ညနေ ပိုင်းမှာတော့ ချူးယီက ရှု့ဇီလန် နဲ့ ရှောင်မို ကိုခေါ်ကာ သူတို့စားချင်တဲ့ စားသောက်ဆိုင်ကို ခေါ်သွားလိုက်သည်။
ချူးရှောင်မိုက တော့တစ်ခါမှဒီလိုအပြင်မထွက်ဖူးတော့ စိတ်လှုပ်ရှားနေကာ ပျော်မြူးနေသည်။ ရှုဇီလန်က ကလေး လူကြီးလေးကို ကြည့်ကာ ရယ်သာရယ်နေလိုက်သည်။" အစပ်အရမ်းမစားနဲ့ "
ချူးယီ ရှေ့က ဟော့ပေါ့အိုးကို ကြည့်ကာ ကင်ထားတဲ့ အမဲသားကင် ကို ညှပ်ကာ ရှုဇွလန် ပန်ကန်ထဲ ထည့်ပေးလိုက်သည်။
" ကျွန်တော် သိပါတယ် ။ အရမ်းမစားပါဘူး "
ရှုဇီလန် က ချူးယီ ထည့်ပေးတဲ့ အသားကင်ကို ဖြေးဖြေးလေး ဝါးကာ ပြန်ဖြေလိုက်သည်။ ချူးရှောင်မို ကတော့ ရှု့ဇီလန် ပန်ကန်ထဲက အမဲသားကင်နဲ့ တခြားအကင်တွေကို ကြည့် ကာ သူ့ပန်ကန်ထဲ ပြန်ကြည့်လိုက်သည်။ သူ့ဦးလေးကို သူ့ဖို့ပါ ထည့်ပေးဖို့ပြောချင်ပေမယ့် သူမပြောရဲပေ။
" ရော့ ရှောင်မို လေးအတွက်"
ရှု့ဇီလန် ရှောင်မိုလေး အတွက် အမဲသားတစ်လွှာ ကိုထည့်ပေးလိုက်ပြီး ခေါင်းလေးကိုပုပ်လိုက်သည်။ ချူးရှောင်မို အရမ်းပျော်သွားပေမယ့် ဦးလေးဖြစ်သူကို ခိုးကြည့်လိုက်တော့ အသားတွေကင်နေတာကြောင့် ဦးလေးရှု ပေးတဲ့ အသားကို ခပ်ဖြေးဖြေးစားနေလိုက်သည်။ ရှုဇီလန်ကတော့ ကလေးလူကြီး လေးကိုကြည့်ပြီး ရယ်သာရယ်နေလိုက်သည်။
" အွတ်.....အွတ် "
ရှု့ဇီလန် စားနေရင်း ရင်ထဲ ပျို့တက်လာတာကြောင့် ပါးစပ်ကို လက်နဲ့ ပိတ်လိုက်ကာ အိမ်သာဘက် ထပြေးသွားလိုက်သည်။ ချူးယီ က စားနေရင် အိမ်သာဘက်ပြေးသွားတဲ့ကောင်လေးကြောင့် ရှောင်မို ကိုဘယ်မှမသွားရန်မှာလိုက်ပြီး ရှုဇီလန် ပြေးသွားတဲ့ဘက် ထွက်လာခဲ့လိုက်သည်။ အထဲမှာတော့ ရှုဇီလန် စားထားသမျှ ဘေစင်မှာ အန်ပြစ်လိုက်သည်။ အန်လည်းပြီးရော လူကနုန်းခွေသွားသလိုပင်။ ထိုစဥ် လက်တစ်ဖပ်က သူ့ကို သိုင်းဖက်လာသည်။
" မသက်မသာဖြစ်နေသေးလား "
ချူးယီ ဖြူဖျော့ဖျော့ လေးဖြစ်နေတဲ့ baby မျက်နှာလေးကို ကြည့်ပြီးစိုးရိမ်စိတ်တို့က ဝင်လာသည်။
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...