ရှုဇီလန် နိုးလာတော့ လက်မှာ ဆေးပိုက်တန်းလန်းနဲ့မို့ ေကြာင်သွားသည်။ သူ ပန်းခြံထဲမှာလေ။ ရှုဇီလန် မှတ်ညဏ်ထဲ ပြန်စဥ်းစားကြည့်တော့ တစ်ယောက်ယောက်က သူ့ကို ပွေ့တာတော့ မှတ်မိတယ်။
" မင်းနိုးလာပြီလား"
ချူးယီက ပါတီ သွားမှာမလို့ ပြင်ဆင်နေသည်။ ရှုဇီလန် ချူးယီ ကို မြင်တော့ သူ့မျက်နှာ မဲမှောင်သွားသည်။ ဒီလူက ညက သူနဲ့ အိပ်တဲ့ လူပဲ ။ ဒီလူ ကို တွေ့လိုက်တာကြောင့် သူ့ဖင်လေး ပို တောင်နာ လာသလို ပဲ။
" မင်းဘာလို့ ထွက်ပြေးသွားတာလဲ "
ရှုဇီလန် ဝတ်စုံအပြည်နဲ့ လူ နားလာရပ်တာကြောင့် နဲနဲ တွန့်သွားမိသည်။ ဒီလူ အရှိန်အဝါက နဲနဲတော့ လန့်စရာကောင်းသည်။ သူ့ကို မျက်မှောက်ကြုတ်ကြည့်လာတာကြောင့် ရှုဇီလန် ရဲ့ကျောက ခပ်မတ်မတ်ဖြစ်သွားသည်။
" ဘာလို့မထွက်သွားရမှာလဲ ကျွန်တော်တို့က one night stand တွေ ပဲလေ ။ ခင်များကလည်း တစ်ညတာ ပျော်ရွှင်ရသလို ကျွန်တော်လည်း ေပျာ်ရပါတယ် ။ အဲဒါ မကောင်းဘူးလား"
ရှုဇီလန် ရဲ့ ရဲတင်းတဲ့ ပြောစကားကြောင့် ချူးယီ ပြုံးလိုက်သည်။
" ကောင်းတာပေါ့ ကောင်းလွန်းလို့ ကိုယ်စွဲ သွားပြီ ကိုယ်တစ်သက်လုံး ပျော်ချင်တယ် ။ မင်းကော"
" ခင်များရူးနေလား "
ချူးယီ ပြုံးလိုက်ကာ
" မင်းက အရမ်းကောင်းတယ်လေ ပီးတော့ မင်းရဲ့ပထမဆုံးအကြိမ်က ကိုယ်လေ ။ အရမ်း စိတ်ကျေနပ်တယ် "
ရှုဇီလန် အံကြိတ်လိုက်ကာ
" ခများက အရူးပဲ ကျွန်တော့်ဘက်က တစ်ညတာ ဆက်ဆံရေးက တစ်ညတာဆက်ဆံရေးပဲ ခင်များလိုလူနဲ့ ရှေ့ဆက်ဖို့ စိတ်ကူးမရှိဘူး"
" ဟား..... ဟား..... တကယ်လား ။ မင်းက ဂေါင်ပန်လို ကောင်နဲ့ လက်ထပ်မယ်ပေါ့လေ"
ရှုဇီလန် ရဲ့ မက်မွန်ပန်းလို မျက်ဝန်းလေး ပြူးကျယ်သွားသည်။ ချူးယီ က ရှု့ဇီလန် ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီ လိုက်ကြည့်ကာ
" ဂေါင်ပန် ကိုလက်မထပ်ချင်ရင် မင်းမှာ နည်းလမ်းတစ်ခုပဲရှိတယ် ။ "
" အဲဒါ ကိုယ့်ကို လက်ထပ်လိုက်လေ "
" ချီးပဲ သေလိုက်လေ ။ ဂေါင်ပန်လို ခွေးသားကိုလည်း လက်မထပ်နိုင်သလို ခင်များလို ကြောင်သူတော်ကိုလည်း လက်မထပ်ဘူး "
