" ဟိုကောင် မင်းကို သတင်းထူးပြောစရာရှိတယ် သိလား...... ငါတို့ကောင်ကြီးကလေ Bio A ခန်းကကောင်လေးနဲ့ ဘာညာဘာညာ...... "
" ဟေး ဟိုဆော့ နေစမ်းပါ ဒီတိုင်း ကျူရှင်မှာခင်တာဆို...... "
အခန်းထဲတွင် အော်ကြီးဟစ်ကျယ်နှင့် ပြောနေသော ဟိုဆော့အား ဂျောင်ဂု လိုက်ပိတ်နေရသည်......
ယွန်းဂီကတော့ သူတို့ပြောစကားအား နားထဲတောင်မထည့်နိုင်......
ညနေ ကျူရှင်မှာတွက်ပြရမည့် သခ်ျာတွေအား လိုက်တွက်ရင်း အဖြေရှာနေရ၏။
ခါတိုင်း စာလုပ်နေကြဆိုပေမယ့် ယခုတစ်ခါတွင်တော့ စာကြိုးစားသည်ထက် မခံချင်စိတ်က ပါနေသည်ဟုဆိုရပေမည်.....
ပုတတ်တတ်ကောင်လေး၏ ရွဲ့ပြောသောစကားများကိုလည်းမုန်းမိပါ၏။
တကတဲ လူကဖြင့် ပုတတ်တတ်နဲ့ မာနက မိုးထိနေသေး......." ဟာ ဟေ့ကောင် ငါပြောနေတာရော ကြားရဲ့လား..... ယွန်းဂီ မင်ယွန်းဂီ...... မင်ယွန်းဂီရှီး.....!!!!! "
" ဟေ ဘာလဲကွာ စာသင်ခန်းထဲမှာလည်း မင်းအသံချည်းပဲ...... သိပ်ကိုနားငြီးတာပဲ...... "
" ဟ မင်းကလေ ignore လုပ်တာ အရမ်းများသွားပီ သတင်းထူးပြောနေပါတယ်ဆို..... "
" ဘာသတင်းထူးလဲ ပြောဟာ..... "
မပြောမချင်းရစ်မည့်ကိန်းမို့ ယွန်းဂီ မအီမလည်နှင့် ခေါင်းငြိမ့်လိုက်ရသည်.....
" မင်းသိတယ်မဟုလား ငါတို့ကျောင်းမှာ လူရည်ချွန်ရွေးခံရတဲ့ Bio A က ကင်မ်ထယ်ယောင်းဆိုတဲ့တျောက်လေ....... "
" သိတယ် သေးသေးလေးနဲ့ ငါ့လောက်နီးပါးချေတယ်ဆိုတဲ့ ကောင်လေးမလား..... "
" အေး အဲ့တျောက်နဲ့ ငါတို့ဂျောင်ဂုနဲ့က ဘာညာဘာညာ...... ဟီး ဟီး...... "
၀မ်းခေါင်းသံကြီးနှင့် ရယ်ကာ ပြောနေသော ဟိုဆော့ကြောင့် ယွန်းဂီ ဒီတစ်ခါတော့ မျက်လုံးပြူးသွားရသည်......
တစ်ခါမှမကြားဖူးခဲ့သော အဖြစ်ပင်.....
အတန်းထဲရှိ လူနဲ့တောင် သိပ်စကားမပြောတဲ့ ဂျောင်ဂုက အဲ့ကောင်လေးနဲဘ ဘယ်လိုခင်သွားပါလိမ့်......
အံ့ဩသော အကြည့်များဖြင့် ရောက်သွားသည်က ဂျောင်ဂုဆီ......
ဂျောင်ဂုကတော့ မပြောသာသည့်မျက်နှာထားဖြင့် သူ့အား ရှုတည်တည်ကြည့်နေပြန်၏။" ဟေး တကယ်လား ငါ့ကောင်..... စော်မထားဘူးဆိုပီး မင်းကကွေးတော့မယ်ပေါ့..... ဟုသလား..... "
" မဟုပါဘူးကွာ ဟိုကောင်ဟိုဆော့က ရမ်းရမ်းလျှောက်ပြောနေတာ.... ငါတို့က သူငယ်ချင်း..... "
" သူငယ်ချင်းဆို မင်းကဘာလို့ သူ့ကိုငမ်းငမ်းတတ်ကြည့်နေရတာလဲ အဲ့တာလေးရှင်းပါဦး..... ဟမ် ဟမ် ဘေးက ကြည့်နေတဲ့ငါတောင်လေ မင်းအကြည့်ကို သိတယ် သိလား..... "
" အဲ့တာကတော့ မင်းက..... "
ဟိုဆော့ပြောတာလည်း မှန်နေသဖြင့် ဂျောင်ဂု ဒီတစ်ခါတော့ ရှက်ပြုံးလေးပြုံးလိုက်ရ၏။
" တကယ်ကြီးလား ဂျောင်ဂု မင်းက ဒီကျောင်းရဲ့ အရှင်သခင်လေးကို ကြံတော့မှာပေါ့...... "
" ပေါက်ပေါက်ရှာရှာကွာ..... "
" တွေ့လား ယွနးဂီ ဒီကောင်ရှက်နေတာ ရှက်နေတာ..... "
" ဟိုဆော့ မင်းငြိမ်ငြိမ်နေလိုက်တော့စာသင်ရမယ်...... "
" အေးပါကွာ ကြိုးစားနေတာ ကြိုးစားနေတာ သူ့ရဲ့ Crush လေးက စာဂျပိုးလေးဆိုတော့ သူလည်း အမှီလိုက်နေတာ...... "
" မင်းကွာ ဟိုဆော့..... "
" ဟား ဂျောင်ဂု မင်းကတော့ ကုမရတော့ဘူးပဲ..... လေသံကအစပြောင်းသွားတာ ဪ အချစ် အချစ်..... "
မပြောစဖူး၀င်ပြောသော ယွန်းဂီကြောင့် သုံးယောက်သား ရယ်မိကြပြန်သည်.......
ဟုတော့လည်း ဟုသား......
ငါလည်း မင်းကြောင့် ရူးနေပီဖြစ်မယ်.......