K ကလပ်ရဲ့သီသန့်အခန်းထဲမှာ ဆေးလိပ်အငွေ့တွေမွှန်ထူနေသည်။ ထိုအခန်းထဲမှာရှိတဲ့လူ၅ ယောက်ဟဒုတိယမျိုးဆက်သူဌေးသားတွေပင်။ထို၅ ယောက်ထဲမှာ လဲ့ဖေးအပါအဝင်ဖြစ်သည်။
" တာ့ရှောက် ဒီနေ့ည ပြီးရင်ဘယ်ကို သွားကြမလဲ ကာရာအိုကေ သွားမလား"
ဆေးလိပ်သောက်နေတဲ့ တာ့ရှောက်က လဲ့ဖေးကိုကြည့်ကာ
"ရှောင်ဖေး မင်းကောဘယ်လိုလဲ "
လဲ့ဖေးက စိတ်နဲ့လူနဲ့ သိပ်မကပ်တာကြောင့်
" ငါမလိုက်တော့ဘူး ဒီည ချူးထင်းရန် ပြန်ရောက်မှာငါအစောပြန်ရမှာ"
တာ့ရှောက်နဲ့ ကျန်တဲ့လူငယ်တွေက နှာခေါင်းရှုံ့လိုက်ကာ
"အဲဒီ ချူးထင်းရန် က တအားလွန်တယ် မင်းကိုဂရုကောစိုက်ရဲ့လား ။ ချူးမိသားစု မှာ ချူးထင်းရန် က သူ့ဦးလေး ၃ ကိုမယှဥ်နိုင်ဘူး။ ချူးယီဆိုတာ ငါတို့နိုင်ငံရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကွ ။ ချူးယီသာ ချူးမိသားစုကိုဦးဆောင်မယ်ဆိုရင် ချူးအဘိုးကြီးက သူကိုယ်တိုင် ချူးမိသားစုခေါင်းဆောင်နေရာပေးမယ်လို့ ငါကြားတယ်။"
တာ့ရှောက်ရဲ့ စကားကြောင့် လဲ့ဖေး ရဲ့မပျော်ရွှင်ဖြစ်နေတဲ့မျက်နှာက အပြုံးရေးရေးလေးပေါ်လာသည်။ လဲ့ဖေးက တိုးတိုးလေးပြောလိုက်ကာ
" ဟုတ်တယ် ချူးယီက တအားတော်တယ်"
ပြီးတော့ ငါ့အကြိုက် လို့ စိတ်ထဲက ရေရွတ်လိုက်သည်။သူဘာကြောင့် ချူးယီနဲ့အရင်မတွေ့ပဲ ရှု့ဇီလန်က ချူးယီနဲ့အရင်တွေ့ရတာလဲ ။ ပို၍တွေးလေ ပိုပြီးမကျေနပ်လေဖြစ်သည်။
" ဒါပေမယ့် ဥက္ကဌ ချူး ရဲ့ ဇနီးက ငါတို့ကျောင်းရဲ့ ဂျူနီယာ ထင်တယ်။ ငါစဥ်းစားနေတာ ဘာလို့များချောမောခန့်ငြားတဲ့ကောင်လေးတွေမှန်သမျှဂေးနေရတာလဲလို့။ကြာရင်အိမ်ထောင်မကျတဲ့မိန်းခလေးတွေအရေအတွက်များလာမယ်ထင်တယ်"
၄ယောက်ထဲက တာ့ရှောက် ဘေးက ချင်းရွှမ်က ဆိုလိုက်သည်။သူ့ပုံစံက ကူကယ်ရာမဲ့နေကာ
" အင်း... ငါတို့အဖွဲ့ထဲမှာ ရှောင်ဖေးက ချောပေမယ့် ဟေ့ရောင်ရေ ဥက္ကဌချူးရဲ့ ကောင်လေးကတအားချောတာ ။ဘယ်လိုပြောရမလဲ သူ့ပုံစံက ရှဥ့်သေးသေးလေးနဲ့တူတယ်"
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...