part9

129 13 0
                                    

ချူးယီတို့ အပြန်လမ်းမှာတော့ ကားထဲမှာ ကျောပိုးအိတ်လေးကိုပိုက်ကာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကလေးလေး ချူးရှောင်မို တစ်ယောက်ထပ်တိုးလာခဲ့သည်။ ငါးနှစ်​ပြောပေမယ့် ဆူညံခြင်းလည်းမရှိ တိတ်တိတ်လေးသာ သူနဲ့ ရှုဇီလန် ကို အကဲခတ်နေလေ သည်။ ရှူဇီလန်က တော့ ဒီကလေးလေး ကိုမြင်မြင်ချင်းမှာပင် အရမ်းချစ်မိသွားတော့ သည်။ သူက ကလေးလေးရဲ့ ဆံပင်ပျော့ပျော့လေးကို သပ်တင်ပေးကာ

" သာက ဦးဦး တို့နဲ့နေချင်လား "

ရှောင်မိုလေးက အညိုရောင်မျက်လုံးကြီးတွေနဲ့ ရှုဇီလန် ကိုမော့ကြည့်ကာ ခေါင်းလေးငြိမ့်ပြလိုက်သည်။ ရှုဇီလန် ရှောင်မိုလေးရဲ့ မျက်လုံးလေးတွေကို သဘောကျတာကြောင့် သွားစွယ်လေးတွေပေါ်အောင်ပြုံးလိုက်ကာ

" သားနေချင်ရင် ဦးဦး တို့နဲ့အတူနေသွားလို့ရပါတယ်"

" တကယ်လား သားသား နေလို့ရလို့လားဟင်"

ချူးရှောင်မို ရဲ့မျက်လုံးက သူ့ဘေးက သူ့ဦးလေးဘက်ကို မျက်လုံးရွေ့သွားကာ ရှုဇီလန် ကို ပြန်ကြည့်လာသည်။ ရှုဇီလန်  ကလေးလေး ပါးလေးကို သာသာလေးဆွဲကာ

" ဒါပေါ့ ကလေးလေး နေလို့ရတာပေါ့ ။ ရှောင်မိုလေး နေချင်ရင် လေ "

ချူးရှောင်မို အရမ်းပျော်သွားကာ ဦးဦး ရဲ့ပေါင်ပေါ်တက်ထိုင်ပြီး ခါးကို ဖက်ထားလိုက်သည်။ ရှောင်မိုလေးတွေးလိုက်မိသည်။ သူ့ကို လိုချင်လာအောင် သူလုပ်ရမယ်။ ဒါမှ သူ့ကို ဘိုးဘိုးရဲ့အိမ်ကိုပြန်မပို့မှာ။ ချူးယီက တော့ သူ့တူနဲ့ ရှုဇီလန် ကို ကြည့်ကာ ပြုံးလိုက်သည်။ စိတ်ထဲမှာလည်း အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ရေရွတ်လိုက်မိတယ်။

ကားလေးက အရမ်းလည်းမကြီးသလိုအရမ်းမငယ်တဲ့နှစ်ထပ်တိုက်ရှေ့မှာရပ်သွားခဲ့သည်။ ရှုဇီလန်  ရှောင်မိုလေးကိုခေါ်ကာ ကားပေါ်က ဆင်းခဲ့လိုက်သည်။ အိမ်ရှေ့မှာတော့ အသက်၄၀ ကျော် ၅၀ နီးပါးရှိတဲ့ ဦးလေးတစ်ယောက်က ရပ်စောင့်နေသည်။ သူတို့လာတာမြင်တော့

" သခင်လေးတို့ အိမ်က ကြိုဆိုပါတယ်," လို့ပြောပြီး သူတို့ကို ဦးညွတ် နေသည်။ ရှုဇီလန်ကခေါင်းလေးငြိမ့်လိုက်ကာ

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now