သာယာတဲ့ မနက်ခင်းမှာ ချူးအိမ်တော်မှာလူတွေ ပျားပန်းခပ်သလို ဝင်လာလိုက် ထွက်သွားလိုက် သွားလာနေကြသည်။ ချူးသခင်ကြီး ရဲ့ မျက်နှာကလည်း ပြုံးရွှင်နေကာစိတ်အခြေအနေ ကောင်းနေမှန်း သိသာသည်။ ချူးထင်းရန် နဲ့လဲ့ဖေး တို့ရောက်လာတဲ့အချိန်မှာတော့ ချူးသခင်ကြီး နဲ့ ချူးယီရဲ့ ဒုတိယအကို တို့လင်မယားလည်း ရောက်နေကြသည်။ ချစ်စရာကောင်းတဲ့ အမွှာမိန်းခလေးနှစ်ယောက်က သူ့အဖိုးဘေးမှာ ထိုင်နေကာ ကွတ်ကီး မုန့်တွေကို စားနေကြသည်။ထိုမိန်းခလေးနှစ်ယောက်က ချူးထင်းရန် ကို မြင်တော့ ပျော်ရွှင်စွာ နှုပ်ဆက်လာတော့ ချူးထင်းရန် ရယ်လိုက်ကာ ချစ်စနိုးနဲ့ စည်းထားတဲ့ ဆံပင်လေးတွေကို ကိုင်လိုက်ကာ စလိုက်သည်။ ထိုညီအမက ဆံပင်ကို ဂရုစိုက်ဆုံး ဖြစ်တာကြောင့် ချူးထင်းရန် ကိုနှုပ်ခမ်းကြီး စူကာ စိတ်ဆိုးနေကြသည်။
"ကလေးတွေကို စမနေနဲ့ ဝင်ထိုင်တော့"
ချူးထင်းရန် အဘိုးပြောမှစနေတာရပ်ပြီး ခုံပေါ်ထိုင်လိုက်သည်။ လဲ့ဖေးက ချူးထင်းရန် ဘေးဝင်ထိုင်ကာ ငြိမ်ငြိမ်လေး ထိုင်နေလေသည်။
" အဘိုးက ဘာပျော်စရာများရှိလို့လဲ။ အန်ပေါင်း တွေလည်းပြင်ထားသေးတယ်။"
ဟုတ်ပါတယ် ချူးသခင်ကြီးက အန်ပေါင်းအများအပြားပြင်ဆင်ထားကာ ဒီနေ့ အိမ်မှာရှိတဲ့အလုပ်သမားတွေအပြင် ကုမ္မဏီက ဝန်ထမ်းတွေပါ ပေးဖို့ ပြင်ဆင်ထားသည်။
" အိမ်း... ငါတို့ချူးအိမ်မှာ မိသားစု တစ်ယောက်တိုးတော့မှာလေ။ ငါမပျော်တာဖြစ်သင့်လို့လား "
ချူးထင်းရန်" ...."
ဒုတိယသား ချူးမို နဲ့သူ့ဇနီးကတော့ ချူးထင်းရန် ကို ကြည့်ကာ ရယ်နေကြသည်။
" ဒီလိုလေ ။ မင်းရဲ့ တတိယဦးလေးရဲ့ ဇနီး မှာ ကိုယ်ဝန် ရှိနေပြီလေ ။ ဒီကောင်လေးက ၃ လပြည့်မှ ငါတို့ကိုအသိပေးတာ ။ အင်း ဘယ်လို ဖြစ်လဲ မသိပေမယ့် တတိယညီလေးရဲ့ဇနီး ယောက်ကျားလေးဆိုပေမယ့် ကိုယ်ဝန်ရှိနေတယ်တဲ့လေ ။ ငါတို့အားလုံးအံ့သြရတာပေါ့ကွာ "
ချူးမို ရဲ့ စကားကြောင့် ချူးထင်းရန် ကိုယ့်နားကို မယုံနိုင်။ချူးထင်းရန် ပဲမဟုတ် လဲ့ဖေး လည်း အံ့သြနေသည်။ ရှုဇီလန် က ယောက်ကျားလေးလေဘယ်လိုလုပ်ကလေးမွေးမှာလဲ။ ဒါဆို ချူးယီ က ရှုဇီလန် ကိုဂရုစိုက်တာမဆန်းပါဘူး။ ကိုယ်ဝန်ရှိနေလို့ကို။
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...