပေလို့.....
ဆေးလိပ်အနည်းငယ်ပဲ သောက်ခဲ့ရသည်ဆိုဆို အနံ့ကတော့ ရှိသေးသည်မဟုလား.......
အခန်းထဲရောက်၍ တံခါးအား လော့ချပီးမှသာ ထယ်ယောင်း သက်ပျင်းချနိုင်တော့သည်.....
















sᴛᴏʀʏ ᴏғ ʟᴀᴠᴇɴᴅᴇʀ ♡Where stories live. Discover now