part21

122 11 0
                                    

မီးရောင်မှိန်ပြပြလေး လင်းနေတဲ့ အခန်းကျယ်ကြီးထဲမှာ ချူးယီက အသက်ပုံမှန်လေးရှူပြီးအိပ်ပျော်နေတဲ့ ကောင်လေးကိုရင်ခွင်ထဲ ထည့်ထားကာ လှဲအိပ်နေသည်။တစ်ခါတစ်ခါဖောင်းဖောင်းလေးဖြစ်နေတဲ့ဗိုက်လေးကို လက်ကရောက်သွားကာ ပွတ်သပ်နေသည်။ နှစ်ခြိုက်စွာအိပ်နေတဲ့ကောင်လေယကတော့ ချူးယီကိုပိုတိုးလို့ဖက်လာတယကြောင့်ချူးယီ ကောင်းလေးကိုရင်ခွင်ထဲ ဆွဲသွင်းကာ ခေါင်းလေးကိုငုံ့နမ်းလိုက်သည်။

" ဒေါက်....ဒေါက်..."

အပြင်ကတံခါးခေါက်သံကြောင့်ချူးယီ မျက်မှောက်ကြုတ်လိုက်သည်။ ဦးလေးကျောက်တော့မဖြစ်နိုင်ဘူး။ သူ ကောင်လေးကို ရင်ခွင်ထဲကထုတ်ကာ စောင်ကိုခြုံပေးပြီထကာ တံခါးလှပ်လိုက်သည်။

" တတိယဦးလေး"

ချူးယီ ခေါင်းအုံးသေးသေးလေးကိုပိုက်ပြီးရပ်နေတဲ့ချူးရှောင်မို ကိုတွေ့လိုက်သည်။

"မအိပ်သေးဘူးလားဘာလို့အပြင်မှာရှိနေတာလဲ"

ချူးရှောင်မိုက တတိယဦးလေးကို ကျော်ကာအခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်သည်။
ချူးယီ က သူ့ရှေ့က ကလေးရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ကာ

" မင်းရဲ့ ဦးဦးကအိပ်နေပြီ"

ချူးရှောင်မိုမျက်နှာလေးမဲ့သွားကာ

" သားက ပါးပါးနဲ့အိပ်မလို့လာတာ"

ချူးယီ မျက်ခုံးပင့်လိုက်တယ်

" သားနဲ့အိပ်မယ်လို့ သားပါးပါးက ပြောလို့လား"

ချူးရှောင်မို ခေါင်းခါလိုက်ကာ

" သားမပြောရသေးဘူးဒါမဲ့ ကျူံးဇီကပြောတယ် သူ ကသူ့အဖေနဲ့အမေကြားမှာအိပ်တာတဲ့ ။"

" အိုး..."

" ဒီနေ့တော့ သားအခန်းထဲပြန်အိပ်လိုက်လေ ။သားပါးပါးက သိပ်နေမကောင်းဘူး ။ သူနေကောင်းတယ့်အချိန်မှ လာအိပ်လေ အဲလိုဆိုဘယ်လိုလဲ"

ချူးရှောင်မို ခဏတော့ ရပ်နေပြီးမှ

" သားအခန်းပဲ ပြန်အိပ်လိုက်ပါ့မယ်။ပါးပါးက နေမကောင်ဘူးဆိုတော့ မနှောက်ယှက်တော့ဘူးနော် "

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now