ချူးယီ ကုတင်ပေါ် လှဲနေတဲ့ ဖြူဝင်းနေတဲ့ကောင်လေးရဲ့ မျက်နှာကိုငေးကြည့်နေမိသည်။ ဆရာဝန် ပြောတဲ့ စကားတွေကလည်း သူးနားထဲက ပြန်ပြန်ကြားနေရတယ်။ နဖူးပြင်က ချွေးကို အသာသုတ်ကာ သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။ ထိုအခါမှာ ရှုဇီလန် မှာနိုးလာပြီဖြစ်သည်။
" ဘယ်နားနာနေသေးလဲ "
ရှုဇီလန် ခေါင်းခါလိုက်ကာ
" ဘာမှမဖြစ်တော့ပါဘူး"
ချူးယီ သက်ပြင်းချကာ
" တော်သေးတာပေါ့ ။ မင်းဘာမှမဖြစ်လို့ မဟုတ်ရင်... "
" မဟုတ်ရင် ဘာဖြစ်လို့လဲ "
ချူးယီ ရှုဇီလန် ရဲ့ သေးသွယ်တဲ့လက်ကလေးကို ကိုင်လိုက်ကာ
" မဟုတ်ရင် မင်းဗိုက်ထဲက ကလေး ထိခိုက်နိုင်တယ် ။ ကိုယ်ပြောတာနားထောင် မင်းမှာ ကိုယ်ဝန်ရှိနေပြီ "
ရှုဇီလန် ချူးယီ ဆီက သူ့လက်ကို ဆွဲထုတ်ကာ ငြိမ်သက်နေသည်။ အံ့သြသွားခြင်းလည်းမရှိသလို ထိတ်လန့်ခြင်းလည်းမရှိ ။ ချူးယီမှာ မေးစရာမေးခွန်းရှိလာပြီ ။ ရှုဇီလန်က တခြားအမျိုးသားတွေနဲ့ ဖွဲ့စည်းပုံမတူဘူးဆိုတာ သိပြီးသားလား။
" ကျွန်တော့်ကို မကောင်းဆိုးဝါးလို့ မထင်ဘူးလား "
ရှုဇီလန် က ချူးယီ ကို တည့်တည့်ကြည့်ပြီးမေးလိုက်သည်။ သူ့ မှာ ကလေးမွေးနိုင်တယ်ဆိုတာ တခြားသူသိသွားမှာ အရမ်းကြောက်ခဲ့သည်။ သူ့မိဘ ပင်သူအသိမပေးခဲ့ပေ ။ ပြီးတော့ သူ့ကို မကောင်းဆိုးဝါးကောင်လို့ အခေါ်ခံရမှာကြောက်သည်။ ချူးယီက ကောင်လေး စိုးရိမ်ပြီး ကြောက်လန့်နေတာ ကို သိလိုက်ပြီဖြစ်သည်။ ရှုဇီလန်ရဲ့ လက်ကလေးကို ကိုင်လိုက်ကာ သေးသွယ်တဲ့ လက်ချောင်းတွေကို ကြည့်ကာ
" တခြားသူတွေ ဘယ်လိုတွေးလဲ ဂရုစိုက်စရာမလိုဘူး။ ကိုယ့်ဘဝမှာ အိမ်ထောင်ကျပြီး ကလေးယူဖို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။ ပြီးတော့ ကိုယ်က ယောက်ကျားလေးတွေပဲ သဘောကျတယ်။ ကိုယ့်ကို ဆရာဝန်က ပြောတယ် ယောက်ကျားလေးခြင်း လက်ထပ်တဲ့ထဲမှာ ကိုယ်က ကံအကောင်းဆုံးတဲ့ ။ ကိုယ်လည်းထင်ပါတယ်။ မင်းလို အရမ်းလှပပြီး အရမ်းချောမောတဲ့ လူငယ်လေးကို ပိုင်ဆိုင်ထားလို့လေ။ ပြီးတော့မင်းနဲ့တူပြီး အရမ်းချစ်ဖို့ ကောင်းတဲ့ ကလေးလေး လည်း ပိုင်ဆိုင်ရအုံးမယ်။မင်းက ကိုယ့်ရဲ့ အဖိုးတန်လေးပဲ ။ ဟုတ်ပြီလား " ချူးယီ လက်ကလေး ဆွဲယူပြီ နမ်းလိုက်ကာ ပြောလိုက်သည်။ ရှုဇီလန်က ရှက်သွာကာ သူ့လက်ကို ချူးယီ ဆီက ဆွဲထုတ် လိုက်ပေမယ့် ချူးယီက လွတ်မပေးပေ။ ချူးယီက ရယ်လိုက်ကာ
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...