" အိုး... " ချူးယီ သူ့ကို အံတကြိတ်ကြိတ်ဖြစ်နေတဲ့ရဲနေတဲ့နှုပ်ခမ်းလေးကိုဖြတ်ခနဲ နမ်းလိုက်ကာ
" ကိုယ့်နာမည်က ချူးယီ ။ နောက်တစ်ခု ကိုယ်က ကြောင်သူတော် မဟုတ်ဘူး ။ မင်းဒီည ဒီမှာ နေလို့ရတယ် ။ မင်းစဥ်းစားပေါ့ ။ မင်းအကို နဲ့ မိသားစုက မင်းကို အလွတ်ပေးမယ်ထင်နေလား။ သူတို့အားလုံး အသက်ရှင်ဖို့ အတွက် မင်းက အသက်ကယ် ဆေးလိုပဲလေ ။ မင်းကို ေဂါင်ပန် လက်ထဲ ထိုးကြွေးမှာ မင်းဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ဘူး ။ ဂေါင်ပန် က ဆက်သွယ်ရေး ကျယ်ပြန့်တယ်။ မင်းမလွှတ်မြောက်နိုင်ဘူး"
ရှု ဇီလန် အံတင်းတင်းကြိတ်ကာ ချူးယီ ကိုမျက်နှာ လွှဲထားလိုက်တယ်။ သူ့ဘဝ ကြီးကို မုန်းသလို သူ့ရဲ့ ဘဝကိုချုပ်ကိုင်ထားတဲ့ အရာအားလုံးကိုမုန်းတယ်။ ချူးယီ လည်း သူ့ကို စကားမပြောချင်တဲ့ ကောင်လေး ကြောင့်အခန်းထဲက ထွက်လာခဲ့သည်။မူရင်းဇာတ်လမ်းထဲမှာ ရှုဇီလန် ရဲ့ စရိုက်က ဇက်ဇက်ကျဲ ထဲမှာပါတယ်။ မဟုတ်မခံ စိတ်နဲ့ စိတ်ဆတ် တဲ့လူမျိူးပင်။ သူလျန်ရီ ကို ထားခဲ့ကာ ဒါရိုက်ဘာ နဲ့ ပါတီ ကို ထွက်ခဲ့လိုက်သည်။ ပါတီမှာ တော့ ထင်တဲ့ အတိုင်းဇာတ်ကြောင်းကမပြောင်းလဲပေ။ လဲဖေး နဲ့ ချူးထင်းရန်က သတို့သား သတုိးသမီး နေရာမှာ ရပ်နေကာ ကျမ်းသစ္စာဆိုနေကြသည်။ ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးကျ ဇာတ်လိုက်တို့အတွဲက ချစ်သွားကြမှာပဲ ။ ချူးထင်းရန် က ကျမ်းသစ္စာဆိုပြီး ဧည့်သည်တွေကို ဧည့်ခံရင်း ချူးယီ တို့ ဝိုင်းနားလာရပ်သည်။
" တတိယဦးလေး.... :" ချူးယီ ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်ရင်း သူ့ကို ရွန်းစို နေတဲ့မျက်ဝန်းတစ်စုံ ကိုလစ်လျူရှုလိုက်သည်။ သူ့စိတ်ထဲမှာ တော့ သူ့ အကောင်ပေါက်လေးလောက် ကြည့်မကောင်းပဲနဲ့ဟု တွေးလိုက်မိသည်။ ချူးထင်းရန်ကလည်း သူ့သတိုးသားက တတိယဦးလေးကို တပ်မက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ ကြောင့် မျက်နှာကြီး မဲသွားကာ အံကြိတ်လိုက်သည်။
ဟေး ဇာတ်ကြောင်းက မပြောင်းပါဘူးဆို
me " .........."
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...