အံ့ဩတကြီးကြည့်နေဆဲ အနားသို့ လာရပ်သော သူတစ်ယောက်ကြောင့် ထယ်ယောင်း အကြည့်များလွှဲလိုက်ရသည်.....
" ဟေး မင်းက အသစ်မလား..... "
" အေး ဟုတယ်..... "
" တွေ့ရတာ၀မ်းသာပါတယ်ဗျ ငါ့နာမည်က ကင်မ်နမ်ဂျွန်း..... "
" အေး ငါ့နာမည်က ကင်မ်ထယ်ယောင်းပါ..... ထယ်ယောင်းလို့ခေါ်လို့ရတယ်နော့.... "
ပါးချိုင့်ကြီးများပေါ်သည်အထိ ပြုံးပြကာ လာနှုတ်ဆက်သော သူကြောင့် ထယ်ယောင်း အားငယ်နေမှုများ ပျောက်ကွယ်သွားသည်ကအမှန်.....
ကျူရှင်အသစ်မို့ ပေါင်းရသင်းရခက်မည့်သူတွေနှင့် တွေ့မှာလည်း စိုးရိမ်ခဲ့ရသည်.....
ခုတော့ အဆင်ပြေပါပီ.....
" မင်း ဘယ်မှာထိုင်မှာလဲ..... အဆင်ပြေရင် ငါနဲ့တူတူထိုင်လို့ရတယ်နော့...... "
" အေး ငါလာခဲ့မယ်..... "
တရင်းတနှီးဆိုကာ ခေါ်သော သူကြောင့် ထယ်ယောင်းမငြင်းဘဲ လွယ်အိတ်ဆွဲလျက် နေရာရွှေ့လိုက်သည်......
အကြောင်းရင်းကတော့ ရှေ့ဆုံးတန်းမှာ မထိုင်ချင်၍
ခု ပြောင်းလိုက်သည့်နေရာက အရှေ့လည်းမရောက် အနောက်လည်းမကျ တတိယတန်းတွင်......
ထိုင်ပီးကာမှ ထပ်မံတွေ့ဆုံလိုက်ရသော သူကြောင့် ထယ်ယောင်း ထပ်မံငေးမိပြန်ပါပီ.....
သူငေးကြည့်နေတာကို သိသည့်အလား အနားရှိ နမ်ဂျွန်းက ကပ်ပြော၏။" အဲ့တာ ချွန်းချောင်းအထက်တန်းကျောင်း Eco A ခန်းက ဂျွန်ဂျောင်ဂုလေ.... စာအရမ်းတော်တာ...... "
" အော Eco A ခန်းကဆိုတိုင်း စာတော်တာမှမဟုတ်တာ ငါဆို Bio A က...... "
" ဟ မင်းက ဆရာကြီးပေါ့..... Bio A ကဆိုတော့..... "
" ဒါနဲ့ မင်းကရော...... "
" အဟဲ ငါလား ငါက repeater လေ..... အထက်တန်းနောက်ဆုံးနှစ်မှ ငါ့မိသားစုနဲ့ Abroad လိုက်သွားတော့ ငါတစ်နှစ်အောက်လိုက်ရတယ် ကျောင်းပြန်တတ်ဖို့လည်းမဖြစ်နိုင်တော့ အလွတ်ဖြေဖို့ပဲ ကျူရှင်တတ်နေတာ..... ဘာဖြစ်ဖြစ် Repeater ပေါ့နော့.... "
" အာ့ဆို အသက် အသက်က..... "
ထယ်ယောင်း ပါးချိုင့်ပြုံးကြီးနှင့် ရှေ့မှ လူအား အထစ်ထစ်အငေါ့ငေါ့မေးမိသည်.......
" အသက်က ဆယ့်ခုနှစ်နှစ်!!!...... "
" အို ဆောရီး ဆောရီးပါ ဟျောင်း.....အပြောအဆိုရိုင်းပြသွားရင် ခွင့်လွှတ်နော်...... "
" အာ ရပါတယ်ကွ မလိုပါဘူး ငါ့ကို ဒီတိုင်း ရင်းရင်းနှီးနှီးပဲဆက်ဆံ..... "
အေးချမ်းသော မျက်နှာသွင်ပြင်နှင့် လူသားကြောင့် ထယ်ယောင်း ပူပန်မှုများ တထစ်လျော့သွားရသည်.....
စောနက ခပ်မာမာပြောခဲ့တာတွေကိုလည်း အားနာမိပါရဲ့.....
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ဦးကောက်ရခဲ့သည်ပဲ......
စာသင်ချိန်အတွင်း ရှေ့ဆုံးမှ ထိုင်နေသူအား ထယ်ယောင်း ထောင့်မကျိုးမိ......
