ရက်သတ္တပတ်ခန့်ကြာပီးနောက် ထယ်ယောင်း ကျောင်းပြန်တတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်......
နေ့တိုင်း စကားလာပြောနေကြ ဆရာချွဲကလည်း အားပေးပါ၏။
ယခုတော့ ပျံ့လွင့်နေခဲ့သော ထယ်ယောင်း၏ စိတ်များ အနည်ထိုင်စပြုပီ......
ညနေခင်း ဆရာချွဲ ပြန်သွားပီးနောက် ထယ်ယောင်း ပန်းခင်းလေးထဲတွင် အချိန်ဖြုန်းနေမိသည်.....
မေမေက မူကြိုတတ်နေသော ညီလေးအား သွားကြိုနေသည်မို့ တစ်အိမ်လုံးတွင် ထယ်ယောင်းတစ်ယောက်သာ ရှိလေသည်.......
အစီအရီပွင့်နေသော ပန်းလေးများအား ကြည့်နေရင်းမှ တစ်စုံတစ်ယောက်စီ စိတ်ရောက်သွားမိ၏။ဂျောင်ဂု.......
သူတို့၏ ရင်းနှီးမှုက အနည်းငယ်ရှုပ်ထွေးပါ၏။
ရန်သူနှစ်ယောက်က မိတ်ဆွေဖြစ်သွားသည်မှာ အနည်းငယ်တော့ ကသိကအောက်ဖြစ်လှသည်ဟု ထယ်ယောင်းထင်ပါ၏။
ယခင်ကထက် သူ့အပေါ် အလျော့ပေးလာသော ဂျောင်ဂုကြောင့်လည်း အံ့ဩမိရပါသေးသည်.....
ဦးလေးချွဲပြောတာတော့ ဂျောင်ဂုကလူလိမ္မာလေးတစ်ယောက်တဲ့......
မိဘအပေါ်လည်းအရမ်းသိတတ်သလို အနေအေးသည်ဆိုတာကပါ ပါသေး၏။
သို့သော်လည်း ထယ်ယောင်းမျက်လုံးထဲတွင်တော့ မာနကြီးကာ စကားပြောအထက်စီးဆန်သူဟုသာ တွေးထင်နေဆဲ.......
အဘွားဆုံးပီးကတည်းက ထယ်ယောင်း သူ့အပေါ်ဆက်ဆံခဲ့သည်များအား တရိပ်ရိပ်တွေးရင်း ပါးနှစ်ဖက်က အလိုလိုပူလာရသည်......
ရင်ခွင်ထဲပြေး၀င်ခဲ့တာတွေ သူ့ရင်ခွင်ထဲမှာ ငိုကြွေးခဲ့တာတွေ.....
ဟူး ကင်မ်ထယ်ယောင်း မင်းအဲ့တုန်းက ဘာလို့ သတိမပြုခဲ့ရတာလဲ....
အတွေးထဲမှ လူတစ်ယောက်အား အပြင်တွင် မြင်လိုက်ရသည်က ပို၍ တုန်လှုပ်စေသည်ဟူသော ဆိုရိုးရှိပါ၏။
ယခုလည်း ထယ်ယောင်းရှေ့သို့ ငုံ့ကိုင်းကာ မတ်တပ်ရပ်နေသော သူကြောင့် အလန့်တကြား အနောက်သို့ လဲမည်ဖြစ်သွားရသည်......." ဟ မင်းကွာ..... "
" ငါရောက်နေတာ ကြာလှပီ ခြံရှေ့မှာတည်းက မင်းကို ခေါ်နေတာ...... မင်းက တခြားအတွေးရောက်နေတဲ့ပုံပဲ..... "
သူ့အမေးအား ခပ်အေးအေးသာဆိုသော ဂျောင်ဂုကြောင့် ထယ်ယောင်း အရှက်ပြေ မတ်တပ်ထရပ်လိုက်သည်......
