" Mr.ချူး ဂုဏ်ပြုပါတယ် တကယ်ကောင်းတဲ့ project ရသွားတာပဲ "
နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်တွေက ချူးယီ ကို ဂုဏ်ပြုကာ လက်ခုတ်တီးပြီးဂုဏ်ပြုကြလေသည်။
ချူးယီက ပြန်ပြီးဂုဏ်ပြုကာ သူ့ဘေးက ဝိလီယံ ကို
" ထင်းရန် ကို A project ကိုင်တွယ်ဖို့လွှတ်ထားတယ် MR.ဘယ်လိုထင်လဲ"
ဝီလီယံ လက်ထဲက အရက်ပြင်းကို မော့ပြီးတစ်ငုံငုံကာ
" ကောင်းလွန်းတာထက်ပိုနေပါပြီ"
ချူးယီ ပြုံးလိုက်ကာ ဝိုင်ကို တစ်ငုံငုံလိုက်ကာ
ခွက်ကိုပြန်ချထားလိုက်သည်။"ဒီနေ့ ကျွန်တော်တို့ဥက္ကဌကြီးအတွက် အထူးပြင်ဆင်ထားတာရှိပါတယ်ဗျ"
ဒီစကားကိုပြောတဲ့လူက အိမ်ခြံမြေ လုပ်ငန်းပိုင်ရှင်စွန်းကျန့် ပင်ဖြစ်သည်။သူက လက်ခုတ်တီးလိုက်တော့ အရောင်မျိုးစုံ အလှမျိုးစုံတဲ့ယောက်ကျားလေးအုပ်စုကဝင်လာကာ သူဌေးတွေရှေ့မှာ ရပ်နေကြသည်။ ချူးယီက မျကလ့်ုးတစ်ဖက်ပင့်လိုက်ကာ သူဌေးစွန်းကို မျက်မှောက်ကြုတ်ကြည့်လိုက်တယ်။
"ဥက္ကဌချူး ဒီလိုကောင်လေးမျိုးကိုကြိုက်တာမလား ဘယ်လိုလဲ လုံးဝအသန့်ပါ ပြီးတော့"
သူဌေးစွန်း ဆက်ပြောချင်ပေမဲ့ စားပွဲပေါ်တင်ထားတဲ့ဖုန်းက မြည်လာလေသည်။ အခန်းထဲမှာ ရှိတဲ့လူအားလုံးငြိမ်သွားကာ ချူးယီက ဖုန်းဖြေလိုက်သည်။
" ကလေးလေး "
ချူးယီ အသံကနူ့ညံ့နေကာ ဒီထဲမှာရှိတဲ့ လူတိုင်းချူးယီ ဒီလိုနုနုညံ့ညံစကားပြောတာမမြင်ဖူးပေ။တစ်ဖက်က ဘာပြောလိုက်တယ်မသိ ချူးယီက ရယ်ပြီးဖုန်းချလိုက်သည်။ပြီးမှ စွန်းကျန့်ကိုကြည့်ကာ
"စောနက သူဌေးစွန်း ဘာပြောချင်တာလဲ ဆက်ပြောလေ"
ချူးယီ က စွန်းကျန့်ကို အေးစက်စက် အကြည့်တစ်ခုပေးကာ မေးလိုက်သည်။
စွန့်ကျန့် နဖူးပေါ်ကချွေးကိုသုပ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်
" ဘာမှမဟူတ်တော့ပါဘူးဥက္ကဌချူး ကျွန်တော်မှားပြောမိတာပါ"
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...