အဘွားဆုံးသွားပီဆိုသော သတင်းကြားရသော်လည်း ယုံနိုင်စွမ်းမရှိခဲ့......
မဖြစ်နိုင်တာ
မနက်က ကျောင်းသွားတုန်းက လူကောင်းအတိုင်း ပိုပိုပေးနေခဲ့တာလေ......
ဘာလို့ ဘာလို့......
" သားထယ် စိတ်ကို ခိုင်ခိုင်ထားနော်...... ငိုချင်ရင် ငိုချလိုက်သား ရင်ထဲမှာ သိမ်းမထားနဲ့နော်..... "
" ......... "
အိမ်ထဲ၀င်၀င်ချင်း ကြောင်တောင်တောင်မျက်၀န်းအစုံဖြင့် မတ်တပ်ရပ်နေသော ထယ်ယောင်းအား အမေဖြစ်သူ ယွန်းမီမှ ချော့ပြောလိုက်ခြင်းတည်း......
သို့သော် သူမကိုယ်တိုင်မှာလည်း ဒီအဖြစ်အပျက်ကြီးအား ယုံနိုင်စွမ်းမရှိသေး......
ခံစားချက်အား ထိန်းချုပ်ထားတတ်သော သားဖြစ်သူ၏ အကျင့်ကြောင့် သူမ စိုးရိမ်မိနေရပြန်သည်....." သားထယ်..... မင်း အဘွားမရှိတော့ဘူးတဲ့..... သားထယ်...... "
အိမ်ထဲသို့ ၀င်၀င်ချင်း ငိုသံပါနှင့် လှမ်းအော်ပြောသော ဖေဖေ့အသံကြောင့် ထယ်ယောင်း ပါးပြင်ပေါ်သို့ မျက်ရည်တို့က တားဆီးမရစွာ စီးကျလို့လာသည်......
ဘေးနားတွင်တော့ မျက်လုံးလေးဝိုင်းကာ ပြူးကြည့်နေသော ညီငယ်လေး.......
ငယ်ရွယ်သေးသည်မို့ နားမလည်သေး
သော်လည်း ထိုအခြေအနေကိုတော့ကောင်းစွာ သဘောပေါက်သည်ထင့်.......
မျက်နှာလေးက အနည်းငယ်မဲ့လို့နေသည်.....
တိတ်ဆိတ်ကာ ငြိမ်းချမ်းသော သူတို့ အိမ်လေးသည်လည်း ချက်ချင်းပင် လူသူအသံများနှင့် ဆူညံသွား၏။
ထယ်ယောင်းအတွက်တော့ ထိုအရာများအား ယုံကြည်နိုင်ဖွယ်မရှိသေး......
ဟင့်အင်း ယုံလို့ကိုမရတာ......
ဘွား ရှိသေးတယ် ဘွားရှိသေးတယ် မဟုလား......
မဖြစ်နိုင်ဘူး ဒီလိုကြီး ထားခဲ့လို့မရဘူးလေ......
ထယ် ဘွဲ့ရတာ မြင်ရဦးမယ်ဆို.....
ထယ် အင်ဂျင်နီယာဖြစ်တာ ကြည့်ချင်သေးတယ်ဆို.......
ဘာလို့ ဘာလို့.......
ရင်ထဲမှ လှိုက်တတ်လာသော ခံစားချက်တို့အား ဖွင့်ချလိုက်သောအခါ ကမ္ဘာကြီးက ရုတ်ချည်းအမှောင်ကျသွား၏။" ဟျောင့် ထယ်ယောင်း ကျူရှင်မလာတာ တစ်ပတ်ကျော်သွားပီနော်..... "
စာရေးနေရင်း အနောက်မှ လှမ်းပြောသော နမ်ဂျွန်းစကားကြောင့် ဂျောင်ဂု ရေးလက်စစာအား ရပ်ထားလိုက်သည်......
ဟုသည် သူမလာတာ တစ်ပတ်တောင်ရှိရောပေါ့......
အဘွားဖြစ်သူဆုံးသွားသည် ဆိုသော သတင်းကြားသော်လည်း မသွားဖြစ်ခဲ့......
သွားရအောင်လည်း သူတို့ဆက်ဆံရေးက.....
" ဟျောင့် ဂျောင်ဂု ငါပြောတာကြားရဲ့လား ဘာတွေတွေးနေတာလဲ..... ရား ပြောစမ်း မင်းစိတ်နဲ့လူနဲ့ မကပ်ဘူးနော်..... ဘာဖြစ်နေသလဲ...... "
" ဘာမှမဖြစ်ပါဘူးကွာ ဒီတိုင်းပဲကို....... "
" ငါတို့လေ ထယ်ယောင်းဆီ သတင်းသွားမေးကြရင် မကောင်းဘူးလား...... အမှန်ဆို သူ့အဘွား အသုဘတောင် သွားပို့ရမှာ ငါတို့လည်း မအားတာနဲ့..... "
" မင်းကကွာ ဟိုကမင်းကိုတောင် ဘာပြောလို့လဲ အလကား အလုပ်ရှုပ်ခံပီး သွားမနေစမ်းနဲ့..... "
" ဟ ဂျွန်ဂျောင်ဂု မင်းဟာလေ အဲ့တာကြောင့် လူမုန်းများနေတာသိလား ဟိုက ဘာပြောနိုင်မှာလဲ သူများနာရေးကို ဟိုက မဖိတ်လဲ သွားမေးပေးရမှာက ငါတို့ တာ၀န်ပဲ သိရဲ့လား...... "
လူကြီးဆန်ဆန်ဆုံးမလာသော နမ်ဂျွန်းစကားများအား အင်းမလုတ်အဲမလုတ်နှင့် ဂျောင်ဂု ငြိမ်နေမိသည်......
ပြောသာပြောလိုက်ရ သူလည်း စိတ်မကောင်း.....
နှုတ်၀သီ ဖြစ်နေကြအတိုင်း ပြောမိပီးမှ မှားသွားကြောင်း အသိ၀င်မိသည်....
" အေး မင်းအဲ့လောက် သွားချင်ရင်လည်း သွားကြတာပေါ့..... ညနေသွားမယ်လေ...... "
" အဲ့လိုမှပေါ့ကွ ငါ့ကောင်ရ လူမှုရေးလေးဘာလေးရှိပါကွာ...... "
" နေစမ်းပါ အပိုတွေ...... "
လိုက်လျောဟန်ပြသော သူ့အပြုအမူကြောင့် ပါးချိုင့်ကြီးများပေါ်လာသည်အထိ ပြုံးရယ်ကာ လာဖက်သော နမ်ဂျွန်း......
ဂျောင်ဂုကတော့ Skinship မနှစ်သက်သောသူမို့ မဲ့ရွဲ့၍ ရုန်းမိသည်......
သို့သော်လည်း သန်မာသော အားကြီးနှင့် ဖက်ထားသည်မို့ ရုန်းမရပြန်.....
ဒီကောင် ဘာတွေစားထားလို့ ဒီလောက်အားကြီးနေရတာလဲ.......