part14

113 12 0
                                    

" အလုပ်သွားတော့မို့လားဟင်"

ချူးယီ  အလုပ်အမြန်သွားရမှာမလို့ အိမ်ပေါ်က ဆင်းလာတော့ အောက်က ရှုဇီလန် က လှလှပပထုပ်ပိုးထားတဲ့ အိတ်လေးကိုင်ကာ သူ့ဆီလျှောက်လာနေသည်။

" ဒါက ကျွန်တော် ဒီနေ့မနက်လုပ်ထားမုန့် အချိုမများပါဘူး"

ရှုဇီလန် ချူးယီ အချိုမစားမှန်းသိတော့ သကြားအများကြီးမထည့်ထားပေ။ ရှောင်မို လေးအတွက် အချို ထည့်ထားပေမယ့် ချူးယီ အတွက် အများကြီးမထည့်ထား။ ချူးယီ ထို အိတ်လေးကို ယူလိုက်ကာ

" အများကြီးလုပ်စရာမလိုဘူး မင်းစားချင်ရင် ဦးလေးမုံ့ ကိုလုပ်ခိုင်းလိုက်လေ"

" ကျွန်တော်လည်း အိမ်မှာအားနေတာပဲလေ ။ ပြီးတော့အရမ်းပျင်းတယ်"

ချူးယီက ထွက်မလာသေးတဲ့ဗိုက်လေးကို ကြည့်ကာ

" ဒီနေ့ ကိုယ်အစောပြန်လာခဲ့မယ်။ ရှောင်မို ကိုခေါ်ပြီး ကိုယ်တို့အတူတူအပြင်ထွက်စားရအောင်"

ရှုဇီလန် မျက်လုံးလေးတောက်တောက်လေးနဲ့ ခေါင်းငြိမ့်လိုက်ကာ

" ok " ချူးယီ ပထမတော့ အလုပ်အလျှင်လိုနေပေမယ့် သူ့ baby လေးရဲ့ တက်တက်ကြွကြွ ပုံစံလေးကြောင့် သူ့လက်ဆွဲအိတ်ကို ဘေးမှာချကာ ရှု့ဇီလန် ကို ပွေ့ချီလိုက်သည်။

" အား.... ဘာလုပ်တာလဲ "

ချူးယီက ချမပေးပဲ စားပွဲပေါ်တင်လိုက်ကာ

" baby ကိုယ့်အတွက် အချိုပွဲ လုပ်မပေးလည်းရပါတယ်။ ကိုယ့်အတွက်က မင်းလေးကအချိုပွဲလေ "

ရှုဇီလန် သူ့အနားကိုတိုးကပ်ကာ လည်ပင်းကို အနမ်းခံရတာကြောင်​့ ချူးယီ ရင်ဘက်ကို တွန်းကာ

" ဘာ..ဘာလဲ ဆရာဝန်ပြောထားတယ်လေ.  ကျွန်တော်တို့လုပ်လို့မရပါဘူးဆို"

ချူးယီ စိတ်လေသွားသည်။ ဆေးရုံကဆင်းကတည်းက သူ့baby နားကပ်လိုက်ရင် လုံးဝအကပ်မခံပဲ သူ့ကို ကလေးနဲ့ ကိုင်ပေါက်နေသည်။ ချူးယီ ရှုဇီလန် နားနားတိုးကာ တိုးတိုးလေးကပ်ပြောလိုက်သည်။

ရှုဇီလန် "      "  

ချူးယီကတော့ သဘောတကျရယ်ကာ စားပွဲပေါ်ကနေ အောက်ကို ချပေးလိုက်သည်။ သူလည်း ရှေ့မဆက်ချင်ပါ။ ယောက်ကျားလေးကိုယ်ဝန်က အရမ်းဂရုစိုက်ရမယ်လို့ ဆရာဝန်က သူ့ကို သတိပေးထားပြီးသား။ သူလုပ်ချင်ရင်တောင် ၄လ ၅ လလောက်မှ အဆင်ပြေမည်တဲ့လေ။

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now