part6

128 15 0
                                    

warning ပေးပါတယ်နော်

တိတ်ဆိတ်တဲ့အခန်း စီးပွားရေး လုပ်ငန်းရှင်များအာလုံး ဝိုင်ခွက်ကိုင်ကာ  အကျိုးတူစီးပွားရေး အတွက် ချူးယီ နဲ့ စကားပြောရန် စောင့် ဆိုင်းနေကြသည်။ ချူးယီက တော့ သူနဲ့ စကားလာပြောတဲ့  လူ တွေအားလုံးကို စကားတစ်ခွန်းနှစ်ခွန်း ပြန်ပြောပေမယ့် စိတ်ထဲက တော့နှာခေါင်းရှုံ့နေသည်။ တချို့ လုပ်ငန်းရှင်တွေဆို သူတို့သမီးတွေပါ ပါလာကြသည်။  သူ့ကို သမက် ဖမ်းချင်နေကြတဲ့ လူတွေက များသားကို ။

"  တတိယဦးလေး.... "

ချူးယီ လှည့်ကြည့်တော့ သူ့နောက်မှာ ရပ်နေကြတဲ့ ရုပ်ချင်းဆင်တူတဲ့ မိန်းခလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။

" အင်း မင်းတို့ မပြန်ကြသေးဘူးလား "

ကောင်မလေးနှစ်ယောက်က ချူးယီ ရဲ့ ဒုတိယ အကိုရဲ့ အမွှာ သမီးနှစ်ယောက်။ တစ်ယောက်က ချူးရန်ရန် ဖြစ်ပြီး နောက်တစ်ယောက်က ချူးစီစီ ။

" ဟုတ် ဝမ်းကွဲမောင်လေးက တတိယဦးလေးဆီ ကို လာချင်လို့တဲ့ သမီး တို့ကို ပြောခိုင်းနေတာ  "

ချူးစီစီ က သစ်ပင်နောက်မှာ ကွယ်ရပ်နေကာ သူ့ကိုချောင်းကြည့်နေတဲ့ ကလေးကို ညွှန်ပြ လိုက်တယ်။ ချူးရှောင်ထုံက သူ့ကို ချောင်းကြည့်ပြီး ချူးယီ ပြန်ကြည့်လိုက်တော့ ဟိုဘက်ကို ထွက်ပြေးသွားတော့သည်။

" ရပြီ မင်းတို့ သွားကြတော့ အရမ်းနောက်ကျနေပြီ "

" ဟုတ် "

ချူးရန်ရန် နဲ့ ချူးစီစီ ထွက်သွားတော့ ချူးယီ ထိုင်နေရာက ထကာ အိမ်တော်ထိန်းကို လှမ်းခေါ်လိုက်သည်။

" တတိယသခင်လေး "

အိမ်တော်ထိန်း ကခေါင်ငုံ့ကာနှုတ်ဆက်လိုက်သည်။ ချူးယီ  ခေါင်းငြိမ့်လိုက်ကာ

" အိမ်က ကလေး တွေ ကိုဘာလို့ အိပ်ဖို့မခေါ်ကြတာလ ။ ရှောင်ထုံက အသက် ၅ နှစ်ပဲရှိသေးတယ် ။ အရမ်းနောက်ကျနေပြီ ။"

" တောင်းပန်ပါတယ် တတိယသခင်လေး ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ် ။ "

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now