" အား.. ဒါ... ဒါ နတ်ဘုရားမ ရွမ် မဟုတ်လား အရမ်းချောတာပဲ "
" ဒါက ကျွမ်းမိသားစုရဲ့ ကျွမ်းရှောက်မလား သူလည်း လုမိသားစု ရဲ့ မွေးနေ့ပွဲတက်တယ်လား"
ပရိတ်သပ် တွေက လုမိသားစု ရဲ့မွေးနေ့ပွဲကိုတက်ရောက်တဲ့ လူတွေကြည့်နေတာဖြစ်သည်။ လုမိသားစုက စီးပွားရေးသာမက
အနုပညာနယ်ပယ်မှာလည်း ကြီးမားတဲ့လုပ်ငန်းစု ပိုင်ဆိုင်ထားလေသည်။ လုမိသားစု ရဲ့ လုထောင်က စီးပွားရေး နတ်ဘုရားကြီးရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့အလျှောက် သူ့ထက်မတော်ပေမယ့် ချူးယီ နီးပါးတော်သူ ဖြစ်လေသည်။ ဒါကြောင့် လုမိသားစု ရဲ့ နောက်တက်မယ့်ခေါင်းဆောင်က လုထောင် ဆိုတာ ပြောနေစရာကိုမလိုပေ ။ ထိုစဥ်မှာပဲ တစ်ကမ္ဘာလုံးမှာ ၃ စီးပဲ ရှိတဲ့အနက်ရောက် xxx ကားပေါ်ထွက်လာသည်။" wow... ဒါက အနက်ရောင်xxx ကြီးလားဟ "
ထိုကားထွက်ပေါ်လာမှုက ကြည့်ရှုသူအပေါင်းသာမက ပွဲအပြင်ဘက် က သတင်းထောက်တွေကို လည်းလှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။ သတင်းထောက်တွေက ကားပေါ်က ဘယ်သူဆင်းလာမလဲဆိုတာ သိချင်နေကြသည်။ ထိုစဥ် ကားတံခါးပွင့်လာကာ Suit အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်ကိုမြင်လိုက်တော့ သတင်းထောက်တွေနဲ့ တိုက်ရိုက်လွှင့်တာ ကြည့်နေကြတဲ့လူတွေပါ အသက်ရှုအောင့်ထားလိုက်ကြသည်။
ချူးယီကတော့ သတင်းထောက်တွေကိုဂရုမစိုက် ကားထဲက လက်ကလေးကို ဆွဲကာ ကောဇောနီ ပေါ် လက်လေးဆွဲကာ ဖြတ်လျှောက်သွားတော့သည်။ သတင်းထာက်တွေက ဓာတ်ပုံရိုင်ဖို့မေ့နေကာ နတ်ဘုရားကြီး ဆွဲထုတ်လာတဲ့ အလှလေးကိုသာ ငေးနေကြတော့သည်။ ချူးယီတို့ ဟိုတယ်ထဲ ဝင်သွားမှ သတိပြန်ကပ်ကြ ကာဘယ်သူမှ နတ်ဘုရားကြီး နဲ့သူရဲ့အလှလေး ရဲ့ပုံကို မရိုက်နိုင်ကြပေ။ချူးယီက ကောင်လေးရဲ့လက်က ချွေးတွေကို သူ့ရဲ့လက်ကိုင်ပါဝါနဲ့သုတ်ပေးကာ
" baby စိတ်မလှုပ်ရှားပါနဲ့ ။ ပုံမှန်အတိုင်လေးနေပါ"
ရှုဇီလန် ချူးယီ ရဲ့ baby ဆိုတဲ့ခေါ်သံကြောင့်
နားရွတ်လေးတွေရဲသွားကာ ချူးယီ ရဲ့ အကြည့်ကို ရှောင်နေလေသည်။ ချူးယီက သဘောတကျရယ်ကာ
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...