" ဟျောင့် ဂျောင်ဂု လာကြည့်ဦး လာကြည့်ဦး..... !!!! "
Eco စာများကူးနေစဉ် ရုတ်တရက်လှမ်းအော်ပါသော ဟိုဆော့ကြောင့် မျက်မှောင်ကြုံ့၍ ကြည့်ပေးလိုက်သည်......
ပီးသည်နှင့် စာရေးမည်အပြု လှမ်းဆွဲလိုက်သော လက်တစ်ဖက်ကြောင့် သူမော့ကြည့်လိုက်၏။
" ဘာလဲ ဟိုဆော့ရာ ဒီမှာ တီချယ်ကူးခိုင်းတာတွေ ကူးနေရတာ..... "
" အရေးကြီးတယ် မင်းတွေ့မှဖြစ်မှာမို့..... လာ လိုက်ခဲ့..... "
" ဟ ဘာတွေလဲ ဟိုဆော့ရာ ကျောင်းပဲတတ်တော့မယ်..... မင်း ဘာတွေ လုပ်ထားပြန်ပီလဲ..... "
" ရောက်မှပဲ ကြည့်..... "
တုံးတိတိဆိုလာသော ဟိုဆော့စကားများအား နားမလည်စွာရေရွတ်ရင်း ပါလာခဲ့သည်.....
ကျောင်းအောက်၀တွင်တော့ ဝိုင်းအုံနေသည့်လူစုကြီး.....
စူးစမ်းသလိုကြည့်မိတော့ ထယ်ယောင်းအား ဝိုးတဝါးမြင်လိုက်ရသည်......
ယွန်းဂီက နောက်ဆုံးမှရပ်နေကာ သူတို့အား မြင်တော့ လက်ယပ်ခေါ်၏။
" ဟျောင့် ဟိုမှာသေချာကြည့် ဘီခန်းက ကျက်သတုံးက မင်းဟာလေးကို ဖွင့်ပြောနေပီ.... လူတွေများအုံနေတာပဲ..... "
" ဟမ်...... "
ယွန်းဂီစကားကြောင့် စိတ်မသက်သာစွာဖြင့် လူအုပ်ကြားတိုးဝှေ့လျက် သူကြည့်မိသည်......
ဟုပါ့ ပန်းစည်းကြီးကိုင်ကာ ဟန်ရေးပြနေသော သကောင့်သား.....
မိဘဖြစ်သူက အရှိန်အဝါအနည်းငယ်ရှိသူမို့ ကျောင်းကဆရာမများက ဘာမျှမပြောရဲကြ.....
ထို့ကြောင့် လုပ်ချင်တိုင်းလုပ်နေတာ ထင်သည်.....
ကြားထဲမှ ထယ်ယောင်းကတော့ မှင်သေသေမျက်နှာထားဖြင့်.....
ရင်ထဲမှာတော့ အပူမီးများကတောက်လောင်လို့လာပီ......
" ကို့ကို လက်ခံပေးနိုင်မလား ထယ်ယောင်း...... "
" ဟား မင်းလည်းရူးတာပဲနော် ရူးတာမှ သွက်သွက်ခါနေတာ..... တစ်ခုပြောလိုက်မယ် မင်းကိုငါ သဘောမကျဘူး အိုပြောရရင်ကွာ မြင်တာနဲ့တင်ကိုလေ ဖြတ်ရိုက်ချင်တာ သိသလား..... မင်းကိစ္စမင်းရှင်းပီး ဒိုးလိုက်တော့.... "
" ဟာ ထယ်ယောင်း ထယ်ယောင်း..... "
ပန်းစည်းကြီးအား ခြေဖြင့်ဖိချေကာ ထွက်သွားသော ကိုယ်ငယ်.....
ဂျောင်ဂုကတော့ မအံ့ဩသည့်ပမာ တစ်ချက်သာကြည့်ရင်း အခန်းထဲ၀င်လာခဲ့သည်....." ဟ မင်းဟာလေးက တကယ်မလွယ်ပါလား..... မာနခဲလေးပဲ.... "
ရွှတ်နောက်နောက်ဆိုလာသော ဟိုဆော့စကားအား ဂျောင်ဂု မပြုံးမိ......
ယွန်းဂီကတော့ အေးအေးလူလူပင် အနောက်မှ ပါလာ၏။
" ဟျောင့် လုပ်ကြပါဦး ဒီကောင်ကြီးငြိမ်နေပီ...... အငြင်းခံရမှာ သိပ်ကြောက်နေပီနဲ့တူတယ်..... "
" ထားစမ်းပါ ဟိုဆော့ရယ်..... ငါကြောက်တာမဟုပါဘူး..... "
မဟုဘူးဟုဆိုလိုက်သော်လည်း ရင်ထဲတွင်တော့ အားမရှိလှ......
အချစ်ရေးအား စိတ်မ၀င်စားဟု ထယ်ယောင်းပြောခဲ့သည်များသာ ခေါင်းထဲရောက်လို့နေသည်.....
" မင်းအချစ်သာစစ်မှန်ရင် သူမင်းကို လက်ခံပါလိမ့်မယ်..... "
ခပ်အေးအေးစကားပေမယ့် ယွန်းဂီ၏ စကားက ဂျောင်ဂုရင်အား နွေးထွေးစေသည်......
" အေးပါ အဲ့လိုဖြစ်လာလည်းဘယ်လောက်တောင်ကောင်းလိုက်မလဲ...... "
" ဘယ်လောက်ကောင်းမလဲ လုပ်မနေနဲ့ မင်းဖွင့်ပြောသင့်ပီနော်..... "
" ဒါပေမယ့် သူလက်မခံရင်ရော...... ခုနကလိုမျိုးပြောတာတော့ ငါမလိုချင်ဘူး..... "
" ဒါပေမယ့် အဲ့ကောင်က အဲ့ကောင် မင်းက မင်းလေ..... ပီးတော့ ထယ်ယောင်းက မင်းကို ခင်တွယ်တာပဲ မဟုလား..... "
" အော ဒါပေမယ့် ဒီလိုပြောလိုက်လို့ မုန်းသွားရင်ရော..... "
" ဟား မင်းသတ္တိနည်းလှချည်လား ဂျောင်ဂု ယောကျာ်းလေးပါကွ ကြိုးစားကြည့်စမ်းပါ..... "
ပုခုံးအား ဆုပ်ကိုင်ကာ ခပ်ဖွဖွအားပေးနေသူကြောင့် ဂျောင်ဂု အားတင်း၍ ပြုံးလိုက်သည်.....
" အေး တစ်ခါလောက်တော့ ကြိုးစားကြည့်တာပေါ့...... "
" ဒါမှ ငါတို့ဂျောင်ဂုကွ...... "
အခန်းကော်ရိတ်တာတွင် ဟစ်အော်လိုက်သော ဟိုဆော့အသံကျယ်ကြီးက ပျံ့နှံ့လို့သွားသည်......