" ဟေး ထယ်ယောင်း နောက်ကျတယ်နော်...... "
" ဟုတယ် ဟျောင်း အိပ်ပျော်သွားမိလို့...... "သူတို့နှစ်ဦးပြောတာ နားထောင်နေရင်းမှ ဂျောင်ဂုပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိသည်......
" အလကားနေ သေနေတာကိုး...... "
" ဟိုရှေ့ကတျောက် ဘာပြောလိုက်တယ်...... "
အံကြိတ်သံနှင့် တိုးတိုးပြောလိုက်သော်လည်း ဟိုကကြားသွားသည့်ဟန်.......
လွယ်အိတ်အား ဘုန်းခနဲ ပစ်ချကာ သူ့ရှေ့သို့ ချက်ချင်းရောက်လာ၏။
ဂရုမစိုက်သလို အမူအရာနှင့် ကြည့်မိတော့ ဆူပုပ်သော မျက်နှာနှင့် ခါးထောက်ကာ ရပ်နေသော သူ......
ကလေးများ စိတ်ဆိုးလျှင် လုပ်တတ်သည့် အပြုအမူများနှင့် တူသည်မို့ ရယ်ချင်စိတ်အား မနည်းမြိုသိပ်ထားရ၏။
" ဟေ့ကောင် ငါပြောနေတယ်လေ.... သေနေတယ်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ...... "
" ငါ့ဘာငါ ဘာပြောပြောပေါ့ မင်းအပူပါလို့လား..... "
" ရား မင်းငါ့ကို တမင်စောင်းပြောမှန်း ငါသိတယ်နော်....."
" ထင်ချင်သလိုထင်လို့ရတယ်...... "
" မင်း.....!!!! "
" ကဲ ကဲ တော်ကြပါတော့ ဟိုကောင်ဂျောင်ဂု မင်းလည်း မထိတထိစမနေနဲ့....... ထယ်ယောင်းလည်း စိတ်လျှော့နော် ကိုယ့်ထက်အကြီးကို...... "
" ဘာ ကျွန်တော့်ထက်အကြီး ဟုလား....... "
" နမ်ဂျွန်း မင်း ဘာတွေပြောနေတာလဲ..... "
" ဟမ် ငါ ဘာပြောလို့...... "
အံကြီးကြိတ်ကာ မျက်စိမှိတ်ပြသော သူကြောင့် နမ်ဂျွန်း နားမလည်သည့် မျက်နှာပေးနှင့် ပြန်ကြည့်ပေးလိုက်သည်......
ဘာလဲ ဒီကောင်.....
" နမ်ဂျွန်းဟျောင်း ကျွန်တော်မေးနေတယ်လေ ဘယ်သူကအကြီးလဲဆိုတာ...... "
" ဘယ်သူမှအကြီးမဟုဘူး ဆရာမလာတော့မယ် နမ်ဂျွန်း မင်းဟာလေးကို ဆွဲခေါ်သွားတော့ အာရုံနောက်တယ်...... "
" ရား ခွေးတောင်းစား အာရုံနောက်တယ်လေး ဘာလေးနဲ့ မင်းကမှ တကယ်အာရုံနောက်စရာကြီး သိလား....... လိ့ပဲ...... "
" ကဲ ကဲ တော်ပါတော့ ထယ်ယောင်းရယ် တခြားသူတွေမြင်ရင်မကောင်းဘူး..... လာ လာ ဆရာမလာတော့မယ်..... "
" ဟွန်း.....!!!! "
သူ့အား အတင်းဆွဲချကာ ထိုင်ခိုင်းနေသော နမ်ဂျွန်းဟျောင်းကြောင့် ထယ်ယောင်း လေပူများမှုတ်ထုတ်လျက် ထိုင်ချလိုက်သည်.....
သို့သော် စိတ်ထဲမှာတော့ ထိုကောင်အား မကျေနပ်နိုင်သေး......
လာပီး လူကိုမထိတထိနဲ့..... သေချင်းဆိုး.......
သူသာ နဂါးဆိုလျှင် ရှေ့မှလူအား ပြာဖြစ်သည့်အထိ အမှုန်ချေပစ်ချင်ပါသေး၏။
ဘ၀င်ရူး လေရူး.....