ရှေ့မှ မထိုင်ချင်၍ နောက်ဆင်းပါသည်ဆိုမှ ထပ်တွေ့ရသော သူကြောင့် ထယ်ယောင်းစိတ်ထဲ ခိုးလို့ခုလုဖြစ်နေမိသည်......
မကြာ သူ့အတွက် ထောင့်မကျိုးစရာတစ်ခုက ပေါ်လို့လာ၏။
ထိုအချင်းအရာသည် ဘေးမှ နမ်ဂျွန်းဟျောင်းနှင့် ပတ်သက်၍.....
" ဟေ့ကောင် ဂျောင်ဂု မင်း စာကူးပီးပီလား ငါမမှီလိုက်လို့ ခဏပြ..... "
" ရော့လေ..... "
" နမ်ဂျွန်းဟျောင်း ကျွန်တော်လည်း ကူးပီးပီဟာကို ဘာလို့ သူများဆီကတောင်းနေတာလဲ..... ရော့.... "
သူများက တကူးတကတောင်းသည်ကို ခပ်ပျက်ပျက်ပြောကာ စာအုပ်ပစ်ချပေးသူကြောင့် ထယ်ယောင်း စိတ်မကြည်တော့......
ဘေးမှ နမ်ဂျွန်းဟျောင်းကိုသာ စာအုပ်ထိုးပေးရင်း သူ့စာအုပ်အား ပြန်ပေးလိုက်၏.....
မျက်နှာကတော့ ထုံးစံအတိုင်း မှုန်ကုပ်ကုပ်......
" ရော့ ဒီမှာ ကို့စာအုပ်ကိုယူ.... မင်းကို ကို့ထက်အကြီးတွေကို ရိုရိုသေသေဆက်ဆံရမယ်လို့ မသင်ထားဘူးလား...... "
" အဲ့တာ မင်းနဲ့ဘာဆိုင်လို့ ၀င်ပြောတာလဲ ကျောင်းသားသစ် ကိုယ့်ဟာကိုယ် အေးဆေးနေ..... "
" ဟိတ်ကောင် ငါက မြင်နေရတာမကောင်းလို့ပြောတာလေ..... မင်းစကားကိုအကောင်းပြော..... "
" သောက်ကြီးသောက်ကျယ်တွေပဲ..... "
" ဟျောင့် ဘာပြောလိုက်တယ်..... "
" ကဲ တော်ကြပါတော့ကွ ခဏနေ ဆရာမလာတော့မယ် ဟျောင့် ဂျောင်ဂု မင်းအရှေ့လှည့်တော့ ရန်ဖြစ်မနေနဲ့ ဒီက ထယ်ယောင်းလည်း စိတ်လျှော့နော် တစ်ကျောင်းတည်းသားချင်းတွေပဲ...... "
" ဘာ တစ်ကျောင်းတည်း ဟုလား...... "
တစ်ကျောင်းတည်းဟူသည့်အသံကြားသည်နှင့် စားမတတ်ဝါးမတတ်လှည့်ကြည့်လာသော သကောင့်သားကြောင့် ထယ်ယောင်း ခေါင်းမော့၍ ခပ်တင်းတင်းနေမိသည်.....
အလကားကောင်.... Eco A ဆိုပီး ဖြစ်ပျက်နေတာ......
" ဟုတယ်လေ ထယ်ယောင်းက Bio A က...... "
ဘေးမှ နမ်ဂျွန်ဟျောင်းက သေသေချာချာရှင်းပြနေသည်မို့ ထယ်ယောင်း မသိကျေးကျွန်ပြုလျက် ရေးလက်စစာကိုသာ ဆက်ရေးနေမိသည်......
" ဟုရဲ့လားကွာ...... ဒီပုံစံနဲ့ Bio A...... "
ကလေးတစ်ယောက်အား ခနဲ့သည့်လေသံကြောင့် ထယ်ယောင်း ဒုတိယမ္ပိ စိတ်တိုရပြန်သည်.....
" ဟုတယ်ကွ ငါက Bio A ကို အလယ်တန်းထဲက စွဲလာတာ မသိရင်မှတ်ထား...... "
" အော် အော်...... "
" ဒီကောင်......!!!!! "
မျက်နှာက ခပ်ထေ့ထေ့အပြုံးနှင့် တစ်ဖက်သို့ ပြန်လှည့်သွားသော အကောင်အား ထယ်ယောင်း ဆွဲထိုးချင်မိသည်မှာ လက်ယားလို့နေ၏။
မကြာပါ ဆရာမ၀င်လာသည်မို့ ကိုယ့်ဒေါသကိုယ် ထိန်းချုပ်လိုက်ရသည်......
ယနေ့အဖို့ သူငယ်ချင်းတစ်ယောက်ရခဲ့သလို အမြင်ကတ်သူတစ်ယောက်လည်း တိုးလာခဲ့ပါ၏။