" လာလေ အိမ်ထဲ၀င်ရအောင်..... "
" အွန်း အန်တီတို့ရော..... "
" မေမေက ညီလေးကို ကျောင်းသွားကြိုတယ်လေ ငါတစ်ယောက်တည်းကျန်ခဲ့တာ...... "
" အော..... "
အနည်းငယ် သံရှည်ဆွဲကာ ဆိုလာသော အသံနောက် သူတို့ကြား တိတ်ဆိတ်မှုတို့ ကြီးစိုးသွားပြန်သည်......
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ခိုင်းကာ ထယ်ယောင်း Coffee ပြေးဖျော်ရသည်.......
" နေတော့ ငါ ညနေဘက် Coffee မသောက်တတ်ဘူး..... "
" ဒါဆို ဘာစားမလဲ ပြောလေ..... "
" ရတယ်.... ဒီတိုင်း သတိရလို့ မင်းဆီ ၀င်လာတာ လူတွေ့ရင်ပဲ ရပီ..... "
ခပ်တည်တည်မျက်နှာထားနှင့် ပြောသော်လည်း ထိုစကားလုံးများက ထယ်ယောင်းစိတ်အား အဆမတန်လှုပ်ရှားစေပြန်သည်......
" ငါ မနက်ဖြန်ကြ ကျောင်းပြန်တတ်မှာ...... "
" အွန်း တော်သေးတယ်..... မင်းဆုံးဖြတ်တာ မှန်တယ်..... "
ရှေ့ဆက်ပြောရမည့် စကားမရှိသည်မို့ ထယ်ယောင်း ခြေချောင်းလေးများ
အား ကုပ်ထားမိသည်......
ဘာပြောရဦးမည်လဲ.....
ယခင်က ရန်ဖြစ်တုန်းက စကားအများကြီးပြောခဲ့ပေမယ့် ခုလိုအခြေအနေကြီးကျတော့လည်း နေရခက်လှသည်.......
" ဒါနဲ့ ကျူရှင်မှာရော စာတွေအများကြီးရောက်နေပီလား..... "
" အွန်း ရောက်နေပီ စာမေးပွဲတောင်ဖြေရမယ်ပြောတယ်..... "
" ဟူး ငါစာတွေအများကြီး ကူးရဦးမှာပဲ...... ဂျီမင်ကလည်း သူ့စာနဲ့သူပိနေတာ...... "
တီးတိုးရေရွတ်လိုက်ပါသော်လည်း ဂျောင်ဂု ကြားသွားပုံရပါ၏။
" မင်းအတွက်က ငါနဲ့နမ်ဂျွန်းကူးပေးထားတယ်...... စိတ်မပူပါနဲ့..... "
" အော တကယ်ကြီး.... "
ထိုအခါမှ ထယ်ယောင်း အေးရာအေးကြောင်း နေနိုင်တော့သည်......
မနက်ဖြန်ကစပီး သူစာပြန်ကြိုးစားရတော့မည်......
" ဘာမှပြောစရာမရှိရင် ငါပြန်တော့မယ်...... "
" အေး အေး..... "
ခြံ၀ထိ လိုက်ပို့ပေးသော်လည်း နှစ်ဦးကြားက တိတ်ဆိတ်နေပြန်သေးသည်......
" မနက်ဖြန်မှ တွေ့ကြတာပေါ့ ဒါနဲ့ကျောင်းတူတူသွားမလား..... "
လိုလိုလားလား တောင်းဆိုနေသော သူအား ထယ်ယောင်း ဘာပြောရမည်မှန်းမသိ......
အားနာသော်လည်း ဂျောင်ဂုနှင့်ရှိလျှင် အနေကျပ်သည်မို့ ထယ်ယောင်း အားနာနာနှင့်သာ ငြင်းလိုက်ရသည်......
" ဟီး ရပါတယ် ငါ့ဘာသာလာခဲ့မှာပေါ့..... ကဲ ပြန်တော့...... "
" ကောင်းပီလေ မနက်ဖြန်မှတွေ့မယ်..... See You..... "
" Ok See ya..... "
ပြိုင်ဘီးလေးအား ညင်သာစွာတွန်းရင်းထွက်သွားသော ဂျောင်ဂု ကျောပြင်အား ဘာရယ်မဟုတ် ငေးကြည့်ကျန်ခဲ့သည်......