part 13

133 15 1
                                    

နောက်နေ့မနက်ပိုင်းမှာတော့ အင်တာနက်ပေါ်မှာ လဲ့ မိသားစုရဲ့ ကုန်တင်သဘာ် ရေထဲမှာမှောက်သွားတဲ့ သတင်းတက်လာခဲ့သည်။ ကုန်တွေဆုံး ကာ သဘော်ပေါ်ပါလာတဲ့ လုပ်းသားတစ်ဝက်လောက်သေဆုံးကုန်ကြသည်။

လုမိသားစုရဲ့ အိမ်တော်ထဲမှာ လုထောင်ဟာ ဒီသတင်းဖတ်မိလိုက်တဲ့အချိန် အသက်ပြင်းပြင်းရှုထုတ်လိုက်မိတယ်။ ချူးယီ ရဲ့လုပ်နိုင်စွမ်းကို လျှော့တွက်ခဲ့မိတယ်။ ချူးယီက နိုင်ငံတကာ မှာ သူ့ရဲ့အဆက်အသွယ်တွေက သူတို့လက်လှမ်းမမှီလောက်အောင်ပဲလေ။
လုမိသားစုခေါင်းဆောင်အဘိုးကြီးက အိမ်ပေါ်က ဆင်းလာကာ

"  ထောင်အာ သတင်းဖတ်ပြီပြီ မလား "

လုထောင် သူ့အဖိုးကို ကြည့်ပြီး ခေါင်းငြိမ့်ကာ

" အဲလောက်မြန်မယ်မထင်ဘူး လဲ့မိသားစုနဲ့ ပူပေါင်းလုပ်ထားတဲ့ ချူးမိသားစု ရဲ့ ပရောဂျက်ရော ဘယ်လိုဖြစ်မလဲမသိဘူး။ ပုံမှန်ဆို ချူးယီ ဒီလောက်ထိ လုပ်မှာမဟုတ်ဘူး ။ ဒါပေမယ့် ဒီတစ်ခါတော့ မတူတော့ဘူး။ အင်း အဲကောင်လေးကို သူအတော်လေး ကို ချစ်တယ်ထင်တယ်"

လုအဘိုးကြီး လည်း ခေါင်းငြိမ့်ကာ

" လူအိုကြီးချူးတော့ ချူးယီ ကိုထိန်းနိုင်လောက်မှာပါလေ"

လုထောင်လည်း မျော်လင့်ရတာပဲလေ လို့အသာရွတ်ကာ ဆေးရုံသို့ထွက်လာခဲ့လိုက်သည်။

လဲ့ဖေး  အခန်းထဲမှာ ဂနာမငြိမ်ဖြစ်နေသည်။ သူသတင်းကိုဖတ်ပြီးသွားပြီ ။ သူ လုပ်တာ သိသွားကြ ပြီလား ။ လဲ့ဖေး ရဲ့ လှပတဲ့ မျက်နှာလေးမှာ စိုရိမ်မှု နဲ့ ထိတ်လန့်မှုတို့ ပေါ်နေလေသည်။ ရှုဇီလန် အမှောင်နဲ့ အလုံပိတ်ထားတဲ့ အခန်း ကိုကြောက်တယ်ဆိုတာ သူ ဒုတိယနှစ်မှာ သိခဲ့ရတာပင်။ အဲတုန်းက စတိုခန်းထဲ ပစ္စည်းယူနေတာကိုအခွင့်ကောင်းယူကာ  မသိပဲ ကျောင်းသားတစ်ချို့က ရှုဇီလန် ကို အခန်းထဲ ပိတ်ထားခဲ့တယ်လေ။ ရလဒ်ကတော့ ရှုဇီလန် သတိမေ့သွားကာ ဆေးရုံမှာ ၃ ရက်လောက် နေခဲ့ရတယ်လေ။ သူက ဒါကို အခွင့်ကောင်းယူကာ ထိုနေ့ညက ရှုဇီလန်ကို ပိတ်ခဲ့တာဖြစ်သည်။ လဲ့ဖေး ချူးထင်းရန် ကိုဖုန်းခေါ်ပေမယ့်  ဖုန်းမကိုင်ပေ။ လဲ့ဖေး ကုတင်ပေါ် စိတ်ပျက်စွာ ထိုင်လိုက်သည်။ သူလုပ်ရပ်မှားသွားခဲ့တာလည်းသိတယ်။ ဒါပေမယ့် ရှုဇီလန် က ချူးယီ နဲ့မထိုက်တန်ဘူး ။
ဟမ့် ဘာလို့ ချူးယီက သူ့ကိုမကြိုက်ရမှာလဲ။သူက ရှုဇီလန် ကိုဘယ်နေရာက မယှဥ်နိုင်လို့လဲ။ ရှုဇီလန် အတွေးတွေနဲ့ ရှုပ်နေချိန်မှာ ချူးထင်းရန်က vip ဆေးရုံရဲ့ ချူးယီ ရဲ့အခန်း ထဲမှာ ဒူးထောက်နေသည်။ချူးယီ က လက် နဲ့ခုံကို တတောက်တောက့ခေါက်နေကာ သူရှေ့က ဇာတ်လိုက်ကို ကြည့်နေလေသည်။

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now